ဗီအဲရာကိုခေါ်တယ်။ ဂျေးဆူနဲ့သတင်းထွက်လာတယ်။ အဲ့ဒီရက်ပိုင်းတွေမှာ အီဒူးကို ချီးကျူးသံတွေဝေနေခဲ့တယ်။ ဖြစ်ချင်တော့ အနီးဆုံးပြိုင်ဖက်တွေကလဲ ထိုရက်ပိုင်းတွေမှာ လုပ်ဆောင်ချက်တွေအားနဲနေခဲ့ကြတယ်။ အာဆင်နယ်ပရိတ်သတ်တွေပျော်နေကြချိန်ပေါ့။
ဒါပေမယ့် တစ်ပတ်ခန့်အကြာမှာတော့ အာဆင်နယ်တို့ လှုပ်ရှားမှုတွေအနဲငယ်တုန့်နှေးသွားချိန်မှာ ပြိုင်ဖက်တွေရဲ့ ခြေလှမ်းဟာ သေသေသပ်သပ်နဲ့ ရှေ့ကိုတိုးလာကြပါတယ်။ တချိန်ထဲမှာပဲ အာဆင်နယ်ပရိတ်သတ်တွေဟာလည်း သူ့ကိုတော့ရမှဖြစ်မယ် ၊ ဒီလောက်နဲ့တော့မဖြစ်သေးဘူး ၊ အရင်နှစ်ကထက်တော့ပိုတိုးတက်လာပါတယ် .. စသည်ဖြင့် စိုးရိမ်မှုအချို့ကိုစမြင်ရပါတယ်။ တကယ်တော့ အခုလိုဖြစ်ရတာ အချက် ၂ ချက်ကြောင့်ပါ။
၁) အာဆင်နယ်တို့ဟာ မနှစ်ကထက်ပိုကောင်းလာတာသာဖြစ်ပြီး ၊ တကယ်မတိုးတက်သေးတာပါ။
၂) ပရိတ်သတ်တွေရဲ့ စိုးရိမ်မှုတွေကို ခနတာသက်သာစေတဲ့ အရေးပေါ် Injection အရှိန်ပျယ်သွားတာကြောင့်ပါ။
လှပတဲ့ဇာတ်လမ်းတိုင်းက ရလဒ်ကောင်းတတ်ကြပါသလား။ လူငယ်လေးတစ်ယောက်ကိုနေရာပေးလိုက်တယ် .. သူက အားလုံးအံ့အားသင့်အောင်စွမ်းဆောင်ပြမယ် ဆိုတာမျိုးက သူရဲကောင်းပုံပြင်ဆန်လွန်းလှပါတယ်။ အန်ကတ်တီယာသာ အာဆင်နယ်ရဲ့ တကယ့်ရွေးချယ်မှုဖြစ်နေခဲ့ရင် လာမယ့်ရာသီဟာ စိုးရိမ်စရာတကယ်ရှိပါတယ်။ အက်ဒီဟာ ပွဲထွက်ခွင့်ရသင့်ပြီး ထူးချွန်တဲ့လူငယ်တစ်ဦးဖြစ်ပါတယ်။ သို့သော် အာဆင်နယ်တိုက်စစ်ကို ဦးဆောင်ဖို့ကတော့ မေးခွန်းပေါင်းများစွာနဲ့ပါ။
ဒါ့အပြင်ကွင်းလယ် … ပါတေးလွမ်းမိုးမှု (Partey Supremacy) သိပ်ကိုအားကောင်းနေပြီး ၊ သူလဲ အကုန်လဲ ဖြစ်နေတာက အဆင့် ၄ နဲ့လွဲချော်ခြင်းအကြောင်းတစ်ရပ်ဖြစ်ပါတယ်။ တိုင်လီမန်းစ် … ဒါမှမဟုတ် Transitional Play ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ကို လိုအပ်နေပါတယ်။ ဒီတော့ တစ်ယောက်ယောက်ခေါ်မယ်လို့ ယုံကြည်ပါတယ်။ ခေါ်ဖို့လဲ နေ့တိုင်းမျှော်လင့်နေပါတယ်။ လိုအပ်နေတာ နေရာတိုင်းဆိုပေမယ့် တစ်ခုခုကိုသာ ရွေးရမယ်ဆိုရင်တော့ ကွင်းလယ်ပါပဲ။
ဒီစာဟာ အပြောစောလွန်းတယ်လို့ ဝေဖန်နိုင်သလို ၊ စိုးရိမ်မှုများခြင်းရဲ့ အစွန်းထွက်လဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ တိုးတက်လာနေတာ အာဆင်နယ်တစ်သင်းထဲမဟုတ်ဘူးဆိုတာပါပဲ။ မနှစ်က အာဆင်နယ်ထက် ဒီနှစ်အာဆင်နယ်က ကောင်းတယ်ဆိုရုံလောက်နဲ့ ပရီးမီးယားလိဂ်မှာ မဖြစ်ထွန်းနိုင်သေးပါ။
အာဆင်နယ်ဟာ စိုးရိမ်စရာအခြေအနေမှာရှိနေဆဲပါ။