ပွဲဦးထွက်နဲ့ အာဆင်နယ် (Post Match Review)

 ရှုံးနိမ့်နေကျအရာတွေကို တွန်းလှန်နိုင်ခြင်းဟာ  မတူကွဲပြားသောရလဒ်များအတွက် ပထမခြေလှမ်းလို့ပဲဆိုကြပါစို့။ စာရေးသူဟာ အာဆင်နယ်အသင်းရဲ့  ပထမဆုံးပွဲစဥ်ကို တိုက်ရိုက်ကြည့်ရှုဖို့အခွင့်မသာခဲ့။ သို့သော် ပထမပိုင်းပြတ်တောင်းတောင်းနဲ့ ဒုတိယပိုင်း မိနစ် ၂၀ ခန့်ကိုတော့ မှီလိုက်ပါတယ်။ အဲ့ဒီတော့ ဘောလုံးပွဲနဲ့အဝေးက ဘောလုံးပရိသတ်ဖြစ်ခဲ့ရတာပေါ့။

အသင်းကြီးတွေအခက်တွေ့လေ့ရှိတဲ့ခပ်ကြမ်းကြမ်းကစားပုံ ၊ ပိတ်ဆို့ကစားပုံတွေကို အာဆင်နယ်တို့ရင်ဆိုင်ခဲ့ရပါတယ်။ ပဲလေ့စ်တို့ဟာ ပွဲချိန်တွင်း​ဂန်းနားတို့ရဲ့ ထိုးဖောက်မှုတွေကို  ၄ ယောက်တန်း  ၂ တန်းလုံး ပင်နယ်တီဧရိယာထဲမှာ ပိတ်ဆို့ထားပြီးခုခံခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တွဲလုံးတွေကနေမနှစ်ကလိုဂိုးတွေရဖို့ပြင်ဆင်ခဲ့ပုံပါပဲ။​ဒါပေမယ့် ဒီတစ်ခါတော့ ဗီအဲရာထက် အာတီတာက ပိုအလုပ်ဖြစ်သွားခဲ့ပါတယ်။  ဒုတိယဂိုးဆိုရင်  ပိတ်ဆို့ထားခြင်းရဲ့ အကျိုးဆက်ပါဖြစ်သွားခဲ့ရပါတယ်။

ပွဲပြီးတော့ အာတီတာက အခုလိုပြောပါတယ်။

“ ကျွန်တော်တို့အတွက် ဒီပွဲရဲ့တစ်ခုထဲသော ပြောစရာဖြစ်ခဲ့တာက သွင်းဂိုးအရေအတွက်ပါပဲ .. ကျွန်တော်တို့ ဒီထက်ပိုပြီး များများသွင်းနိုင်ခဲ့သင့်ပါတယ်။ အခွင့်အရေးတွေလည်းအများကြီးရခဲ့တယ်။ ဒါပေမယ့်လည်း ၉၅ မိနစ်ဆိုတဲ့အချိန်မှာ ဒီလောက်ထိတော့မျှော်လင့်လို့မရဘူးပေါ့  “  ဆိုပြီး   Media တွေကို စပိန်သားကပြောခဲ့ပါတယ်။

တကယ်လည်း မာတင်အိုဒီဂတ်နဲ့ မာတင်နယ်လီတို့သာ ဂိုးသွင်းသေချာခဲ့ရင် ၊ ဒါမှမဟုတ်ခုထက်ပိုပြီး အတွေးမမှားခဲ့ရင် အာဆင်နယ်တို့  ၀ – ၄ အထိဖြစ်သွားနိုင်ပါတယ်။ သို့သော် ဒီအချက်ကို အပြစ်ပြောဖို့ထက်  ရင့်ကျက်တဲ့ခြေစွမ်းနဲ့ ဆာလီဘာ ၊ ဇာဟာကို အိတ်ထဲထည့်ပြထားတဲ့ ဘန်ဝှိုက် အပါအဝင် ပွဲဦးထွက်ကတဲက ခြေပေါ်ခဲ့တဲ့ ဇင်ချန်ကို ၊ လူစားဝင် တီယာနေး နဲ့ အန်ကတ်တီးယား  … တသင်းလုံးကို ချီးကျူးရမှာဖြစ်ပါတယ်။

Advertisements

ပဲလေ့စ်နဲ့ပွဲဟာ ဂန်းနားတို့အတွက်လွယ်လွယ်တော့မဟုတ်ခဲ့ပါဘူး။ ကစားအားကျသွားတဲ့အချိန်တွေမှာ ပဲလေ့စ်အသင်းရဲ့ ပြန်လည်ဖိအားပေးမှုတွေ၊ ရမ်းစ်ဒေးလ်ဆီကနေ အကောင်းဆုံးလုပ်ဆောင်ချက်တွေကို မြင်ရတဲ့အထိကို  တဖက်အသင်းရဲ့ ကစားပုံကလည်းအားကောင်းတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ ရလဒ်ကောင်းခဲ့ပါတယ်။  ဒုတိယဂိုးဟာလည်း ပြိုင်ဖက်နဲ့ထိပြီးဝင်သွားတာဆိုပေမယ့်  အာဆင်နယ်တို့ရဲ့ ကစားပုံကြောင့် တဖက်နောက်တန်းပြိုခဲ့တာလို့ပြောနိုင်ပါတယ်။

 အာဆင်နယ်အသင်းနဲ့ပတ်သတ်ပြီး မကြာခနပွဲဆူစေတတ်တဲ့ အဘွန်လဟော်ကလည်း သူသာဆိုရင်  ဂါဘရီယယ်နဲ့ ဆာလီဘာတို့ကိုရင်ဆိုင်ကစားရမှာကို မုန်းမိမှာဖြစ်ကြောင်း  ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အတွက်တော့ အဖက်ဖက်မှာအဆင်ပြေတဲ့ပွဲဦးထွက်ဖြစ်ခဲ့ပါပြီ။

မနှစ်က ဘရိုက်တန်ကိုအရှုံးနဲ့ရင်ဆိုင်ပြီးစခဲ့ရတဲ့ ပွဲနဲ့တော့မတူကွဲပြားစွာစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အမြဲအခက်တွေ့နေကျကစားသမားတွေကို ထိမ်းနိုင်ခဲ့တယ်။ အမှတ်ဆုံးနေကျ အသင်းကို အနိုင်ရခဲ့တယ်။ ဒါတွေဟာ တစ်ရာသီလုံးအတွက် ဘာမှသက်ဆိုင်ခြင်းတော့မရှိသေးပေမယ့်  လှေခါးပေါင်း ၃၈ ထစ်အနက်  ချော်လဲခဲ့ဖူးသော တစ်ထစ်ကိုတော့ အောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: