တိုင်လီမန်းစ်ကို အာဆင်နယ် ခေါ်ယူဖို့ လိုသေးလား 

ဒီနွေမှာတော့ အာဆင်နယ်ဟာ အပြောသက်သက်မဟုတ်ပဲ အပြောင်းအရွှေ့ဈေးကွက်မှာ ခြေလှမ်းကျဲကျဲနဲ့ ခပ်သွက်သွက် လှုပ်ရှားနေခဲ့ပါတယ်။ အာတီတာဟာ အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုဖြစ်တဲ့ အမေရိကန် ခရီးစဉ်မတိုင်မီမှာ ကစားသမားအသစ်တွေကို အမြန်ဆုံးခေါ်ယူပြီး အသင်းနဲ့ ပူးပေါင်းစေဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

ဗီအဲရာ၊ဂျေးဆုတို့ကို ခေါ်ယူခဲ့ပြီးတဲ့နောက် လီဆန်ဒရို မာတီနက်ဇ်၊ ရာဖင်ဟာ၊ ၊ တိုင်လ်မန်းတို့နဲ့လည်း ချိတ်ဆက်မှုရှိနေပြီး လတ်တလောမှာတော့ ရာဖင်ဟာကို ခေါ်ယူဖို့ အီဒူးဟာ ဦးစားပေးကြိုးစားနေပုံပါပဲ။  

တိုင်လီမန်းစ်နဲ့ ပတ်သက်ပြီး အာဆင်နယ်ဟာ အနည်းငယ် သွေးအေးသွားခဲ့ပုံပါရပါတယ်။ အစောပိုင်းမှာတုန်းက အာဆင်နယ်ဟာ လက်စတာကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ကနဦးကမ်းလှမ်းမှုကို လက်စတာက ငြင်းပယ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီအပြောင်းအရွှေ့ကိစ္စဟာ အနည်းငယ် ငြိမ်သက်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ရဲ့ ဦးစားပေးပစ်မှတ်စာရင်းထဲမှာ ရာဖင်ဟာ၊ မာတီနက်ဇ်တို့က တိုင်လီမန်းစ်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ နေရာယူထားပုံပါပဲ။ 

တိုင်လ်မန်းစ်နဲ့ ပတ်သက်ပြီး အာဆင်နယ် expert ဒေးဗစ်အွန်စတိန်းက FIVE Channel နဲ့တွေ့ဆုံမှုမှာ ခုလို ဆိုလာခဲ့ပါတယ်။ 

အရင်က ကျွန်တော် ပြောပြခဲ့ဖူးသလိုပဲ။ အာဆင်နယ်ကစားသမားတွေထဲက ကွင်းမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်နိုင်သူတွေ( Key decision-makers)ရဲ့ အရည်အချင်းတွေအားလုံးဟာ သူ့တစ်ယောက်တည်းမှာတင်ရှိနေပါတယ်။” 

အာဆင်နယ်ဟာ သူ့ကို ငွေကြေးပမာဏတစ်ခုနဲ့ ကမ်းလှမ်းချင်ပါတယ်၊ သူ့ကို ခေါ်ယူဖို့ အလားအလာလည်း ရှိပါတယ်။ ဒါပေမယ့် တိုင်လီမန်းကစားတဲ့နေရာမှာ  ကစားသမားတွေ အများကြီးရှိနှင့်ပြီးဖြစ်တာ ကစားသမားသစ်ခေါ်ယူဖို့အတွက် ဦးစားပေးကစားသမား သတ်မှတ်ထားတာ တွေကြောင့် ဒီကိစ္စဟာ ပိုပြီး ရှုပ်ထွေးလာတယ်လို့ ခံစားရပါတယ်” 

အသင်းရဲ့ ကွင်းလယ်အထိုင်နေရာအတွက် ရှာကာ ၊ အယ်လ်နီနီ ၊ပါတေးနဲ့ လိုကွန်ဂါတို့ရှိနေပြီး အာတီတာသာ ဆန္ဒရှိမယ်ဆိုရင် တော်ရိုင်းယားကိုပါ ရွေးချယ်နိုင်ပါသေးတယ်။ ကွင်းလယ်ဟာ အင်အားဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပေမယ့် အာဆင်နယ်ကတော့ တိုင်လီမန်းစ်ကို ခေါ်ယူဖို့ အလောတကြီး ကြိုးစားလာမယ့် ဟန်မရှိပါဘူး။ အာတီတာအနေနဲ့လည်း ကစားသမားအသစ်တွေ ခေါ်ယူခဲ့ပြီးတဲ့နောက် ပါဘလိုမာရီ၊ ဘယ်လာရင်၊ ပေပေ စတဲ့ ကစားသမားတွေကို ရောင်းချနိုင်ဖို့ စီစဉ်ရပါဦးမယ်။ 

လက်စတာနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့တဲ့ တိုင်လီမန်းစ်ကို လိုချင်တဲ့ ဈေးနဲ့ ခေါ်ယူနိုင်အောင်  အပြောင်းအရွှေ့နောက်ဆုံးနေ့တွေအထိ  အီဒူးကတော့ ကြိုးစားသွားဖို့ ရှိနေပါတယ်။ တကယ်လို လိုချင်တဲ့ဈေးနဲ့ မရခဲ့ရင် အာတီတာဟာ လက်ရှိကွင်းလယ်လူစာရင်းဟာ လုံလောက်တဲ့အနေအထား တစ်ခုမှာ ရှိတယ်လို့ ယူဆပြီး လက်စတာ ကွင်းလယ်လူကို လက်လျှော့သွားနိုင်မလား ဒါမှမဟုတ် ဘယ်လ်ဂျီယန်သားကို မရမက ခေါ်ယူသွားမလားဆိုတာက‌တော့ ပိတ်ကားပေါ်မှာပဲ ဆက်လက် စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: