ဂျေးဆူရဲ့ အေးဂျင့်အဆိုအရ ဒီနွေမှာ ချဲလ်ဆီးဟာ အာဆင်နယ်လက်ထဲကနေ ဂျေးဆုကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန်စီးတီးမှာ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအတွက် ရှစ်ဂိုးသွင်း၊ ရှစ်ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူခဲ့ပါတယ်။ ဟာလန်းရောက်ရှိလာမှုက ဂျေးဆူကို အီတီဟတ်ကနေ ထွက်ခွာဖို့ ဖြစ်စေခဲ့ပြီး အာဆင်နယ်အသင်းက ပေါင်၄၅သန်းနဲ့ သူ့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာနောက်ထပ် မန်စီးတီးကစားသမားဖြစ်တဲ့ ဇင်ချန်ကို ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ချဲလ်ဆီးကလည်း မန်စီးတီအသင်းရဲ့ တောင်ပံကစားသမား ရာဟင်စတာလင်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျေးဆုရဲ့ အေးဂျင့်ဖြစ်သူ မာဆယ်လိုပတ်တီနာတီက ချဲလ်ဆီးဟာ ဂျေးဆူကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ ကြိုးစားမှုကို ကြားဖြတ်လုယူဖို့ ကြိုးစားခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
“အာဆင်နယ်နဲ့ ဂျေးဆုတို့ရဲ့ အပြောင်းအရွှေ့ကို ကြားဖြတ်လုယူဖို့ ကြိုးစားခဲ့တဲ့ အသင်းတွေကထဲ တစ်သင်းကတော့ ချဲလ်ဆီးပါပဲ။နောက်ဆုံးအချိန်အထိ ဂျေးဆုကို ခေါ်ယူဖို့ သူတို့ဟာ အရမ်းကို ကြိုးစားခဲ့တာပါ။ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ new project ကို ရွေးချယ်ခဲ့ပြီးပါပြီ“
ဂျေးဆူကို စိတ်၀င်စားခဲ့တဲ့ အသင်းတွေ အများအပြားရှိခဲ့ပေမယ့် ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးကတော့ အာဆင်နယ်ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲဦးထွက်မှာလည်း အသင်းနဲ့အတူ အံဝင်စွာကစားပြီး၊ ကွဲပြားခြားနားမှုတစ်ခုကို ပြသထားခဲ့ပြီးဖြစ်ပါတယ်။