ရာဖင်ဟာကို ခေါ်ဖို့ ငွေပုံအောသုံးသင့်သလား

ဗီအဲရာ၊ဂျေးဆုတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် အီဒူးအတွက် လုပ်စရာတွေ အများကြီး ကျန်နေတုန်းပါပဲ။ အာဆင်နယ်ရဲ့ မြောက်များစွာသော ပစ်မှတ်ကစားသမားတွေအနက် ရာဖင်ဟာ၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ တိုင်လ်မန်းတို့ဟာ အသင်းအတွက် အလိုအပ်ဆုံး ကစားသမားတွေ ဖြစ်နိုင်ပါတယ်။ မကြာခင် အမေရိကကို အာဆင်နယ်ဟာ ရာသီကြိုပြင်ဆင်မှုအတွက် ခြေစမ်းပွဲခရီးစဉ် ထွက်ဖို့ ရှိနေပြီး အဲ့ဒီအချိန်မတိုင်မီ အီဒူးဟာ အာတီတာလိုချင်တဲ့ ကစားသမားတွေကို ခေါ်ပေးဖို့ ရှိနေပါတယ်။ 

ဒီသုံးယောက်ထဲမှာ ဈေးအကြီး‌ဆုံး ဖြစ်နိုင်ချေရှိတဲ့ ကစားသမားကတော့ လိဒ်စ်ယူနိုက်တက်ရဲ့ တောင်ပံကစားသမား ရာဖင်ဟာပဲ ဖြစ်ပါတယ်။ဘာစီလိုနာနဲ့ သတင်းထွက်ခဲ့ပေမယ့် ဘဏ္ဍာရေးအခက်အခဲတွေ ရှိနေတဲ့  လာလီဂါဘီလူးဟာ လက်ရှိမှာတော့ ဘရာဇီးလ်လက်ရွေးစင်ကို ခေါ်ယူဖို့ လက်လျှော့ခဲ့ပုံပါပဲ။ ဒါကြောင့် ရာဖင်ဟာက လတ်တလောမှာ အာဆင်နယ်နဲ့ တော်တော်လေးကို ကျယ်ကျယ် လောင်လောင် သတင်းထွက်နေပါတယ်။ 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရာဖင်ဟာ ဟာ လိဒ်စ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ဂိုး ရယူပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ရာဖင်ဟာက သူဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်တဲ့ ၊ ညာတောင်ပံတစ်လျှောက် ပြိုင်ဘက်ခံစစ်ကစားသမားတွေကို အမြဲအလုပ်ရှုပ်စေတဲ့ ကစားသမားတစ်ယောက်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့် ဂျက်ဝီရှီးယားက ရာဖင်ဟာအတွက် ပေါင်သန်း၅၀ဆိုတာ မများပါဘူးလို့ ဆိုလာခဲ့တာ ဖြစ်ပါတယ်။  ဒါပေမယ့် နောက်ဆုံးရ သတင်းတွေအရ လိဒ်စ်ဟာ သူတို့ရဲ့ ကစားသမားအတွက် ပေါင်၆၅သန်းအထိ အလိုရှိနေတာ ဖြစ်ပါတယ်။  

ဒီတော့ မေးခွန်းထုတ်စရာ ရှိတာက ရာဖင်ဟာအတွက် ဒီလောက်ငွေကြေးပမာဏကို အာဆင်နယ် သုံးစွဲဖို့ တကယ်ပဲ လိုအပ်သလား ဆိုတာပါပဲ။ 

ပြီးခဲ့တဲ့ ရာသီ၊ အသင်းရဲ့ ညာတောင်ပံ တိုက်စစ်မှာ ကစားရတဲ့ ဆာကာဟာ ပရီးမီးယားလိဂ် ပွဲစဉ်၃၈ပွဲ လုံးပါ၀င်ခဲ့ရပြီး အနားမရခဲ့ပါဘူး။ ဂျေးဆု ရောက်ရှိလာတာဟာ ငရုတ်သီးလေးရဲ့ ပခုံးပေါ်က ဖိအားတွေကို လျှော့ချပေးနိုင်မှာ ဖြစ်သလို အာတီတာကလည်း အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားလေးကို အနားပေးနိုင်ဖို့ ပေပေထက်ပိုကောင်းတဲ့ Wingerတစ်ဦးကို လက်ရှိမှာ ရှာဖွေနေပါတယ်။ ဒါပေမယ့် ရာဖင်ဟာကို ပေါင်၆၅သန်းပေး ခေါ်ယူမှာက‌တော့ မှန်ကန်တဲ့ အဖြေ ဖြစ်နိုင်တာကို အာတီတာအနေနဲ့ သိပြီးဖြစ်မှာပါ။ 

လာမယ့်နှစ်မှာ ဥရောပပြိုင်ပွဲအသင်းဟာ ကွင်းလယ်နဲ့ နောက်တန်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အရန်ကစားသမားတစ်ယောက်အတွက် ၊ အဓိက ကစားသမားရှိနေပြီးသား position အတွက် ပေါင် ၆၅သန်း ပေး၀ယ်ရလောက်အောင် အီဒူးနဲ့ အာတီတာတို့ ဉာဏ်မနည်းလောက်ပါဘူး။ ဒီနွေမှာ တိုက်စစ်မှူးတစ်ဦး၀ယ်ဖို့က အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ပဲ ဖြစ်ပြီး ဒီရည်ရွယ်ချက်ဟာလည်း အောင်မြင်ခဲ့ပြီးပါပြီ။ ကွင်းလယ်လူတစ်ယောက်နဲ့ ခံစစ်ကစားသမားတစ်ယောက်ကို ထပ်ခေါ်နိုင်မယ် ၊ဆလီဘာလည်း အမ်းမရိတ်ကို ပြန်လာမယ်ဆိုရင်‌တော့ ဒီနွေဟာ ပြည့်စုံလှပါပြီ။ 

လိဒ်စ်ကတော့ သူတို့ရဲ့ ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို ပေါင်သန်း၅၀ ၀န်းကျင်နဲ့ မန်စီးတီးကို ရောင်းခဲ့ပြီး ရာဖင်ဟာအတွက်ပါ ပေါင်၆၅သန်းထပ်ရဖို့ မျှော်လင့်နေပုံပါပဲ။

Advertisement

Leave a Reply

%d bloggers like this: