တိုင်လီမန်းစ် ကို ခေါ်ယူဖို့ ပြန်ပြီး အာရုံစိုက်လာတော့မယ့် အာဆင်နယ်

လာမယ့် သီတင်းပတ်တွေထဲမှာ အာဆင်နယ်ဟာ လိုင်ယွန်ကွင်းလယ်လူ လူးကပ်စ် ပါကေတာ အစား  လက်စတာကွင်းလယ်လူဖြစ်သူ ယူရီတိုင်လီမန်းစ် ကိုပဲ ခေါ်ယူဖို့ ပြန်ပြီး အာရုံစိုက်လာတော့မယ်လို့ သိရပါတယ်။ 

ဒီနွေမှာ ကစားသမား‌လေးယောက်ခေါ်ယူပြီးဖြစ်တဲ့ အာဆင်နယ်ဟာ ကွင်းလယ်ကို အင်အားဖြည့်ဖို့ ကြံစည်နေဆဲ ဖြစ်ပြီး လက်စတာကွင်းလယ်လူက်ု ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ လက်ရှိနွေရာသီ အစောပိုင်းကတည်းက ကျယ်ကျယ်လောင်လောင် အသံထွက်နေခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲတဲ့ ရက်တွေမှာ အာဆင်နယ်ဟာ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ ပါကေတာ  ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။ဒါ‌ ပေမယ့် လာမ့်ူသီတင်းပတ်တွေမှာတော့ အာဆင်နယ်ဟာ ယူရီတိုင်လီမန်းစ် ကို ခေါ်ယူဖို့ပဲ ပိုပြီး အရှိန်မြင့်ကြိုးစားလာမယ်လို့ အင်္ဂလန် ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဘန်ဂျက်ကော့ဘ်က  ဆိုပါတယ်။ 

“တိုင်လီမန်းစ် ကို အာဆင်နယ်ဟာ စိတ်၀င်စားနေဆဲဆိုတာ ကျွန်တော်နားလည်ပါတယ်။သူတို့ဟာ ပါကေတာ ထက် ယူရီတိုင်လီမန်းစ် ခေါ်ယူဖို့ ပိုများမှာပါ။ ပြီးခဲ့တဲ့ရာသီဟာ သူ့အတွက် အရမ်းကောင်းတဲ့ ရာသီတစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ဒါပေမယ့် ဒီဈေးနဲ့က‌တော့ သူ့ကို ခေါ်ယူသင့်ပါတယ်။သူ့ကိုခေါ်ယူဖို့ add-ons တွေပါ ထည့်တွက်မှ ပေါင်သန်း၂၀လောက်ပဲ ကုန်ကျဖို့ ရှိနိုင်ပါတယ်။ ဒီငွေကြေးပမာဏဟာ အာဆင်နယ်အတွက် အပန်းမကြီးစေနိုင်ပါဘူး” 

“တိုင်လီမန်းစ်က (ပါကေတာ ထက်) အများကြီးပိုပြီး အသင်းမှာ အံ၀င်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်ကလည်း သူ့ကို စိတ်၀င်စားဆဲ ဖြစ်ပြီး လာမယ့်သီတင်းပတ်တွေအတွင်း အာဆင်နယ်နောက်ထပ်ခေါ်ယူသွားမယ့်ကစားသမားက သူလို့ ကျွန်တော်ထင်ပါတယ်။” 

တိုင်လ်မန်းဟာ လက်စတာနဲ့ စာချုပ်သက်တမ်း တစ်နှစ်တာ ကျန်ရှိတော့တာ ဖြစ်ပြီး အသက်၂၆နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင်အတွက် ပေါင်သန်း၂၀ ပေးချေရမယ်ဆိုတာ အတော်လေးပဲ သင့်တော်တဲ့ ဈေးနှုန်းတစ်ခုလို့ သတ်မှတ်ရမှာပါ။

Advertisement

Leave a Reply

%d bloggers like this: