အီဒူးဟာ တကယ်ကို အံဩဖို့ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြနေတယ်ဆိုတဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်ဟာ ဒီနွေမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားခဲ့ပြီး လာမယ့်ရာသီသစ်အတွက် အသင့်ဖြစ်နေတဲ့ ပုံစံကောင်းမှာ ရှိနေပါတယ်။ 

မနှစ်ကနွေမှာလည်း ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်ဟာ ဒီနွေမှာလည်း ကစားသမားတွေကိုလည်း ဆက်လက်ခေါ်ယူခဲ့ပါတယ်။ အသင်းကို နောက်ထပ်အဆင့်တစ်ခုရောက်စေမယ့် ဂျေးဆု၊ ဗီအဲရာ ၊ ဇင်ချန်ကိုတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လူငယ်ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် အသင်းရဲ့ ကပ္ပတိန်ဟောင်းဖြစ်သူ ဖာဘရီဂတ်စ်က အာတီတာနဲ့ အီဒူးတို့ဟာ အသင်းအတွက် တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်နေတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

မီခေးလ်က အလုပ်ကောင်းကောင်းလုပ်နေသလို အီဒူးကလည်း အံ့ဩဖို့ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်လို့ ဖာဘရီဂတ်စ်က Sky Sports နဲ့တွေ့ဆုံမှုမှာ ဆိုပါတယ်။

အီဒူးက အားကစားသမားတစ်ယောက် ဖြစ်ပြီး အားကစားပရော့ဂျက်တစ်ခု တည်ဆောက်ဖို့ ဘာတွေလိုလဲဆိုတာ သိပါတယ်။

ဒါကို(ပရော့ဂျက်တစ်ခုတည်ဆောက်တာကို) တစ်ရက်တည်းနဲ့ လုပ်လို့မရပါဘူး။တစ်ခါတစ်လေမှာမှန်ကန်တဲ့ကစားသမားတွေကို ခေါ်ယူဖို့ ဈေးကွက်က ခွင့်မပြုပါဘူး

“တစ်ခါတစ်လေမှာ ကိုယ်က ကစားပွဲတွေမှာ ပါ၀င်ဖို့ သိပ်ငယ်ရွယ်နေသေးတတ်ပါတယ်။လွန်ခဲ့တဲ့ တစ်နှစ်နှစ်နှစ်အတွင်း အာဆင်နယ်မှာ ဒီလိုဖြစ်ခဲ့ပါတယ်။

Advertisements

ဒါပေမယ့်အခု သူတို့(အသင်းရဲ့လူငယ်)တွေဟာ ရင့်ကျက်သွားပြီလို့ ကျွန်တော်ထင်ပါတယ်။လူငယ်ကစားသမားတွေဟာ အခုဆို အရမ်းငယ်တဲ့သူတွေ မဟုတ်တော့ပါဘူး။မတူညီတဲ့ မျက်နှာတစ်ခုကို ကျွန်တော်မြင်ရပါတယ် ။သူတို့ဟာ အရမ်းကြီးငယ်တဲ့သူတွေ မဟုတ်တော့ပါဘူး။အာဆင်နယ်ဟာ အသင်းကို ကစားသမားကောင်းကောင်းခေါ်ခဲ့သလို  အသင်းကို အင်အားကောင်းကောင်း ဖြည့်တင်းထားပါတယ်

လာမယ့် ရာသီကို ကျွန်တော် မျှော်နေမိပါတယ် ဘာလို့လဲဆိုတော့  တကယ်ကို စိတ်၀င်စားဖို့ ကောင်းတော့မှာ ဖြစ်ပါတယ် လို့ အသက်၃၅နှစ်အရွယ် အာဆင်နယ်ဂန္တ၀င်က ဆိုပါတယ်။

ယခုနှစ်ပိုင်းတွေမှာ အာဆင်နယ်ပရိတ်သတ်တွေရဲ့ နိုင်ပွဲဆာလောင်မှုနဲ့အတူ  အာတီတာ ၊ အီဒူးတို့ဟာလည်း ချီးကျူးတလှည့် ဝေဖန်ခံတလှည့်ဖြစ်နေတာ ရာသီ ၂ ရာသီလောက်ရှိပြီဖြစ်ပါတယ်။ ယခုရာသီမှာ ပြောင်းရွှေ့ကြေးများစွာကို အသုံးပြုထားပြီဖြစ်သလို  အသင်းကလည်းအတက်ဖက်ကိုရောက်နေပြီဖြစ်လို့ ပိုမိုကြီးမားတဲ့စိန်ခေါ်မှုတွေက စောင့်ကြိုနေပြီလဲဖြစ်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: