တိုင်လီမန်းစ်နဲ့ အာဆင်နယ် နောက်ဆုံးအခြေအနေ

CBS ဂျာနယ်လစ်ဖြစ်သူ ဘန်ဂျက်ကော့စ်က တိုင်လီမန်းဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီလို့ ဆိုပါတယ်။ 

လက်စတာနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိသေးတဲ့ ဘယ်လ်ဂျီယံ‌လက်ရွေးစင်ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။‌နွေအပြောင်းအရွှေ့ဈေးကွက် မဖွင့်ခင်ကတည်းက အာဆင်နယ်က တိုင်လီမန်းစ်ကို လိုက်နေတယ်ဆိုတဲ့ သတင်းတွေဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့ပါတယ်။ 

ဒီနွေမှာ မာကွင်ဟို၊ ဗီအဲရာတို့ကို ခေါ်ယူထားတဲ့ အာဆင်နယ်ဟာ မန်စီးတီး တိုက်စစ်မှူး ဂျေးဆုကိုလည်း ခေါ်ယူဖို့ အတော်လေးကို နီးစပ်နေပြီး တိုင်လ်မန်းနဲ့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားခဲ့ပါပြီလို့ ဂျက်‌ကော့က ဆိုပါတယ်။ ဒီသတင်းသာအမှန်ဆိုရင်‌တော့ လက်စတာနဲ့ အီဒူးတို့ ဈေးညှိုဖို့ပဲ ကျန်ပါတော့မှာ ဖြစ်ပြီး ဒီအပိုင်းက အခက်ဆုံးဖြစ်လာဖို့ရှိနေပါတယ်။ 

ဂျက်ကော့ကတော့ အာဆင်နယ်နဲ့ တိုင်လီမန်းစ်တို့ရဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ခုလို ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အာဆင်နယ်နဲ့ တိုင်လ်မန်းအကြားမှာ ဘာတိုးတက်မှုမှ မရှိခဲ့ဘူးလို့ညဆိုရင် မှားပါတယ်။အာဆင်နယ်ဟာ နိုင်ငံတကာ ပွဲစဉ်တွေပြီးတဲ့အခါ တိုင်လ်မန်းကို ခေါ်ယူဖို့ ကြိုးစားလာမယ်လို့ ခံစားနေရပါတယ်။သူတို့ ဗီအဲရာကို ခေါ်ယူခဲ့ပြီး တိုင်လ်မန်းကလည်း သူတို့ရဲ့ ပစ်မှတ်ထဲမှာ ပါ၀င်နေဆဲပါပဲ” 

အာဆင်နယ်ဟာ တိုင်လ်မန်းကို ခေါ်ယူဖို့ အများကြီး အလုပ်လုပ်နေခဲ့တာပါ။ သူ့အတွက် ပေါင်၂၅သန်းပဲ ပေးဖို့ အာဆင်နယ်က ဆန္ဒရှိနေပေမယ့် လက်စတာကတော့ သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း၃၀၊ ၃၁သန်း၊၃၂သန်း စသည်ဖြင့် ပိုလိုချင်နေပါတယ်” 

အာဆင်နယ်ဟာ တိုင်လီမန်းစ်ကို ပေါင်၂၅သန်းနဲ့ မရရင် လက်လျှော့သွားဖို့များနေပါတယ်။လက်စတာကလည်း တိုင်လီမန်းစ်ကို ၂၀၁၉မှာ ခေါ်ယူခဲ့စဉ်က သုံးစွဲခဲ့ရတဲ့ ပေါင်၃၂သန်း ပြန်ရမှာသာ ရောင်းချသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်တွေအတွက်အာဆင်နယ်သာ အဓိက အင်အားဖြည့်တင်းနေပေမယ့် အသင်းရဲ့ ကွင်းလယ်ဟာလည်း အင်အားဖြည့်တင်းဖို့ လိုအပ်နေဆဲပါပဲ။ တိုင်လီမန်းစ်ဟာ ပါတေးနဲ့ တွဲဖက်ပြီး ‌အသင်းကို နောက်ထပ်အဆင့်တစ်ခု ရောက်စေနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ 

လက်စတာအနေနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့တဲ့ သူတို့ရဲ့ ကစားသမားကို အာဆင်နယ်ပေးတဲ့ ၂၅သန်းနဲ့ရောင်းမလား ၊ ဒါမှမဟုတ် အာဆင်နယ်ကကော တိုင်လီမန်းကို ပေါင်၂၅သန်းနဲ့မရရင် ဘယ်လ်ဂျီယံ ကစားသမားကို ခေါ်ယူမယ့်အပေါ် လက်လျှော့ပြီး အခြားကစားသမားကို ပြောင်း‌လဲခေါ်ယူသွားမလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: