အာဆင်နယ်ဟာ ဇင်ချန်ကိုကို ခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။သတင်းတွေအရ မန်စီးတီးဟာ ယူကရိန်းသားအတွက် ပေါင်၃၅သန်း အလိုရှိခဲ့ပေမယ့် အီဒူးတို့က ပေါင်သန်း၃၀နဲ့ ဈေးဆစ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဇင်ချန်ကိုဟာ မန်စီးတီးအသင်းနဲ့အတူ ရာသီကြိုခရီးစဉ်မှာ ရှိနေပါတယ်။ အာဆင်နယ်ကို ဇင်ချန်ကို ရောက်ပါပြီလို့ လုံး၀အတည်မပြုနိုင်သေးတာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ စိတ်ပူနေကြပါတယ်။ Sky Sports ရဲ့ အီတလီသတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမန်နိုကတော့ ဇင်ချန်ကိုနဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အခုလိုမျိုးအသိပေးခဲ့ပါတယ်။
“အာဆင်နယ်ဟာ ဇင်ချန်ကိုနဲ့ သဘောတူညီမှုရနိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာ နေရာစုံကစားနိုင်တဲ့ ကစားသမားဖြစ်တာကြောင့် အာဆင်နယ်ဟာ အလိုရှိနေတာ ဖြစ်ပြီး မာတီနက်ဇ်ကိုလည်း ဒါ့ကြောင့်ပဲ အာဆင်နယ်ဟာ အလိုရှိခဲ့တာပြီး ကြိုးစားနေခဲ့တာပါ။“
“ဒါပေမယ့်လည်း ဇင်ချန်ကိုကလည်း(အာဆင်နယ်အတွက်) အရေးပါတဲ့ ကစားသမားကောင်းတစ်ယောက်ပါပဲ။ ယူကရိန်းလက်ရွေးစင်ဟာ နောက်တန်းဘယ်အစွန်နဲ့ ကွင်းလယ်မှာ ကစားနိုင်စွမ်းရှိပြီး အသင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကူညီနိုင်ပါတယ်။အမ်းမရိတ်မှာတော့ ဘယ်နေရာမှာ သူအဓိက ကစားမလဲဆိုတာ ကျွန်တော် မသေချာသေးပါဘူး။ မီခေးလ်အာတီတာဟာ ဇင်ချန်ကိုရဲ့ ပရိသတ်အကြီးစားပါ။ အာတီတာ မန်စီးတီးမှာ ရှိခဲ့စဉ်က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်လေး ကောင်းမွန်ပါတယ်။ ဇင်ချန်ကိုဟာ အာတီတာကို ကောင်းကောင်းသိပြီး ဒါက အပြောင်းအရွှေ့အတွကါ အဓိကအချက်ပါပဲ“
“အသင်းနှစ်သင်းကြား သဘောတူညီမှုက ပေါင်သန်း၃၀ဖြစ်ပါတယ်။အပြောင်းအရွှေ့ပြီးမြောက်ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရဖို့ပဲ ကျန်ပါတော့တယ်။“
ဇင်ချန်ကိုဟာ လက်ရွေးစင်အသင်းမှာတော့ ကွင်းလယ်ကစားသမားဖြစ်ပြီး မန်စီးတီးမှာတော့ သူရဲ့ position က ခံစွန်ဘယ်အစွန်ဖြစ်ပါတယ်။