အန်ကတ်တီးယားက အများကြီးလုပ်မပေးနိုင်ဘူးဆိုတာကို အာတီတာ နားလည်ဖို့လိုပါတယ်  – ပေါလ်မာဆင်

ပေါလ်မာဆင်က အန်ကက်တီးယားဟာ ဖူလ်ဟမ်မှာ‌ဆိုရင်တောင် ပွဲထွက်ကစားသမား (၁၁)ယောက်စာရင်းမှာ ပါ၀င်ခွင့်ရမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ အာတီတာဟာ လာမယ့်ရာသီ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အန်ကက်တီးယားကို အသုံးပြုမယ်ဆိုရင် အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ ထပ်ပြီး လွဲချော်ရမယ်လို့ ဆိုပါတယ်။ 

အသင်းကနေ ထွက်ခွာတော့မယ်လို့ ထင်ခဲ့ရပြီးမှ မကြာသေးမီကပဲ စာချုပ်အသစ်ချုပ်ဆိုခဲ့တဲ့ အန်ကက်တီးယားဟာ လက်ရှိမှာ အသင်းရဲ့တိုက်စစ်မှူးနေရာအတွက် အာဆင်နယ်ရှိသမျှအကုန်ပဲ။” 

အန်ကက်တီးယားကို မလေးစားတာတော့ မဟုတ်ပါဘူး။ဒါပေမယ့် အာတီတာ နားလည်ဖို့လိုတာက အန်ကက်တီးယားဟာ အာဆင်နယ်ကို ထိပ်သီးလေးသင်းစာရင်း မ၀င်နိုင်စေပါဘူး။ အခွင့်အရေး လုံး၀ကို မရှိတာပါ” 

အန်ကက်တီးယားဟာ အသင်းကို ထိပ်သီးလေးသင်းစာရင်း၀င်အောင် တွန်းပို့ပေးမယ့် တိုက်စစ်မှူး မဖြစ်နိုင်ပါဘူး။သူဟာ အဲဗာတန်မှာဆိုရင် ကဲလ်ဗက်လီ၀င်း၊ ရစ်ချာလီဆန်တို့ကို ကျော်နိုင်မှာ မဟုတ်ပါဘူး။” 

“အခုမှ တန်းတက်လာတဲ့ ဖူလ်ဟမ်မှာဆိုရင်တောင် အန်ကက်တီးယားဟာ မီထရိုဗစ်ကို ကျော်ပြီး နေရာမရနိုင်ပါဘူး။ကျွန်တော် သူ့ကို အသင်းကနေ ထွက်သွားစေချင်တာတော့ မဟုတ်ပါဘူး။ဒါပေမယ့် သူဟာ အသင်းကို ထိပ်သီးလေးသင်းစာရင်း ၀င်စေမှာ မဟုတ်ပါဘူး။” 

ပေါလ်မာဆင်ရဲ့ သုံးသပ်ချက်ဟာ အနည်းငယ်တော့ မမျှတဘူးလို့ သုံးသပ်နိုင်ပါတယ်။ 

အန်ကက်တီးယားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရာသီကုန်ခါနီးမှာသာ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပြီး အသင်းအနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရခြင်းကလည်း အန်ကက်တီးယားရဲ့ အားနည်းချက်ကြောင့် မဟုတ်ခဲ့ပါဘူး။ 

တကယ်လို့ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နောက်ဆုံး သီတင်းပတ်တွေမှာ အန်ကက်တီးယားအစား လာကာဇက်တီကိုသာ ဆက်ပြီး အသုံးပြုခဲ့ရင် အသင်းအနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ ကပ်လွဲချော်ခဲ့ရတဲ့ အဆင့်တောင် ရောက်လာဖို့ မသေချာပါဘူး။အော်ဘာမီယန်းနဲ့ လာကာဇက်တီမရှိတော့တဲ့ တိုက်စစ်အတွက် အင်္ဂလန် U21 ရဲ့ စံချိန်တင် ဂိုးသွင်းရှင်ဟာ အတိုင်းအတာတစ်ခုအထိ အဖြေဖြစ်လာမှာပါ။ 

အန်ကက်တီးယားဟာ အဆုံးသတ်အရမ်သေချာတဲ့ တိုက်စစ်မှူးမျိူးမဟုတ်ပေမယ့် သူ့ရဲ့ ရုန်းအား၊တိုးအား၊ကြိုးစားမှုတွေတဲ့ ပြိုင်ဘက်နောက်တန်းကို အလုပ်များစေတဲ့ ၊အမှားများစေတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်သေးတာကြောင့် သူ့ဆီက‌နေ အများကြီး မျှော်လင့်စရာတွေ ရှိနိုင်ပါတယ်။ 

အာတီတာဟာ သူ့ကို စာချုပ်အသစ်ချုပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာဟာ အကြောင်းမဲ့တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ သူ့ကို တစ်ခါလောက်တော့ အခွင့်အရေး ပေးသင့်ပါတယ်

Advertisement

Leave a Reply

%d bloggers like this: