ဘာလိုဂန်ရဲ့ ရာသီသစ်က ဘယ်သူနဲ့ဖြစ်လာမလဲ

အာဆင်နယ်ဟာ ဒီနွေမှာ ဘာလိုဂန်ကို ထပ်မံအငှားချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

လူငယ်တိုက်စစ်မှူးလေးဟာ အသင်းရဲ့ ရာသီကြိုပြင်ဆင်မှု လူစာရင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဘောလုံးရာသီ ပြန်လည်စတင်လာချိန်မှာတော့ ဘာလိုဂန်ဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ သေချာပေါက်ရုန်းကန်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီဒုတိယနှစ်၀က်မှာလည်း ဘာလိုဂန်ဟာ မစ်ဒယ်ဘရော့ကို အငှားထွက်ကစားပြီး ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ 

ဒီနွေမှာ အာဆင်နယ်ဟာ ဂျေးဆုကို ခေါ်ယူခဲ့ပြီးဖြစ်သလို အန်ကက်တီးယားကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာကြောင့် အသင်းရဲ့လူစာရင်းမှာ အထောင်တိုက်စစ်မှူးနှစ်ဦးရှိနေပါတယ်။ 

ဒါ့ကြောင့် ဘာလိုဂန်ဟာ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ဂျေးဆုနဲ့ အန်ကက်တီးယားတို့နောက် တတိယဦးစားပေး ကစားသမားအဖြစ်သာ ရှိနေမှာ ဖြစ်ပါတယ်။ မနှစ်က သူကစားခဲ့တဲ့ ချန်ပီယံရှစ်က ကလပ်အသင်းအများအပြားက သူ့ကို အငှားခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ ဂျာမနီမြေက အသင်းတွေက အာဆင်နယ်လူငယ်တိုက်စစ်မှူးလေးကို စိတ်၀င်စားနေကြတာကြောင့် သူဟာ အင်္ဂလန်မြေကနေ ထွက်ခွာနိုင်ချေရှိပါတယ်။ 

ဘာလိုဂန်ဟာ မနှစ်က ရာသီ၀က်မှာ ပြသခဲ့တဲ့ ခြေစွမ်းအရ အလားအလာကောင်းတွေ အများကြီးရှိတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဆိုတာ ထင်ရှားပါတယ်။သူ့ရဲ့ ခြေစွမ်း ပိုပြီး ကောင်းမွန်တိုးတက်လာဖို့အတွက် ကစားချိန်မိနစ်တွေ လိုအပ်ပါတယ်။  အာဆင်နယ်ဟာ ဘာလိုဂန်အတွက် ကစားချိန်မိနစ်တွေ မပေးနိုင်တာကြောင့်  ခုလို အခြားအသင်းတစ်ခုကို အငှားချတာဟာ အကောင်းဆုံးပါပဲ။ 

ဒါပေမယ့်  အသင်းမှာ တတိယတိုက်စစ်မှုးအဖြစ် အဓိက ပြိုင်ပွဲကြီးတွေမှာ ပါဝင်ယှဥ်ပြိုင်သွားမယ်ဆိုရင်လဲ  မှားယွင်းတဲ့  အိုင်ဒီယာတော့မဟုတ်ပါဘူး။ အသင်းမှာ ကစားသမားအများကြီးလိုအပ်နေတာဖြစ်ပါတယ်။ သူ့ရှေ့က အန်ကတ်တီးယားဟာလဲ  အရံခုံကနေပဲ ပထမနေရာကို အခိုင်အမာရယူသွားခဲ့တာပဲမဟုတ်လား။  Pressing အရည်အသွေးအချို့ကို  မစ်ဒယ်ဘရော့နဲ့အတူလဲ ပြသထားနိုင်ခဲ့တာကြောင့်  ဂန်းနားတို့ရဲ့ ပထမအသင်းမှာ မြင်ရရင်လဲ အံ့သြစရာတော့မရှိပါဘူး။

Advertisement

Leave a Reply

%d bloggers like this: