နှလုံးသားထဲ ထိုးဖောက်လာပြီဖြစ်တဲ့ ဆာလီဘာ

ခြေစမ်းပွဲစဥ်တွေမှာ အကောင်းဆုံးကစားပြရင်း ဝီလျံဆာလီဘာတစ်ယောက် အသင်းပရိတ်သတ်တွေနဲ့ အသားတကျရှိရုံမက ဂန္တဝင်တွေ ၊ အသင်းဖော်တွေ ရဲ့ ချီးကျူးမှုကိုပါ စတင်ရရှိနေပြီဖြစ်ပါတယ်။  အသင်းအကြောင်းအမြဲလိုလို ဖွင့်ဟတတ်တဲ့ ကီဗင်ကမ်းဘဲလ်ကတော့ ဆာလီဘာဟာ အာဆင်နယ်နဲ့ နှစ်ရှည်စာချုပ်သစ်တစ်ခု သေချာပေါက်ချုပ်ဆိုလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

သူဟာ အာဆင်နယ် အနာဂတ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်ဆိုတာ ပြောနိုင်ပါတယ်။အာဆင်နယ်ဟာ ပြင်သစ်မြေမှာပြသခဲ့တဲ့ သူ့ရဲ့ တိုးတက်မှုကို သဘောကျနေပြီး သူတို့ရဲ့ကစားသမားအကြောင်းကိုလည်း သူတို့သိပါတယ်။

၂၀၁၉ခုနစ်ကတည်းက ဆာလီဘာဟာ အာဆင်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာ‌ခဲ့ပေမယ့် ခုထိ အသင်းအတွက် ပွဲထွက်ကစားခွင့် မရသေးပဲ ပြီးခဲ့တဲ့ သုံးရာသီဆက်တိုက် အငှားထွက်ကစားခဲ့ရပါတယ်။

မနှစ်က မာဆေးလ်နဲ့အတူ လီဂူး၀မ်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာလီဘာကို အာဆင်နယ်ဟာ ဒီနွေမှာတော့ အမ်းမရိတ်ဆီ ပြန်ခေါ်ဆောင်ခဲ့ပါတယ်။ရာသီကြိုပွဲစဉ်တွေမှာ အသင်းအတွက် ခြေစွမ်းပြကစားထားနိုင်တဲ့ ဆာလီဘာရဲ့ ခြေစွမ်းကို ပရိသတ်တွေက သဘောကျနှစ်သက်နေကြပါတယ်။ လာမယ့် ရာသီမှာလည်း ဆာလီဘာဟာ အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖို့ ရှိနေပါတယ်။

Advertisements

ဆာလီဘာဟာ အသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ် ကျန်ရှိသေးပြီး အာဆင်နယ်ဟာ သူ့ကို နှစ်ရှည်စာချုပ်တစ်ခုချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အသင်းအတွက် လုံလုံလောက်လောက်ကစားခွင့်မရသေးတဲ့အတွက် ဆလီဘာဟာ စာချုပ်သစ်ကို လက်ခံပါဦးမလားလို့ စိတ်ပူစရာတော့ရှိနေပါတယ်။

ဒါပေမယ့် ကီဗင်ကမ်းဘဲလ်ကတော့ ဆလီဘာဟာ စာချုပ်သစ်မှာ လက်မှတ်ထိုးပြီး အသင်းမှာ ကာလရှည်ဆက် ရှိနေမှာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

စာချုပ်သစ်က ပြီးမြောက်သွားမှာပါ။အာဆင်နယ်ဟာ သူတို့ကစားသမားရဲ့ တန်ဖိုးကို ကာကွယ်ဖို့ လိုပါတယ်။အာဆင်နယ်ဟာ သူတို့ရဲ့ကစားသမားကို အသင်းမှာ နောက်ထပ်လေး၊ငါးနှစ် ဆက်ရှိနေမှာ သေချာအောင်လုပ်နေပါတယ်

သူ အခြားဘယ်ကိုမှ သွားမှာ မဟုတ်ပါဘူး။ကြိုမြင်နိုင်တဲ့ အနာဂတ်ကာလတစ်ခုအထိ သူဟာ အာဆင်နယ်မှာပဲ ရှိနေမှာပါ

ကင်းဘဲက ယုံကြည်နေသလို ဆာလီဘာကလည်း အသင်းမှာ နေရာသာပုံမှန်ရရင် ဆက်ရှိနေမယ့် ပုံပါပဲ။ ကစားဖော်ဖြစ်တဲ့ ဆမ်ဘီလိုကွန်ဂါကလည်း  ဆာလီဘာဟာ သူထင်မှတ်ထားတာထက်ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ ပြင်သစ်သားလေးဟာ အသင်းရွေးချယ်မှုပြုလုပ်နေချိန်တုန်းက ပရိတ်သတ်အချို့ရဲ့  မချိတင်ကဲ ပြောဆိုမှုနဲ့ ကြုံခဲ့ရပေမယ့် ခြေစမ်းပွဲတွေကစားပြီးချိန်မှာတော့  အားလုံးနဲ့အသားတကျရှိလာပုံပါပဲ။

Advertisements
Advertisement

Leave a Reply

%d bloggers like this: