တာဗာရက်စ်ကြောင့် အာဆင်နယ် ချန်ပီယံလိဂ်၀င်ခွင့်မရခဲ့တာပါ – ကာရေဂါ

အာဆင်နယ်ရဲ့ လူငယ်ကစားသမားလေး တာဗာရက်စ်ကတော့ မာဆေးလ်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအသင်းရဲ့ ခံစစ်ဘယ်အစွန်မှာ တီယာနေးလ်၊ဇင်ချန်ကိုတို့ရှိနေတဲ့အတွက် တာဗာရက်စ်ဟာ ပွဲကစားချိန်မိနစ်တွေ ရှာဖွေဖို့အတွက် မာဆေးလ်ကို အငှားထွက်ကစားခဲ့တာ ဖြသါပါတယ်။မာဆေးလ်မှာ ဆလီဘာ အတွေ့အကြုံကောင်းတွေ ရရှိခဲ့သလိုမျိုး တာဗာရက်စ်ဟာလည်း သူရဲ့ဂန်းနားနောင်တော်ရဲ့ ခြေရာကို နင်းလိုက်မယ်လို့ ယုံကြည်ရပါတယ်။

အာဆင်နယ်ဟာ တာဗာရက်စ်ကို ဘင်ဖီကာကနေ ပေါင်၈သန်း၀န်းကျင်နဲ့ မနှစ်က နွေရာသီမှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။တီယာနေးလ်ရဲ့ အရန်ကစားသမားအဖြစ် ခေါ်ယူခြင်းခံခဲ့ရတဲ့ တာဗာရက်စ်ဟာ မနှစ်ကရာသီအစ၊ တီယာနေးလ် ဒဏ်ရာရနေချိန်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းကောင်းအချို့ ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရာသီမကုန်ခင် သီတင်းပတ်အချို့အလို၊ တီယာနေးလ် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူဖို့ ဖြစ်လာချိန်မှာ တာဗာရက်စ်ဟာ ပွဲထွက်ခွင့်ရခဲ့ပြန်ပါတယ်။ဒါပေမယ့် ပေါ်တူဂီသားဟာ ဆုံးဖြတ်ချက်အမှားတွေနဲ့အတူ နောက်တန်းမှာ တာ၀န်မကျေခဲ့ပါဘူး။ 

Advertisements

ခရစ္စတယ်ပဲလေ့စ်၊နော်တင်ဟမ်ဖောရက်စ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ တာဗာရက်စ်ဟာ စောစောစီးစီး လူစားလဲ ခံခဲ့ရပါတယ်။အာဆင်နယ်ဂန္တ၀င်ဖြစ်သူ နစ်ဂယ်၀င်းတားဘန်းက တာဗာရက်စ်ဟာ full-back တစ်ယောက်ရဲ့ အခန်းကဏ္ဍကို နားမလည်သူလို့ ဝေဖန်ခဲ့ဖူးပါတယ်။

ကာရေဂါကလည်း တကယ်လို့ တီယာနေးလ်ဟာ ဒဏ်ရာမရနေခဲ့ရင် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အဆင့်လေးနေရာနဲ့ အဆုံးသတ်နိုင်ခဲ့မှာ ဖြစ်တယ်လို့ ဆိုလာပြန်ပါတယ်။

တာဗာရက်စ်ဟာ အငှားထွက်ကစားဖို့ ထွက်ခွာသွားပြီဆိုတာ ကျွန်တော် မြင်ခဲ့ပါတယ်။သူတို့( အာဆင်နယ်)မှာ (တာဗာရက်စ်ထက်) ပိုကောင်းတဲ့ နောက်တန်းဘယ်အစွန်ကစားသမား ရှိခဲ့ရင် သူတိူ့ ထိပ်သီးလေးသင်းစာရင်း ၀င်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ကစားသမားတစ်ယောက်တည်းကို ပစ်မှတ်ထားပြောတာ ကျွန်တော်သဘောမကျပါဘူး။ဒါပေမယ့် သူ(တာဗာရက်စ်)ရဲ့ အမှားတွေဟာ အချို့ပွဲစဉ်တွေမှာ ပေးဆပ်မှု ကြီးခဲပါတယ်။

ပြီးခဲ့တဲ့ရာသီ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ကို ကျွန်တော်မှတ်မိပါတယ်။တနင်္လာနေ့ ညပွဲပေါ့၊TVမှာ ကျွန်တော်ပြောခဲ့တာက သူ ဒုတိယပိုင်းမှာ ကွင်းထဲကနေ ထွက်သွားရတော့မယ်ပေါ့၊ အဆုံးမှာတော့ အာတီတာဟာ ရှာကာကို ဘယ်နောက်ခံလူအဖြစ် ထားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။

တာဗာရက်စ်ဟာ ‌ငယ်ရွယ်နုနယ်သေးတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် သင်ယူစရာတွေ အများကြီးရှိနေဆဲဆိုတာတော့ လက်ခံရမှာ ဖြစ်ပါတယ်။အလားအလာရှိတဲ့ ပေါ်တူဂီသားလေးဟာ ပြင်သစ်မြေကနေ အတွေ့အကြုံကောင်းတွေ ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: