မော်ဂန်မကြိုက်သောအာဆင်နယ်

ဒင်းနစ်ဘားကင့်ပြောခဲ့တဲ့စကားကို အဓိပ္ပါယ်ကောက်ရရင် လူတွေဟာ သူတို့ ရဲ့ ရှင်သန်မှု ၊ ခံယူမှုတွေနဲ့ကိုက်ညီတဲ့ အသင်းကို ရွေးချယ်အားပေးကြတာပါပဲ။ အနေကြာလာရင် သံယောဇဥ်ဖြစ်တတ်တဲ့ သဘောအတိုင်း ၊ မိမိရွေးချယ်ခဲ့သောအသင်းက ကိုယ်ဖြစ်ချင်တာတွေ မဖြစ်တော့သည့်တိုင်အောင်ဆက်လက်အားပေးခြင်းကနေတဆင့် ဒေါသသင့်သော ၊ ထိုထက် အနဲငယ်အားပျော့ရင်တော့ အားမလိုအားမရဖြစ်သော အားပေးခြင်းဆိုတာ ဖြစ်ပေါ်လာခဲ့တော့တာပါပဲ။

All or nothing document ရဲ့ Trailer အပိုင်းတစ်ခုမှာ အင်ဖီးလ် ကွင်းကိုသွားပြီးရင်ဆိုင်ဖို့ In Stadium Atmosphere  ကိုဖန်တီးပြီး အသင်းသားတွေကို လေ့ကျင့်စေတဲ့ အာတီတာရဲ့ စီမံမှုကို ပြသခဲ့ပါတယ်။ ဒီအကြောင်းအရာအပေါ်မှာ အမြင်မျိုးမျိုးရှိကြတဲ့အနက်  အာဆင်နယ်အသင်းပရိတ်သတ်ဖြစ်တဲ့  နာမည်ကျော် တင်ဆက်သူ ပီးယားစ်မော်ဂန်ကတော့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ သူက အခုမှဝေဖန်တာတော့မဟုတ်ပါဘူး။

အာတီတာရဲ့လုပ်ရပ်တွေက ရီစရာကောင်းတယ်လို့ ပီးယားစ်မော်ဂန်က မှတ်ချက်ချရင်  ၊  ရိုနယ်ဒိုလို ကစားသမားမျိုးကို အာဆင်နယ်လာကစားဖို့ ခေါ်နေတဲ့ ၊ Elite အလွှာကို အားတက်သရော မျှော်ကိုးနေတဲ့  မော်ဂန်ဟာလည်း ရီစရာဟာသတစ်ခုဖြစ်ပါတယ်။ မော်ဂန်ဟာ အာဆင်နယ်အသင်းကို သူဖြစ်ချင်နေတဲ့ ပုံစံအဖြစ် မြင်လိုနေတာသာဖြစ်ပါတယ်။ အကယ်၍ အာဆင်နယ်အသင်း အောင်မြင်မှုတွေရခဲ့ရင်လည်း သူကျေနပ်မှာမဟုတ်ပါဘူး။ သူမြင်လိုတဲ့အာဆင်နယ်အသင်းဟာ High Profile  Player တွေနဲ့ပြည့်နှက်နေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ လက်ရှိအာဆင်နယ်ရဲ့ လမ်းကြောင်းဟာ သူဖြစ်ချင်တာ လုံးဝမဟုတ်ပါဘူး။

Advertisements

အခုလိုဆိုလိုက်ရင် အာဆင်နယ်ကို ကာလရှည်အားပေးခဲ့ပြီး အောင်မြင်မှုတွေနဲ့ယဥ်ပါးခဲ့သော ပရိတ်သတ်များဟာ အကိုးအကားပေါင်းများစွာနဲ့ ပြောဆိုကြဦးမှာပါ။ ဒါပေမယ့်  အွန်နရီတို့ခေတ်အကြောင်းပြန်ပြောရင် ၂၀၁၀  ကာလာများမှာ ရှင်ဘုရင်များဖြစ်ခဲ့ကြတဲ့ Black Berry နဲ့  ​Nokia တို့ဘာဖြစ်သွားပြီလဲ ၊  Alternative Rock သီချင်းတွေရဲ့ Down String Intro တွေ ခေတ်စားသေးလားဆိုတာကိုလည်း တပါထဲ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် ထိုကာလထက်ပိုပြီး ရှေ့ကျတဲ့ ကိစ္စတွေကိုလည်းပြန်လည်တမ်းတနေတာတွေကို ရပ်တန်းကရပ်သင့်ပြီဖြစ်ပါတယ်။

မော်ဂန်ကိုလဲ အပြစ်ဆိုစရာမရှိပါဘူး။ သူရဲ့ Professional မှာ ကမ္ဘာ့ထိပ်သီးတွေနဲ့ ရင်ဆိုင် ပြောဆိုနေသူအဖို့ သူ့ရဲ့ရှင်သန်မှုနဲ့ကိုက်ညီတဲ့ ပုံစံကိုသာ တိမ်းညွတ်ပြီးတွေးခေါ်တာဟာ ပုံမှန်သာဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတွေဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် ခေတ်ဟာ ပြောင်းလဲနေပါတယ်။ ရေစီးကြောင်းတွေဟာ စီးဆင်းနေပါတယ်။ အာဆင်နယ်အသင်းရဲ့တည်ဆောက်ခြင်းခရီးစဥ်အောင်မြင်မလား ၊ မအောင်မြင်မလားဆိုတာက သီးသန့်ကိစ္စဖြစ်ပါတယ်။ သို့သော်  ယနေ့ခေတ်ဘောလုံးကမ္ဘာနဲ့ကိုယ့်ရဲ့ရပ်တည်မှုကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: