ဂျာရတ်ဆီကနေ အာတီတာ လုယူဖို့ ကြိုးစားလာမယ့် အင်္ဂလန် ယူ၁၉ ခေါင်းဆောင်

Talk Sportရဲ့အဆိုအရ အာဆင်နယ်ဟာ အက်စ်တွန်ဗီလာ အသင်းရဲ့ ကွင်းလယ်လူ ချူကွယ်မန်ကာကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ သိရပါတယ်။ 

အသက် ၁၈နှစ်အရွယ် ကစားသမားဟာ ငယ်ရွယ်သေးပေမယ့်လည်း ပြီးခဲ့တဲ့ဘောလုံးရာသီ ၊ ဗီလာပါ့ခ်မှာ ပွဲကစားချိန်မိနစ် အများအပြားရရှိခဲ့ပြီး စတီဗင်ဂျာရတ်က ချူကွယ်မန်ကာဟာ သူ့ရဲ့ အနာဂတ် plan တွေထဲမှာ ပါ၀င်တဲ့ ကစားသမားတစ်ဦးဆိုတာကို ပြသခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အင်္ဂလန်ယူ၁၉အသင်းခေါင်းဆောင်နဲ့ အက်စ်တွန်ဗီလာတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။ ဗီလာဟာ သူတို့ရဲ့ ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ ရုန်းကန်နေရပြီး တကယ်လို့ စာချုပ်သစ်အတွက် ဆွေးနွေးမှု အဆင်မပြေခဲ့ရင်တော့ ချူကွယ်မန်ကာကို ထုတ်ရောင်းသွားရဖို့ ရှိနေပါတယ်။ 

လက်ရှိမှာ ချူကွယ်မန်ကာဟာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန် ယူ၁၉အသင်းရဲ့ ကပ္ပတိန်အဖြစ်နဲ့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။သူဟာ အုပ်စုပွဲစဉ် ၃ပွဲမှာ ၂ဂိုးသွင်း၊ ၂ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်စ်စတွန်ဗီလာနဲ့အတူ ခြေစွမ်း‌ခြေစ အချို့ကို ပြသနိုင်ခဲ့တဲ့အပြင် ယူရိုပြိုင်ပွဲမှာပါ ဆက်လက်ခြေစွမ်းပြနေတာကြောင့် အာဆင်နယ်ဟာ ချူကွယ်မန်ကာကို စိတ်၀င်စားလာခဲ့ပြီး အက်စ်စတွန်ဗီလာကတော့ အာဆင်နယ်ဆီ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ကို မဆုံးရှုံးရဖို့ ကြိုးစားနေပါတယ်။ 

ချူကွယ်မန်ကာဟာ ပြီးခဲ့တဲ့ ရာသီမှာ အက်စတွန်ဗီလာအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ပွဲအထိ ပါ၀င်ခွင့်ရခဲ့ပြီး အသင်းရဲ့အကယ်ဒမီထွက် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။နိုင်ဂျီးရီးယားနွယ်ဖွားမိဘတွေဟာ သူ့ကို ဩစတြီးယားမှာ မွေးဖွားခဲ့ပြီး အင်္ဂလန်မြေမှာ ကြီးပြင်းစေခဲ့ပါတယ်။ဒါကြောင့် ချူကွယ်မန်ကာဟာ နိုင်ဂျီးရီသယား၊ ဩစတြီးယားနဲ့ အင်္ဂလန် သုံးနိုင်ငံထဲက တစ်နိုင်ငံကို ကိုယ်စားပြုခွင့်ရှိခဲ့ပြီး သူကတော့ အင်္ဂလန်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ 

အာဆင်နယ်ဟာ လူငယ်ကစားသမားတွေကို ဦးစားပေးခေါ်ယူပြီး ပရီးမီးယားလိဂ်ရဲ့ အသက် အငယ်ဆုံးလူစာရင်းပိုင်ဆိုင်ထားတာဟာ အင်္ဂလန် ယူ၁၉အသင်းခေါင်းဆောင်အတွက် ဆွဲဆောင်မှု တစ်ခုဖြစ်နိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: