ပေပေရဲ့နောက်ထပ်ခရီးက ဘာဖြစ်မလဲ

အာဆင်နယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ကြီးကတော့ ဒီနွေမှာ အမ်းမရိတ်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပါပြီ။ အသင်းသစ်ရှာဖို့ အေးဂျင့်ပါပြောင်းထားတဲ့ အိုင်ဗရီကို့စ်သားရဲ့ အာဆင်နယ်ကစားသမားဘ၀ဟာ ဒီနွေမှာ အဆုံးသတ်ပါတော့မယ်။ 

အာဆင်၀င်းဂါး အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အမ်မရီလက်ထက်မှာ ပေါင်၇၂သန်း၀န်းကျင် နဲ့ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ပေပေအပေါ် ပရိသတ်တွေဟာ အများကြီးမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ပေပေဟာ ပြင်သစ်မြေမှာ အထူးခြေစွမ်းပြခဲ့သူဖြစ်ပြီး လိုင်လီနဲ့ နောက်ဆုံးရာသီမှာ လိဂ်ပွဲ ၃၈ပွဲကစား၊၂၂ဂိုးသွင်းပြီး ၁၁ကြိမ်ဂိုးဖန်တီးမှု ပြာလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လိုင်လီကစားသမားဟောင်းဟာ အင်္ဂလန်မြေမှာ ရုန်းကန်ခဲ့ရပြီး အများမျှော်လင့်ထားတဲ့ ကစားသမားတစ်ယောက်တော့ မဖြစ်လာခဲ့ပါဘူး။

နောက်ဆုံးရသတင်းတွေအရ လာလီဂါကလပ်ဆီဗီးလားနဲ့ လိဒ်စ်ယူနိုက်တက်တို့က ပေပေကို စိတ်၀င်စားနေတယ်လို့ သိရပါတယ်။ ဆီဗီးလာဟာ ပေပေကို ခေါ်ယူဖို့ အာဆင်နယ်ကို ဆက်သွယ်ခဲ့သလို လိဒ်စ်ယူနိုက်တက်ကလည်း ဘာစီလိုနာကို ထွက်ခွာသွားတဲ့ ရာဖင်ဟာရဲ့ နေရာကို အစားထိုးဖို့ အိုင်ဗရီကို့စ်သားကို စိတ်၀င်စားနေတာ ဖြစ်ပါတယ်။ လိုင်ယွန်နဲ့ မာဆေးလ်တို့ကလည်း အသက်၂၇နှစ်အရွယ် ကစားသမားကို စိတ်၀င်စားနေတယ်လို့ သိရပါတယ်။ အခြားသောပြည်တွင်းကလပ်များဖြစ်တဲ့ လက်စတာနဲ့ အဲဗာတန်တို့ကလည်း အိုင်ဗရီကို့စ်သားကို စိတ်ဝင်စားနေကြပါတယ်။

ပေပေကို ခေါ်ယူလိုတဲ့ အသင်းတွေက ယူရို၂၅သန်းထက် ပိုများတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းဖို့ လိုအပ်နေတယ်လို့  သိရပါတယ်။ အာဆင်နယ်တို့ဟာ လိုချင်တဲ့စျေးမရရင် အလျှင်စလိုရောင်းထုတ်သွားဖွယ်မရှိပါဘူး။

ပေပေဟာ ပြီးခဲ့တဲ့ ရာသီ အာဆင်နယ်မှာ ငါးကြိမ်သာ ပွဲချိန်အစကတည်းက ပါ၀င်ခွင့်ခဲ့ပြီး ကစားခွင့်ရခဲ့တဲ့ ပွဲ၂၀မှာ ၁ဂိုးသွင်း၊ ၂ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ကိန်းဂဏန်းတွေချည်းချရေးမယ်ဆိုရင်တော့ အာဆင်နယ်ရဲ့စံချိန်ရှင်ကစားသမားဟာ အပြစ်ဆိုဖွယ်ရာမရှိပါဘူး။ ဒါပေမယ့် မတည်ငြိမ်တဲ့စွမ်းဆောင်ရည်က ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့ပြီး တစ်ပွဲထဲမှာတင် မတူညီတဲ့စွမ်းဆောင်ရည်ကို ပြသနေတဲ့သူလည်းဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂန်းနားတို့ရဲ့မှတ်တမ်းမှာ  ထူးခြားတဲ့သူတစ်ယောက်အဖြစ်တော့ ပေပေကမှတ်တမ်းဝင်ပါလိမ့်မယ်။ အာဆင်နယ်အတွက် ၁၂၂  ပွဲကစား  ၂၇ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အသင်းအတွက်တော့ အကျိုးပြုနိုင်စွမ်းနဲခဲ့တဲ့သူပါပဲ။

Thanks for reading our content

Advertisement

Leave a Reply

%d bloggers like this: