အာဆင်နယ်ကစားသမားဟောင်းကြီးတဖြစ်လဲ၊ လက်ရှ်အာဆင်နယ်လူငယ်အကယ်ဒမီရဲ့ ဒါရိုက်တာဖြစ်သူ မာတီတာဆက်ကာ က အာတီတာအနေနဲ့ ဆာလီဘာကို အခွင့်အရေးပေးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က စိန့်အက်တီယန်ကနေ အာဆင်နယ်ကို ပေါင်၂၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာလီဘာဟာ လက်ရှိအချိန်အထိ အာဆင်နယ်မှာ ပွဲထွက်ခွင့်မရသေးပါဘူး။
ပြီးခဲ့တဲ့ ရာသီမှာ ဆာလီဘာဟာ ပြင်သစ်မြေကို အငှားထွက်ကစားရင်း မာဆေးလ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။ ဆာလီဘာကို မာဆေးလ်က အပြီးခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အာတီတာကတော့ သူရဲ့အနာဂတ်အစီအစဉ်တွေထဲမှာ ပြင်သစ်သားဟာ အရေးပါတဲ့ ကစားသမားဖြစ်တယ်ဆိုပြီး လန်ဒန်ကို ပြန်ခေါ်ခဲ့ပါတယ်။
ဆာလီဘာဟာ အစောပိုင်းမှာတုန်းက မာဆေးလ်မှာ နေရစ်ခဲ့ဖို့ ဆန္ဒရှိခဲ့ပေမယ့် လက်ရှိမှာတော့ အာဆင်နယ်နဲ့အတူ လာမယ့်ရာသီမှာ ကစားဖို့ အသင့်ဖြစ်နေပုံပါပဲ။ ပွဲထွက်ခွင့်တစ်နေရာအတွက် ဂါဘရီယယ်၊ ဘန်ဝှိုက်တို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ ဆလီဘာဟာ ကျောနံပါတ်၂ ကို ၀တ်ဆင်သွားမှာ ဖြစ်ပါတယ်။
Hayters TV နဲ့တွေ့ဆုံမှုမှာတော့ မာတီဆက်ကာ က ခုလိုဆိုပါတယ်။
“မာဆေးလ်ဟာ ဆာလီဘာလုပ်ပြခဲ့တာဟာ တကယ်ကို ရင်သပ်ရှုမောစရာပါပဲ။ ဒီနွေမှာတော့ သူ့ကို ကျွန်တော်တို့ကိုယ်တိုင် စမ်းသပ်ရတော့မှာ ဖြစ်ပြီး သူ့အတွက် ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာ သိရမှာပါ“
“ဒါပေမယ့် သူဟာ ငယ်ရွယ်သေးတဲ့ အရွယ်မှာပဲ ဥရောပရဲ့ အဓိကလိဂ်တစ်ခုမှာ သူရဲ့ ကိုယ်ပိုင်အမှတ်တစ်ခုကို ရှင်းရှင်းလင်းလင်း လုပ်ပြခဲ့ပြီးပါပြီ။ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ခဲ့ပြီးပါပြီ“
“သူ့ကို ဘာလို့ အသင်းမှာ မသုံးပဲ နေရမလဲ.. ဆာလီဘာကို ဘာကိစ္စကြောင့် ချန်ထားရမှာလဲဗျာ “
လာမယ့်ရာသီမှာတော့ အာတီတာဟာ ဆာလီဘာ ကို အခွင့်အရေးပေးသွားဖို့ ရှိနေပါတယ်။ ဆာလီဘာဟာ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ဘန်ဝှိုက်နဲ့ အဓိက ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။