နောက်ဆုံးရ အာဆင်နယ် သတင်းများ (30Jun)

ကြိုတင်သဘောတူညီမှုကြောင့် အငှားချကစားသမားအတွက် အာဆင်နယ်တို့  မည်သည့်ဆွေးနွေးမှုမှမလိုအပ်ခဲ့ကြောင်း ရိုမာနိုပြောကြား

အာဆင်နယ်အသင်းဟာ မည်သည့်ဆွေးနွေးမှုမှထပ်မံ ပြုလုပ်စရာမလိုပဲ ဂွမ်ဒူဇီအတွက် ပေါင် ၁၀ သန်းရရှိခဲ့ကြောင်း  ဖေဘရီဇီယိုရိုမာနိုက ပြောကြားလာခဲ့ပါတယ်။ မာဆေးနဲ့အာဆင်နယ်တို့အကြား မတ်လကတည်းက သဘောတူညီထားကြတာဖြစ်ကြောင်း ၊ အခြားကွင်းလယ်ကစားသမားဖြစ်တဲ့ တော်ရဲရားဟာလည်း လက်ရှိအချိန်မှာ အသင်းသစ်မရသေးပေမယ့် အမ်းမရိတ်ကနေ သေချာပေါက်ထွက်ခွာမှာဖြစ်ကြောင်း ရိုမာနိုက ဆိုခဲ့ပါတယ်။

ဂျက်ဝီးရှိုင်းယားကို လူငယ်အသင်းနည်းပြအဖြစ်အာဆင်နယ်ရည်မှန်းထား

အာဆင်နယ်အသင်းဟာ ကစားသမားဟောင်း ဂျက် ဝီရှိုင်းယားကို အသင်းဆီပြန်လည်ခေါ်ယူဖို့အတွက် ညှိနှိုင်းနေပြီဖြစ်တယ်လို့ သိရ​ပါတယ်။ ဂျက်ဟာ   အာဆင်နယ်  U18 နဲ့ U23 မန်နေဂျာရာထူးများအတွက် လျာထားခံရတာဖြစ်တယ်လို့ Evening Standards က ဖော်ပြလာတာဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့လအနည်းငယ်တုန်းက  “ တချိန်မှာအသင်းဆီကို ပြန်လာချင်တယ် “ လို့ ဖွင့်ဟခဲ့ဖူးတာဖြစ်ပါတယ်။

ဘန်ဝှိုက်ထက် ဆာလီဘာကို နေရာပေးဖို့ အဘွန်လဟော် အကြံပြု

ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ အဘွန်လဟော်က အာဆင်နယ်နည်းပြ အာတီတာအနေနဲ့  လူငယ် နောက်ခံလူဆာလီဘာကို  ဘန်ဝှိုက်ထက်ပိုပြီးဦးစားပေးသင့်ကြောင်း အခုလိုမှတ်ချက်ပြုလာပါတယ်။

“ ဆာလီဘာ ကစားတဲ့ပွဲတွေကို ကျွန်တော်ကြည့်ဖူးပါတယ်။ ဗဟိုနောက်ခံလူအဖြစ် ကောင်းမွန်တဲ့လျှင်မြန်မှုကို ပိုင်ဆိုင်ထားပြီး ၊ ဆုံးဖြတ်ချက်တွေလဲ မှန်ကန်တဲ့သူမျိုးပါ။ သပြောရင် ဘန်ဝှိုက်ကို သိပ်ပြီးအမွှန်းတင်နေကြသလိုပါပဲ  ..  နယူးကာဆယ်နဲ့ပွဲအပါအဝင် ရာသီသိမ်းပွဲစဥ်တွေကိုပြန်ကြည့်ရင် သူ့ရဲ့စွမ်းဆောင်ရည်က စိတ်ပျက်စရာပါ “  လို့  နှိုင်းယှဥ်သုံးသပ်သွားခဲ့တာပါ။

တိုင်လီမန်းစ်ကို အရခေါ်သင့်ကြောင်း The Athletic  သတင်းထောက်ပြောကြား

အာဆင်နယ်အသင်းအနေနဲ့ ရာဖင်ဟာကို မရတော့တဲ့နောက်မှာ  တိုင်လီမန်းစ်ကိုအရခေါ်ယူသင့်ကြောင်း the Athletic ရဲ့ အာဆင်နယ်သတင်းတာဝန်ခံ ဂျိမ်းစ်မက်နီကိုးလတ်စ်က မှတ်ချက်ပြုလာပါတယ်။

“  ကျွန်တော့်အမြင်မှာတော့ တိုင်လီမန်းစ်က အာဆင်နယ်တို့အမှန်တကယ်လိုအပ်ပြီး ၊ သဘောလည်းကျနေတဲ့ကစားသမားမျိုးပါ။  သူ့ကိုခေါ်ယူဖို့အတွက် ငွေကြေးပမာဏ တစ်ခုကို ကောင်းကောင်းသုံးစွဲသင့်ပါတယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။

အဆန်စီယိုကို  အာဆင်နယ်ကြိုးစားနေတယ်လို့ သတင်းတွေဖော်ပြနေကြ

စပိန်အားကစား Website တစ်ခုဖြစ်တဲ့ Curato   က အာဆင်နယ်တို့အနေနဲ့ ရီးရဲတောင်ပံလူ အဆန်ဆီယိုကို ကြိုးပမ်းနေဆဲဖြစ်တယ်လို့  ဖော်ပြလာပါတယ်။ အဆန်ဆီယိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက  ပွဲပေါင်း ၄၂ ပွဲကစားပြီး  ၁၂ဂိုးသွင်း  ၂ ကြိမ်ဖန်တီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ တောင်ပံကိုအားဖြည့်ဖို့လိုအပ်နေတဲ့ ဂန်းနားတို့ဟာ လိဒ်စ်ရဲ့ ရာဖင်ဟာ ကိုခေါ်ယူဖို့ရေပန်းစားခဲ့ပေမယ့်  ကစားသမားဟာ ချဲလ်ဆီးတို့ဆီကိုပဲ ရောက်ဖို့ များနေပြီဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: