တိုင်လီမန်းစ်အတွက် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း CBS သတင်းထောက်အခိုင်အမာပြော
အာဆင်နယ်အသင်းအနေနဲ့ တိုင်လီမန်းစ်အတွက် သဘောတူညီမှုတစ်ခုရရှိထားပြီးဖြစ်ကြောင်း CBS သတင်းထောက် ဘင်ဂျက်ကော့ က Give Me Sport အစီအစဥ်မှတဆင့် အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားအတွက် ပေါင် ၃၂ သန်းနဲ့ ခေါ်ယူဖို့အကြမ်းအားဖြင့် သဘောတူထားပြီဖြစ်ကြောင်း ၊ ဆွေးနွေးမှုအချို့ကိုသာ ဆက်လက်ပြုလုပ်နေတာဖြစ်ကြောင်း ဂျက်ကော့က အတည်ပြုခဲ့တာပါ။
ပရိတ်သတ်တွေကို သတင်းစကားပါးလိုက်တဲ့ ဗီအဲရာ
ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တဲ့ပုံတစ်ပုံမှာ ခြေထောက်ကို အကာအကွယ်တစ်ခု တပ်ဆင်ထားတာကြောင့် ပရိတ်သတ်တွေစိုးရိမ်ခဲ့ကြရတဲ့အပေါ်မှာ ဖေဘီယိုဗီအဲရာက အခုလိုပဲ ပြောဆိုလာခဲ့ပါတယ်။
“ မစိုးရိမ်ကြပါနဲ့ ကိုယ့်လူတို့ … ဒါက ကြိုတင်ကာကွယ်ထားတဲ့အနေနဲ့ လုပ်ထားတာပါ။ အာဆင်နယ်အတွက် မကြာခင် အလုပ်တွေလုပ်တော့မှာပါ “ လို့ အဓိပ္ပါယ်ရတဲ့ စာသားတစ်ခုကို ရေးသားပြီး သတင်းစကားပါးခဲ့ပါတယ်။ ဗီအဲရာဟာ ပေါင်သန်း ၄၀ နဲ့ပေါ်တိုအသင်းကနေရောက်ရှိလာတာဖြစ်ပါတယ်။
နိုင်ငံအဆင့်မှာ အောင်မြင်မှုစတင်ခဲ့ပြီဖြစ်တဲ့ နော်တွန်ကတ်ဖီ
ပြီးခဲ့တဲ့ရာသီကမှ (လင်ကွန်းစီးတီးနဲ့အတူ) စီနီယာအဆင့်မှာ စတင်ကစားခဲ့ဖူးပေမယ့် ခြေစွမ်းကောင်းတွေပြသနိုင်တာကြောင့် ဘရာဇီး ဂန္တဝင် ကာဖူးနဲ့တင်စားခံခဲ့ရတဲ့ ဂန်းနား လူငယ်လေး နော်တွန်ကတ်ဖီဟာ အဂ်လန် U19 အသင်းနဲ့အတူ European Championship ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအသင်းမှာ ဟာဗေးဗေးလ် (ချဲလ်ဆီး) ၊ ချူကွယ်မန်ကာ (ဗီလာ) တို့လည်းပါဝင်ကစားခဲ့ကြပြီး ၊ ဂန်းနားလူငယ်လေးအတွက် စီနီယာအဆင့်ကိုအသင့်ဖြစ်နေပြီလို့ လဲဆိုလို့ရကြောင်းရေးသားနေကြပါတယ်။
ဂနာဘရီကို မြှားဦးလှည့်လာတယ်လို့ သတင်းဌာနဖော်ပြ
ရာဖင်ဟာကို ခေါ်ယူရေးမအောင်မြင်တဲ့နောက် ဂန်းနားဟောင်း ဂနာဘရီဖက်ကို မြှားဦးလှည့်လာပြီဖြစ်ကြောင်း သတင်းတွေက ရေးသားနေကြပါတယ်။ Bild ရဲ့ဖော်ပြချက်အရ ဂနာဘရီဟာ ငွေကြေးတစ်ခုထဲကြောင့်မဟုတ်ပဲ အခြားသော ညှိနှိုင်းမှုတွေမှာပါ ဘိုင်ယန်နဲ့ ပြေလည်မှုမရရှိတာဖြစ်တယ်လို့ ဆိုထားပါတယ်။ CIES ရဲ့ရေးသားချက်အရ ကစားသမားရဲ့တန်ကြေးက သန်း ၆၀ ရှိတယ်လို့ သိရပါတယ်။
မယ်လိုနဲ့သံယောဇဥ်မပြတ်သေးတဲ့ အာဆင်နယ်
အီတလီသတင်းစာ Caliomercato ရဲ့ရေးသားချက်အရ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်ရဲ့ မယ်လိုကို စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ၊ အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေအနဲငယ်ရှိသေးကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်အဖျက်ပိုင်းမှာ သိသိသာသာ လိုအပ်နေဆဲဖြစ်ပြီး လက်စတာရဲ့ တိုင်လီမန်းစ်နဲ့သတင်းများစွာထွက်ရှိနေတာကလွဲလို့ အခြားသော ပစ်မှတ်သတင်းတွေကတော့ တိတ်ဆိတ်နေပါတယ်။