အသင်းရဲ့ လူငယ်ကြယ်ပွင့်လေးကို အာဆင်နယ် အငှားချသင့်လား

လာလီဂါ အသင်းအချို့ဟာ အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေးဖြစ်သူ မီဂွယ်အက်ဇ်ဇိကို လာမယ့် ဘောလုံးရာသီအတွက် အငှားခေါ်ယူနိုင်ဖို့ ကြိုးစားနေကြပါတယ်။ 

၁၉နှစ်အရွယ် ဂန်းနားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေမှာ ပို့စ်မောက်ကို အငှားထွက်ကစားခဲ့ပါတယ်။ ဒါပေမယ့် ပို့စ်မောက်မှာ အက်ဇ်ဇိဟာ လုံလောက်တဲ့ ကစားချိန်မရခဲ့တာကြောင့် အာဆင်နယ်က သူ့ကို အမ်းမရိတ်ကိုပဲ ပြန်ခေါ်ခဲ့ပါတယ်။ လိဂ်၀မ်းမှာ သူဟာ လေးကြိမ်ပွဲထွက်ခွင့်ရခဲ့ပြီး နှစ်ပွဲကိုတော့ လူစား၀င်ကစားသမားအဖြစ်နဲ့ ပါ၀င်ခွင့် ရခဲ့ပါတယ်။ 

အာဆင်နယ်ဟာ အက်ဇ်ဇိကို အသင်းဆီ ပြန်ခေါ်ခဲ့ပေမယ့် နောက်ထပ် အငှားချရမယ့် အသင်းကို ရှာမတွေ့ခဲ့သလို အသင်းကြီးရဲ့ လူစာရင်းမှာလည်း ထည့်သွင်းထားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ တစ်ပွဲမှာတော့ အသုံးပြုခဲ့ခြင်း မရှိသေးပါဘူ။ အက်ဇ်ဇိကတော့ အသင်းကြီးနဲ့အတူ ပထမဆုံး ပွဲထွက်ခွင့်ရဖို့ စောင့်မျှော်နေရဆဲပါပဲ။ 

အက်ဇ်ဇိဟာ လာမယ့်ရာသီမှာတော့ ပွဲထွက်ခွင့် ရတော့မယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ် ပြိုင်ပွဲကို ၀င်ရောက်ယှဉ်‌ပြိုင်ရဖို့ ရှိနေတာကြောင့် ပါတီနို၊ချာလိုဘတ်၊အက်ဇ်ဇီတို့လို အသင်းရဲ့ အကယ်ဒမီထွက် လူငယ်လေးတွေဟာ အသင်းကြီးနဲ့အတူ ဥရောပပြိုင်ပွဲမှာ  ပွဲထွက်ခွင့်တွေရဖို့ အခွင့်အရေးတွေရှိနေပါတယ်။ 

ဒါပေမယ့် အာတီတာဟာ အသင်းကြီးမှာ နေရာပေးဖို့အတွက်  အက်ဇ်ဇိထက် ပါတီနိုကိုပဲ ပိုပြီး ဦးစားပေးဖို့များနေပါတယ်။လာလီဂါအသင်းအချို့က အက်ဇ်ဇိကို ခေါ်ယူဖို့ စိတ်၀င်စားလာတဲ့နောက် အသင်းရဲ့တာ၀န်ရှိသူတွေဟာ သူတို့ရဲ့ ကစားသမားကို လာလီဂါမှာ အငှားချထားသင့်လား ၊ပရီးမီးယားလိဂ်မှာ ဆက်နေခိုင်းမလားဆိုတာကို ဆွေးနွေးနေကြပါတယ်။ 

လက်ရှိတွေမှာလည်း မာကွင်ဟို၊ ဗီအဲရာတို့ အသင်းကို ရောက်ရှိထားတာကြောင့် အက်ဇ်ဇိအနေနဲ့ အာဆင်နယ်မှာ ပွဲကစားခွင့် မိနစ်တွေ ရရှိဖို့ ခက်ခဲပါလိမ့်မယ်။ အသက်၁၉နှစ်အရွယ် အင်္ဂလန်သားလေးဟာ အလားအလာတွေအများကြီးရှိတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လာမယ့်နှစ်တွေမှာတော့ အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ ရှိနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: