“အာဆင်နယ်ဟာ ဂါဘရီယယ်ကို ဘယ်နည်းနဲ့မှ ရောင်းချသွားမှာ မဟုတ်ပါဘူး” ကမ်းဘဲလ်

ဒီနွေမှာ ဂါဘရီယယ်ဟာ ဂျူဗင်တပ်ရဲ့ အကြီးစားပစ်မှတ် ကစားသမားတစ်ဦးဖြစ်နေပေမယ့် အာဆင်နယ်က သူတို့ရဲ့ နောက်ခံလူကို ဘယ်နည်းနဲ့မှ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဂန်းနားဟောင်းကြီး ကမ်းဘဲလ်က ဆိုလာခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းဆီ ဒီလစ်ခ်ျကို ရောင်းချဖို့ ရှိနေတဲ့ ဂျူဗင်တပ်ဟာ ဒီလစ်ခ်ျရဲ့နေရာ အစားထိုးဖို့ နောက်ခံလူတစ်ဦးကို ကြိုတင် ရှာဖွေနေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဂျူဗင်တပ်ဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူ အာသာမယ်လိုနဲ့ ဂါဘရီယယ်ကို အလဲအလှယ်လုပ်ဖို့ ဆန္ဒ ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် အာဆင်နယ်ကတော့ အသင်းရဲ့ အဓိကနောက်ခံလူကို ရောင်းချဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒါပေမယ့် ဂျူဗင်တပ်ဟာ ဘရာဇီးလ်သားကို ခေါ်ယူဖို့ လက်မလျှော့လိုသေးပဲ ယခုတဖန် ယူရိုသန်း၄၀နဲ့ ကမ်းလှမ်းလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ 

ဒီလို ကောလဟာလတွေနဲ့ ပတ်သက်ပြီး ကမ်းဘဲလ်ကတော့ အခုလိုမျိုး တုံ့ပြန်လာခဲ့ပါတယ်။ 

လုံး၀ မဖြစ်နိုင်ပါဘူး 

ကျွန်တော်ပြောတာနားထောင်ဗျာ။ ဂျူဗင်တပ်လို အသင်းမျိုးက ကိုယ့်ကို ခေါ်ယူဖို့အကြောင်း ပြောနေတယ်ဆိုရင် ဒါက ဂုဏ်ယူစရာပါပဲ

ဒါပေမယ့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။ဂါဘရီယယ်ဟာ ဘယ်သန် ဘရာဇီးလ် လက်ရွေးစင်တစ်ယောက်ပါ။ အသင်းရဲ့ အားထားရတဲ့ ဗဟိုနောက်ခံလူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်တန်းရဲ ကျောက်ဆောင်ကြီး ဖြစ်ပြီး အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ နေရာမှာ foundation တစ်ခုဆိုလည်း မမှားပါဘူး 

ဆလီဘာ၊ဘန်ဝှိုက်နဲ့ ဂါဘရီယယ်ဆိုတာ ဗဟိုခံစစ်မှူးသုံးယောက်ဟာ ပိုပြီးတိုးတက်လာမယ့်၊ ပိုကောင်းလာမယ့် ကစားသမားတွေ ဖြစ်ပါတယ်။ သူတို့ကို ထိန်းသိမ်းထားပြီး သူတို့ရဲ့ခြေစွမ်း ပိုပြီး တိုးတက်လာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ 

ဂျူဗင်တပ်က စိတ်၀င်စားတယ်ဆိုတာ ဂုဏ်ယူစရာပါပဲ၊ ဒါပေမယ့် အခြားတစ်နေရာပဲ သွားလိုက်စမ်းပါ 

ကမ်းဘဲလ်ဆိုခဲ့သလိုပါပဲ ဂါဘရီယယ်ဟာ အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်ရှိ အသင်းကို ပြန်လည်‌တည်ဆောက်နေတဲ့ လက်ရှိအချိန်မှာ ဘယ်နည်းနဲ့မှ လက်လွှတ်ခံလို့မရတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ဒါကို အာတီတာလည်း ကောင်းကောင်းနားလည်မှာ ဖြစ်ပြီး ဒီနွေမှာ ဂါဘရီယယ်ကို ရောင်းချသွားဖို့ အစီအစဉ် အသင်းမှာ လုံး၀မရှိပါဘူးလို့ပဲ ဆိုပါရစေ။

Advertisement

Leave a Reply

%d bloggers like this: