တီယာနေးနဲ့ ပတ်သက်ပြီး အာဆင်နယ်ကို သတိပေးလာတဲ့ Injury Expert 

ပရီးမီးယားလိဂ်ရဲ့ Injury Expert ဖြစ်သူ Ben Dinnery က ကာလရှည်ဒဏ်ရာပြဿနာကနေ ပြန်ကောင်းလာတဲ့ တီယာနေးကို အာဆင်နယ်ဟာ သင့်‌လျော်တဲ့ ကစားချိန်ပေးရမယ်လို့ ‌ဆိုပါတယ်။

တီယာနေးဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် သုံးလလောက် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ရလေ့ရှိတဲ့ တီယာနေးဟာ လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်သက်သာလာပြီး ကြံ့ခိုင်မှု ပြန်ပြည့်နေပါပြီ။ နုရင်ဘတ်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ တီယာနေးဟာ မိနစ်သုံးဆယ်စာ ၀င်ရောက်ကစားသွားခဲ့ပါတယ်။ 

တီယာနေး ပွဲချိန်အကြာကြီး မကစားနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်အချို့က စိတ်ပူနေပြီး သူရဲ့ ဒဏ်ရာပြဿနာဟာ ပိုပြီးဆိုးရွားလာသလားလို့ တွေးနေကြပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေနဲ့ ပတ်သက်လာရင် ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဒင်နရီကတော့ အာဆင်နယ်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ တီယာနေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ရမယ်လို့ ဆိုပါတယ်။ 

ဒီအချိန်က မလိုအပ်တဲ့ စွန့်စားမှုတွေ လုပ်ရမယ့် အချိန်လုံး၀မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ သူရဲ့လုပ်နိုင်စွမ်းတွေကို နားလည်ဖို့ လိုအပ်ပါတယ်၊ ပြီးရင် သူကစားတဲ့ နေရာနဲ့ အသင်းရဲ့ လိုအပ်ချက်တွေနဲ့ သူ့ကို ကစားချိန်မိနစ်တွေ ဘယ်လောက်ပေးရမလဲဆိုတာ ချင့်ချိန်ရမှာပါ။ 

ဒီလို ဆုံးဖြတ်ချက်တွေက ဘယ်တော့မှ အချက်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။နောက်ဆုံး ဆုံးဖြတ်ချက်မတိုင်ခင်မှာ အကြောင်းအရာတွေအားလုံးကို ခြုံငုံသုံးသပ်ရပါသေးတယ် 

အသင်းနဲ့ မိနစ်သုံးဆယ်လောက် ကစားခဲ့တာဟာ ကောင်းမွန်တဲ့ အစပျိုးမှု တစ်ခုပါ။တစ်ပွဲချင်းဆီကို ဒီလိုမျိုး ကျွန်တော်တို့ ချဉ်းကပ်တဲ့အခါ ကစားချိန်မိနစ်တွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာမှာပါ

တဖက်မှာလည်း မကြာခန အနားယူနေရတဲ့ ရေခဲလူသားအတွက် ပရိတ်သတ်တွေရဲ့ စိုးရိမ်မှုဟာ မြင့်တက်နေပါတယ်။ ဇင်ချန်ကို  ကိုခေါ်ယူဖို့သေချာသလောက်ဖြစ်နေပေမယ့် ကွင်းလယ်အတွက်သာ ပိုပြီးအသုံးပြုမယ့်ပုံစံမှာရှိနေတာကြောင့်  ဘယ်တောင်ပံခံစစ်ဟာ အာဆင်နယ်အတွက် ပုစ္ဆာတစ်ခုဖြစ်နေဆဲပါပဲ။

Advertisement

Leave a Reply

%d bloggers like this: