အသင်းရဲ့ လူငယ်ပရော့ဂျက်နဲ့ ပတ်သက်ပြီး အီဒူးဘာတွေ ချပြလာလဲ

အာဆင်နယ် ဒါရိုက်တာ အီဒူးက အသင်းအနေနဲ့  လူငယ်ကစားသမားတွေကို ခေါ်ယူနေရတဲ့ အကြောင်းရင်းဟာ သူတို့အနေနဲ့ အသင်းနဲ့အတူ ငါးနှစ် ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာကြာရှိနေမယ့် ကစားသမားတွေကို လိုချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

မီခေးလ်အာတီတာဟာ အမ်းမရိတ်ကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၉ခုနစ်ကစပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ တာ၀န်အပ်နှင်းခံထားရတာ ဖြစ်ပါတယ်။ 

စပိန်သားဟာ အသင်းကို ပိုပြီးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်ခဲ့ပြီး အသင်းကို ဆက်လက်တိုးတက်စေဖို့ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဒီနွေမှာ အီဒူးနဲ့အတူ ကြိုးစားနေပါတယ်။ 

အသင်းနဲ့ စာချုပ်သက်တမ်းကုန်‌ဆုံးသွားတဲ့ အန်ကက်တီးယားကိုလည်း အာတီတာဟာ စာချုပ်သစ်အတွက် နားချနိုင်ခဲ့ပါတယ်။အသက်၂၂နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဖေဘီယို ဗီအဲရာနဲ့ ဘရာဇီးလ်လူငယ် မာကွင်ဟိုတို့ကို ဒီနွေမှာ ခေါ်ယူခဲ့ပြီးဖြစ်သလို ဂျေးဆု၊ အေရွန်ဟစ်ကီ စတဲ့ ကစားသမားတွေဟာ အာဆင်နယ်ရဲ့ ကစားသမားသစ်တွေ ဖြစ်လာဖို့ နာမည်ကြီးနေပါတယ်။ 

အသင်းရဲ့ planတွေနဲ့ ပတ်သက်ပြီး အီဒူးက အာဆင်နယ် မီဒီယာကို ခုလို ဆိုလာခဲ့ပါတယ်။ 

ကျွန်‌တော် လူငယ်ကစားသမားတွေအတွက် ရာနှုန်းပြည့် မြုပ်နှံသွားမှာပါ။အာဆင်နယ်ဟာ ဒီလိုအသင်းမျိုးပဲ ဖြစ်ရမှာပါ” 

မှန်ကန်တဲ့ အသက်အရွယ်၊ မှန်ကန်တဲ့ ခံယူချက်နဲ့ မှန်ကန်တဲ့ စိတ်သဘောထားရှိတဲ့ စိတ်၀င်စားဖို့ ကောင်းတဲ့ ကစားသမားတွေခေါ်ယူဖို့အတွက် ဈေးကွက်ထဲကို ကျွန်တော်တို့ သွားမှာပါ” 

ကျွန်တော်တို့က အာဆင်နယ်ကို လူငယ်ကစားသမားအစုအဖွဲ့တစ်ခု၊ ကြီးမားတဲ့ အနာဂတ်တွေရှိနေတဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ လူစာရင်းတစ်ခုလို မြင်ချင်တာပါ။ ဘာလို့လဲဆိုတော့ မနှစ်က နွေရာသီမှာ ကျွန်တော်ပြောခဲ့သလို ငယ်ရွယ်တဲ့ လူစာရင်းတစ်ခုကို ပိုင်ဆိုင်ရဖို့က ကျွန်တော်တို့ရဲ့ စိတ်ကူးပါပဲ” 

ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ပစ်မှတ်ထားတဲ့ ကစားသမားတွေ၊ ကျွန်တော်တို့ ခေါ်ယူချင်တဲ့ ကစားသမားတွေနဲ့အတူ နောက်ဘောလုံးရာသီကို စတင်ဖို့ တကယ်ပဲ စိတ်လှုပ်ရှားနေပါတယ်” 

တကယ်လို့ အာဆင်နယ်သာ ဂျေးဆု၊တိုင်လ်မန်း၊အေရွန်ဟစ်ကီ စတဲ့ ကစားသမားတွေကိုသာ ခေါ်ယူနိုင်ခဲ့ရင်တော့ နောက်ရာသီဟာ တကယ်ပဲ စိတ်လှုပ်ရှားစရာကောင်းမှာပါ။

Just Arsenal ၏ အယ်ဒီတာထံမှ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြထားပါတယ်။ မူရင်းဆောင်းပါးကိုလည်း တပါထဲ ဖတ်ရှုနိုင်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: