ဂန်းနားပလေယာတွေအပေါ် စပါးကစားသမားဟောင်း အိုဟားရားရဲ့ အမြင်များ

ရှာကာနဲ့ ပတ်သက်လာရင် အသင်းရဲ့ ပရိသတ်တွေမှာမတူညီတဲ့ အမြင်တွေ ရှိနေနိုင်ပါတယ်။အရေးကြီးတဲ့ ပွဲစဉ်အချို့မှာ အနီကဒ်နဲ့ ထုတ်ပယ်ခံရလေ့ရှိတဲ့ ရှာကာကြောင့် အသင်းဟာ တစ်ယောက်လျော့အနေအထားနဲ့ ရလဒ်ဆိုးတွေရရှိဖူးတာကြောင့် အသင်းရဲ့ ပရိသတ်အချို့ကတော့ ရှာကာရဲ့ အန္တရာယ်များတဲ့ ကစားဟန်ကို သဘောကျနှစ်သက်မှာ မဟုတ်ပါဘူး။

၂၀၁၆မှာ အာဆင်နယ်ကို ‌အမ်းမရိတ်ကို ရောက်ရှိလာခဲ့တဲ့ ရှာကာဟာ အာဆင်နယ်ကစားသမားဘ၀နဲ့ အနီကဒ်ငါးကဒ်အထိပိုင်ဆိုင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကာလမှာလည်း ရှာကာဟာ ရိုးမားကို ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့ပေမယ့် အာတီတာကတော့ ဆွစ်ဇာလန်သားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ နားချနိုင်ခဲ့ပါတယ်။

Advertisements

လက်ရှိအချိန်မှာ ရှာကာဟာ သူရဲ့ကစားသမားဘ၀ တစ်လျှောက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာ ဖြစ်ပါတယ်။ကွင်းလယ်မှာ ပါတေးနဲ့ တွဲဖက်ပြီး တည်တည်ငြိမ်ငြိမ်နဲ အကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပါတယ်။ပရိသတ်တွေနဲ့ ပြဿနာတက်ပြီး ကပ္ပတိန်ရာထူးကို ဆုံးရှုံးခဲ့ဖူးတဲ့ ရှာကာဟာ မနှစ်ကဘောလုံးရာသီမှာတော့ အသင်းရဲ့ ပရိသတ်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယိ။

ဒါပေမယ့် စပါးကစားသမားဟောင်းဖြစ်သူ အိုဟားရားကတော့ လက်ရှိအချိန်ဟာ ရှာကာကို အသင်းကနေ ရှင်းထုတ်ရမယ့် အချိန်ဖြစ်တယ်လို့ Talk Sport နဲ့ တွေ့ဆုံမြှမှာ ဆိုပါတယ်။

အသင်းကနေ ထုတ်ပစ်လိုက်စမ်းပါ။ပွဲကြီးတွေမှာဆိုရင် သူဟာ အသင်းကို စိတ်ပျက်အောင်လုပ်တတ်ပါတယ် .. အာဆင်နယ်ဟာ ဒီနွေမှာ ခေါ်ယူလိုက်တဲ့ ကစားသမားတွေ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် .. ဒီတော့သူ့(ရှာကာ)ကို အသင်းကနေ ထုတ်ပစ်လိုက်ပါတော့။ အချိန်ကျပါပြီ

ရှာကာဟာ တစ်ခါတစ်လေ သူရဲ့ အရဲစွန့်တတ်တဲ့၊စွန့်စားတတ်တဲ့ ကစားဟန်ကြောင့် အနီကဒ်ပြစ်ဒဏ်တွေ ထိလေ့ရှိပေမယ့် အသင်းရဲ့ စီနီယာအကျဆုံးကစားသမားဖြစ်တာကြောင့် အ၀တ်လဲခန်းထဲမှာ ဩဇာအာဏာကြီးသူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ခြေစွမ်းကောင်းတွေ တောက်လျှောက်ပြသထားနိုင်တဲ့ ကစားသမားဖြစ်တာကြောင့် ဆွစ်ဇာလန်သားကို အမ်းမရိတ်မှာ ဆက်ထိန်းထားနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ရှာကာအနေနဲ့ လာမယ့်ရာသီမှာမလိုအပ်ပဲ အနီကဒ်တွေ ထပ်မယူဖို့ပဲ ဆုတောင်းရမှာပါ။

ထိုနည်းတူစွာ   ဂျေမီအိုဟားရားက အာဆင်နယ်ဟာ တီယာနေးကို ဘယ်တော့မှ ရောင်းချမှာ မဟုတ်ဘူးလို့လဲ ဆိုပါတယ်။တီယာနေးဟာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏကြုံတွေ့ရသူဖြစ်ပေမယ့် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လိမ့်မယ်လို့ သူ့ရဲ့အမြင်ကို ပြောလာပါတယ်။

စကော့တလန်သားဟာ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဆဲလ်တစ်ကနေ သူ့ကို ခေါ်ယူခဲ့တာဟာ အာဆင်နယ်အတွက် များစွာ အကျိုးရှိခဲ့ပါတယ်။ တီယာနေးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားသင့်လား၊ ရောင်းထုတ်သင့်လားဆိုတဲ့ မေးခွန်းကို အိုဟားရားက ခုလို ဖြေကြားခဲ့ပါတယ်။

ကျွန်တော်တို့ ဒီ‌အကြောင်းကို ဘာလို့ ပြောနေရတာလဲ။ သူက အသင်းရဲ့ အနာဂတ်ကပ္ပတိန်ပါ။ တီယာနေးဟာ အာဆင်နယ်အတွက်ဆို ဘာမဆို ပေစဆပ်မယ့်သူပါ၊အာဆင်နယ်ဟာ သူ့အတွက် အရာအားလုံးပါပဲ  .. သူတို့(အာဆင်နယ်)ဟာ  သူ့ကို အသင်းကနေ ဘယ်တော့မှ ထုတ်ပယ်မှာ မဟုတ်ပါဘူး။ သူဟာ ထိပ်တန်းကစားသမား တစ်ယောက်ပါ

ဘယ်သူမှတော့ ဒဏ်ရာခဏခဏရနေတဲ့ injury-prone player တစ်ယောက်ကို သ‌ဘောကျမှာမဟုတ်ပါဘူး။ ဒါပေမယ့် တီယာနေးဟာ အသင်းရဲ့ ဒုအသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းကို ဦးဆောင်နိုင်စွမ်းရှိတဲ့၊အပြည့်အ၀ ပေးဆပ်ကစားတတ်တဲ့ ကစားသမားဖြစ်ပါတယ်။

သူသာ ဒဏ်ရာခဏခဏ မရဘုးဆိုရင် လက်ရှိအသင်းရဲ ကပ္ပတိန်ရာထူးကို ခုချိန်ကတည်းက ရယူခဲ့ပြီးသား ဖြစ်မှာပါ။ နောက်လာမယ့် ရာသီမှာတော့ စကော့တလန်သားဟာ ဒဏ်ရာပြဿနာတွေ ကင်းစင်ဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း  လက်တွေ့မှာ တီယာနေးဟာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။ဒါကြောင့် အာဆင်နယ်ဟာ ခံစစ်ဘယ်အစွန်နေရာအတွက် အရန်ကစားသမားတွေတွေ အဖြစ် မနှစ်က တာဗာရက်စ်၊ ဒီနှစ်မှာ ဇင်ချန်ကိုတို့ကို ခေါ်ယူခဲ့ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: