နောက်ဆုံးရ အာဆင်နယ် သတင်းများ (18Jul)

ဆဲဒရစ်ကို မှတ်ချက်ပြုခဲ့တဲ့ ဗီအဲရာ

အာဆင်နယ်ကစားသမားသစ် ဗီအဲရာက  သူရဲ့ ကလပ်အသင်းဖော် တစ်နိုင်ငံထဲသား ဆဲဒရစ်ကို ခုလိုမျိုး ချီးကျူးလာခဲ့ပါတယ်။ 

“သူဟာ အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားပါ။ လူတိုင်းကိုလဲ ကူညီဖို့ ကြိုးစားပါတယ် .. ဒါက အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ။ဒါ့အပြင် သူက ကျွန်တော်တို့ထက် အသက်ပိုကြီးပြီး အတွေ့အကြုံပိုရင့်ပါတယ်။ သူဟာ ပေါ်တူဂီနဲ့ ဥရောပချန်ပီယံရှစ်မှာ ဗိုလ်စွဲခဲ့တာပါ။ သူက တကယ့်ကို လူကောင်းတစ်ယောက်ပါ“ 

ဆဲဒရစ်ဟာ တိုမီယာစုရဲ့နောက်မှာ အရံအဖြစ်သာပွဲထွက်နေခဲ့ရသူဖြစ်ပြီး အသင်းမှာဆက်ရှိနေမလား ပြောင်းရွှေ့သွားမလားဆိုတာကတော့စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။​ဂန်းနားတို့ဟာ အခုချိန်ထိ ညာစွန်ခံစစ်အတွက် ကစားသမားသစ်ခေါ်ယူဖို့ ရှိပုံမရတာကြောင့် အမ်းမရိတ်မှာ ဆက်ပြီးမြင်ရဖို့များနေပါတယ်။

ဇင်ချန်ကိုအတွက် နောက်ဆုံးအဆင့်သာကျန်ကြောင်း ရိုမာနိုပြောကြား

နာမည်ကျော်သတင်းထောက်ဖြစ်သူ ဖေဘရီဇီယိုရိုမာနိုကတော့ ဂန်းနားတို့ဟာ ဇင်ချန်ကိုအတွက် ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့  မန်စီးတီးနဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ ပြောဆိုလာခဲ့ပြီး ၊ ကစားသမားနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များသာ ညှိနှိုင်းဖို့လိုတော့ကြောင်း၊ မကြာခင်အပြီးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဇင်ချန်ကိုဟာ အာဆင်နယ်နည်းပြ အာတီတာအတွက် ကွင်းလယ်ဗဟိုနဲ့ နောက်တန်းအစွန်  ၂ နေရာကိုဖြည့်တင်းပေးနိုင်မယ့်သူလဲဖြစ်ပါတယ်။

မယ်လိုအတွက် ဆွေးနွေးမှုတွေပြန်စ

အာဆင်နယ်အသင်းဟာ  ဂျူဗီကစားသမား မယ်လိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြန်လည်စတင်ပြီဖြစ်ကြောင်း Tutto Mercato Web က ဖော်ပြလာပါတယ်။ ဂန်းနားတို့နဲ့ အလွန်နီးစပ်ခဲ့ဖူးတဲ့ ကွင်းလယ်လူဟာ  ဂျူဗင်တပ်စ်အသင်းကို ပေါ့ဘာရောက်ရှိလာခြင်း ၊ နည်းပြအယ်လီဂရီအတွက် ရွေးချယ်စရာများပြားနေခြင်းတို့ကြောင့်  ယခုအကြိမ်မှာတော့ အသင်းပြောင်းဖြစ်ဖို့ရာခိုင်နှုန်းအလွန်များလာကြောင်း သုံးသပ်နေကြတာဖြစ်ပါတယ်။

ဂျေးဆူခြေစွမ်းကြောင့် ပါကွေးတာကို ခေါ်ဖို့လွယ်နိုင်တယ်လို့  သတင်းထောက် သုံးသပ်

ဂါဘရီယယ်ဂျေးဆူရဲ့ခြေစွမ်းပြသနေမှုကြောင့်  အာဆင်နယ်တို့ဟာ လူးကပ်စ်ပါကွေးတာကို ခေါ်ယူဖို့အတွက် ဆွဲဆောင်မှုကောင်းတစ်ခုဖြစ်လာနိုင်ကြောင်း  သတင်းထောက် ပိ(တ်) အိုရာကီက ရေးသားလာပါတယ်။ ဂန်းနားတို့ဟာ အသင်းအတွက်လိုအပ်တဲ့နေရာတွေကို ဆက်တိုက်ဖြည့်တင်းမှုတွေပြုလုပ်နေပေမယ့် ကွင်းလယ်တစ်နေရာအတွက်တော့ လိုအပ်နေဆဲဖြစ်ပါတယ်။ အဆိုပါ ဘရာဇီးသားအတွက်  ပေါင်သန်း ၅၀ ခန့်ကုန်ကျနိုင်တယ်လို့လည်း သတင်းများမှာရေးသားနေကြပါတယ်။

ဂန်းနားတို့ဆီကို အလွန်လာချင်နေတဲ့ တိုင်လီမန်းစ်

လက်စတာအသင်းရဲ့ကွင်းလယ်ကစားသမား  တိုင်လီမန်းစ်ဟာ အာဆင်နယ်အသင်းကိုပြောင်းရွှေ့ဖို့အတွက် အမြဲတန်းဆန္ဒရှိခဲ့သူဖြစ်ပြီး ၊  မိုနာကိုကနေ လက်စတာကိုမပြောင်းခင်တုန်းကလဲ  အမ်းမရိတ်ကိုရောက်လာဖို့ နီးစပ်ခဲ့တယ်လို့ Express UK   က ရေးသားဖော်ပြလာပါတယ်။  လက်စတာကွင်းလယ်လူဟာ လာမယ့်ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဂန်းနားတို့နဲ့ ကာလရှည်သတင်းထွက်နေသူဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: