နောက်ဆုံးရ အာဆင်နယ်သတင်းများ (8Aug)

ပေပေကိုအရင်ရောင်းရမယ်လို့ အွန်းစတိန်းပြော

ဂန်းနားတို့ဟာ တောင်ပံကစားသမားတစ်ယောက်လိုချင်နေပေမယ့် အသင်းက ကစားသမားတွေရောင်းထုတ်ဖို့ကလည်း အရေးကြီးကြောင်း သတင်းထောက် အွန်းစတိန်းက ဆိုပါတယ်။

“ အာဆင်နယ်က ကစားသမားတွေထပ်ခေါ်ချင်နေတုန်းပါ … ကျွန်တော့်အထင် သူတို့တွေက တောင်ပံကစားသမားတစ်ယောက်ထပ်လိုချင်နေကြပါတယ်။ ဒါဆိုရင် အားလုံးအတွက် ကျေနပ်ကြမယ့်ပုံပါ။ မေးစရာမေးခွန်းကတော့ ဘယ်တောင်ပံကစားသမားလဲ ဆိုတဲ့အချက်ပါ။ သူတို့တွေရာဖင်ဟာ ကိုလိုချင်ခဲ့ကြပေမယ့် အဆင်မပြေခဲ့ပါဘူး …  ပြီးတော့ ပေပေ ထွက်သွားဖို့ကလဲ  လိုအပ်နေပါသေးတယ်  ..  “ လို့ထောက်ပြလာခဲ့တာပါ။

တီယာနေးဟာ အာဆင်နယ်အတွက် ပြဿနာတစ်ရပ်ဖြစ်တယ်လို့ ကာရေဂါ ဝေဖန်

Sky Sports ရဲ့တင်ဆက်သူဖြစ်တဲ့ ကာရေဂါက  တီယာနေးဟာ အာဆင်နယ် အတွက်ပြဿနာတစ်ရပ်ဖြစ်လာပြီလို့ ဝေဖန်ခဲ့ပါတယ်။ ပရိတ်သတ်အချစ်တော် စကော့တလန်သားဟာ ခြေစွမ်းကောင်းမွန်ပေမယ့် မကြာခနဒဏ်ရာရမှုကြောင့် အသင်းဟာ ဟန်ချက်တွေပျက်နေခဲ့ပြီး ၊ ယခုနှစ်ရာသီမှာလည်း သူ့ရဲ့နေရာဖြစ်တဲ့ ဘယ်တောင်ပံ ခံစစ်မှာ ကစားသမားသစ်ဖြစ်သူ ဇင်ချန်ကို က ဝင်ရောက်ကစားကာ ခြေစွမ်းပြသွားခဲ့တာဖြစ်ပါတယ်။

 ဘိုဝင်ကို မေးမြန်းခဲ့ပေမယ့် သာမာန်စုံစမ်းမှုသာဖြစ်တယ်လို့   သတင်းထောက်ပြော

တောင်ပံကစားသမားတစ်ယောက်လိုအပ်နေဆဲဖြစ်တဲ့ အာဆင်နယ်တို့ဟာ  ဝက်စ်ဟမ်းရဲ့ ဘိုဝင်ကို စုံစမ်းခဲ့ပေမယ့် ၊ ကနဦးအဆင့်ထက်မပိုကြောင်း CBS  သတင်းထောက် Ben Jacob  က ပြောဆိုသွားခဲ့ပါတယ်။

“ အာဆင်နယ်အပါအဝင် ဘိုဝင်ကို စိတ်ဝင်စားနေတဲ့အသင်းတွေများစွာရှိပါတယ်။ ဒါပေမယ့် အားလုံးက စုံစမ်းမှုသက်သက်ပါပဲ။ ဝက်စ်ဟမ်းတို့ကလဲ မရောင်းချင်သလို အာဆင်နယ်ကလဲ အခြေအနေကို မေးရုံပဲရှိတာပါ .. ကျွန်တော်တို့ ဒီလိုပဲသိထားပါတယ် “  လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

လူငယ်အသင်းကစားဖော်ကို အားပေးခဲ့တဲ့ လီယာအို

အေစီမီလန်တောင်ပံကစားသမား ရာဖေးလီယာအိုက  အာဆင်နယ်ကနေ မာဆေးလ်မှာ အငှားထွက်ကစားနေတဲ့  တာဗာရက်စ်ကို “ မင်းအကြောင်းသိအောင်ပြလိုက်စမ်း “ ဆိုပြီးဆိုရှယ်မီဒီယာကနေ တဆင့်အားပေးသွားခဲ့ပါတယ်။ အဆိုပါ ပေါ်တူဂီလူငယ် ကစားသမား ၂ ဦးဟာ  U21  မှာ အတူကစားခဲ့ကြသူတွေဖြစ်ပြီး  ၊ လီယာအိုကလည်း အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါသေးတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ကိုဒီဂတ်ပိုကို ဒီနွေမှာ ခေါ်ယူနိုင်မှာ မဟုတ်သေးတဲ့ အာဆင်နယ်

တောင်ပံကစားသမားတစ်ဦးကို ရှာဖွေနေတဲ့ အာဆင်နယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် သူတို့ရဲ့ ပစ်မှတ်ကစားသမား ကိုဒီဂတ်ပိုကို ခေါ်ယူဖို့ ဒီနွေမှာ ခေါ်ယူနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ ရာသီမှာ PSV အသင်းနဲ့အတူ တောက်ပခဲ့တဲ့ ကိုဒီဂတ်ပိုဟာ ဒီနွေမှာ အသင်းကြီးတွေရဲ့ မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ကစားသမားကတော့ ကမ္ဘာ့ဖလား‌ပြိုင်ပွဲမှာ ပါ၀င်ခွင့်ရဖို့ မျှော်‌လင့်နေပြီး ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ PSV မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားပါတယ်။ဒါ့ကြောင့် အာဆင်နယ်အနေနဲ့ ကိုဒီဂတ်ပိုကို ခေါ်ယူဖို့ နောက်လာမယ့် အပြောင်းအရွှေ့ ကာလတွေမှသာ ဆက်လက်ကြိုးစားရဖို့ ရှိနေပါတယ်။ အသက်၂၃နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီ နယ်သာလန်လိဂ်မှာ ၂၇ပွဲကစားပြီး ၁၂ဂိုးသွင်း၊ ၁၃ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: