ဘရာဇီးသား အဖွဲ့ထဲကို  လာခဲ့စမ်းပါ ပါကေးတာ ရာ – ကင်းဘဲလ်

အသင်းတစ်သင်းမှာ ကစားသမားကောင်းတွေ အများကြီး အမြဲတမ်းမရှိနိုင်ပါဘူး။ ဒါ့ကြောင့် အာဆင်နယ်ဟာ လိုင်ယွန်ကစားသမား လူးကပ်စ်ပါကေးတာကို ခေါ်ယူနိုင်တယ်လို့ ကီဗင်ကမ်းဘဲလ်က ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ နွေမှာ ဘန်ဝှိုက်၊ ရမ်စ်ဒေးလ်၊ အိုဒီဂတ်အစရှိတဲ့ ကစားသမားတွေခေါ်ယူခဲ့သလို ဒီနှစ်နွေမှာလည်း ဂျေးဆု၊ ဇင်ချန်ကို၊ ဗီအဲရာ၊ မာကွင်ဟို၊ မတ်တာနာစတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဈေးကွက်မပိတ်သေးခင်မှာ အာဆင်နယ်ဟာ နောက်ထပ်ကစားသမားအသစ်တွေကို ထပ်မံခေါ်ယူနိုင်ချေ ရှိနေပါတယ်။ လာမယ့်ရာသီတွေမှာ အောင်မြင်မှုတွေ ရယူဖို့အတွက် အသင်းရဲ့ လူစာရင်းအင်အားတောင့်တင်းမှုဟာ အဓိကကျတဲ့ အချက်တစ်ခုဖြစ်လာမှာပါ။

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ လိုင်ယွန်ကွင်းလယ်ကစားသမား လူးကပ်စ်ပါကေးတာ ပါ၀င်နေခဲ့ပြီး လိုင်ယွန်ကလည်း နောက်ဆုံးမှာတော့ သူတို့ရဲ့ ကစားသမားကို ရောင်းခိဖို့ ပြင်ဆင်နေပါတယ်။

Advertisements

အသင်းရဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ ရှိနေပေမယ့် ကမ်းဘဲလ်ကတော့ ဘရာဇီးလ်လက်ရွေးစင်ကို အာဆင်နယ်ဂျာစီနဲ့ မြင်တွေ့လိုနေပါတယ်။ Football Insider နဲ့ တွေ့ဆုံမှုမှာတော့ ကမ်းဘဲလ်က 

“ဟေ့ ပါကေးတာရေ ၊ Brazilian revolution ကို လာပြီး join စမ်းပါကွာ (Brazilian revolution ဆိုတာက အာဆင်နယ်ဟာ ဂျေးဆု၊ မာတင်နယ်လီ၊ ဂါဘရီယယ်၊ မာကွင်ဟိုစတဲ့ ဘရာဇီးလ်ကစားသမားတွေနဲ့အသင်းကို ပြန်လည်တည်ဆောက်နေတာက်ု ဆိုလိုတာပါ)၊ ဒါဟာ လန်ဒန်မှာ ဖြစ်နေတယ်၊ ဒါဟာ အာဆင်နယ်မှာ ဖြစ်နေပါတယ်။”

အထူးသဖြင့် လက်ရှိမှာ ကစားသမားငါးယောက်အထိ လဲလှယ်ခွင့်ရှိနေတဲ့ စည်းမျဉ်းအရ ကစားသမားကောင်းတွေ အသင်းမှာ အလုံအလောက်ရှိနေတယ်ဆိုတာ မရှိတော့ပါဘူး

ပတ်ကွီယေတာ၊တိုင်လ်မန်းတို့ကို ခေါ်ယူပြီး အာဆင်နယ်ဟာ အပြောင်းအရွှေ့ဈေးကွက်ကို မှန်ကန်စွာ အဆုံးသတ်နိုင်ပါတယ်။ဒီကွင်းလယ်လူ‌တွေဟာ မတူညီတဲ့ အရာတွေကို ပြုလုပ်နိုင်သူတွေပါ လို့ ဆိုပါတယ်။

လတ်တလောအနေအထားအရ အာဆင်နယ်တို့ဟာ ပုံစံကောင်းရရှိနေပေမယ့်  ကွင်းလယ်ကစားသမားတစ်ယောက်ထပ်ရောက်လာမှသာ တစ်ရာသီလုံးစာအတွက် စိတ်ချရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: