ပရိသတ်တွေကို အံအားသင့်စေခဲ့တဲ့ အာဆင်နယ်ရဲ့ ကစားသမား ခေါ်ယူမှု (၅)ခု

အာဆင်နယ်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ လေးတိလေးကန်နိုင်သူတွေ အဖြစ် နာမည်ကြီးကြတာ ဖြစ်ပါတယ်။ဒါပေမယ့် ပေါ်တိုကွင်းလယ်လူကို ဗီအဲရာကိုတော့ အီဒူးတို့ဟာ လက်သွက်ခြေသွက်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားတွေထဲမှာ အသက်၂၂နှစ်အရွယ် ပေါ်တိုကွင်းလယ်လူဟာ ပါ၀င်နေတယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပြီး ၂၄နာရီမပြည့်သေးခင်မှာပဲ အာဆင်နယ်ဟာ ဗီအဲရာကို ခေါ်ယူနိုင်လိုက်ပြီလို့ သတင်းထွက်ပေါ်လာခဲပါတယ်။ အမ်းမရိတ်ကို ဆိုင်းမဆင့် ဗုံမဆင့်ပဲ ကစားသမားသစ်တစ်ယောက်ရောက်လာပြီဆိုတဲ့ သတင်းဟာ  အသင်းအပေါ် အားမလိုအားမရဖြစ်နေတဲ့ ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ 

ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။အတိတ်မှာလည်း ဒီလိုမျိုး ပရိသတ်တွေကို အံ့ဩစေမယ့် ကစားသမားခေါ်ယူမှုတွေကို အာဆင်နယ်ဟာ ပြုလုပ်ခဲ့ဖူးပါတယ်။မထင်မှတ်ထားခဲ့တဲ့ ကစားသမားခေါ်ယူမှုတွေထဲမှာ အထင်ရှားဆုံး ဖြစ်ခဲ့တာတွေကတော့ 

()ဆိုးလ်ကမ်းဘဲလ် 

အံ့အားသင့်စရာ ကစားသမားခေါ်ယူမှုတွေနဲ့ ပတ်သက်လာရင် ဆိုးလ်ကမ်းဘဲလ်အကြောင်းကို အရင်ဆုံးပြောရမှာပါ။တော့တင်ဟမ် ဟော့စပါးရဲ့ ကပ္ပတိန်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကို ရောက်လာခဲ့တာဟာ  မြောက်လန်ဒန်ဒါဘီ အသင်းတွေရဲ့ ပရိသတ်တွေအတွက် အံ့အားသင့်စရာအကောင်းဆုံး အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ 

ကမ်းဘဲလ်ဟာ အစောပိုင်းမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် ဂန်းနားတွေဟာ စပိန်ဘီလူးတွေဆီကနေ မြို့ခံပြိုင်ဘက်ရဲ့ ကစားသမားကိုလုယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

()မီဆွတ် အိုဇေးလ် 

အိုဇေးလ်ကို အာဆင်နယ်ခေါ်ယူခဲ့တဲ့ နေ့ကို အာဆင်နယ်ပရိသတ်တွေအားလုံး အမှတ်ရနေဦးမှာပါ။ဂျာမနီလက်ရွေးစင်ဟောင်းနဲ့ အာဆင်နယ်တို့ရဲ့ ဇာတ်သိမ်းကတော့ မလှပခဲ့ပေမယ့် အိုဇေးလ်ဟာ အာဆင်နယ်ကို အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ 

ရီးရဲလ်မက်ဒရစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦးကို ဇန်နဝါရီအပြောင်းအရွှေ့ရဲ့နောက်ဆုံးနေ့မှာ ပေါင်သန်း၄၀၀န်းကျင်နဲ့ အာဆင်နယ်ဟာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာ အိုဇေးလ်ဟာ သူ့ရဲအချိန်အခါမှာ အကောင်းဆုံး ကျောနံပါတ်၁၀ ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၈၄ပွဲမှာ ၃၃ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅၈ကြိမ်ပြုလုပ်ခဲ့ပါတယ်။ 

()ဒန်နီဝဲလ်ဘတ် 

၂၀၁၄နွေရာသီမှာ အာဆင်၀င်းဂါးဟာ သူ့ရဲ့ အာဆင်နယ်မန်နေဂျာဘ၀ ပထမဆုံးအနေနဲ့ ကစားသမားသစ်တွေခေါ်ယူဖို့ ပေါင်သန်း၁၀၀ကျော် သုံးစွဲခဲ့ပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်က်ု ခေါ်ယူခဲ့တာသာ မီဒီယာစာမျက်နှာတွေမှာ ခေါင်းစည်းသတင်းဖြစ်ခဲ့ပါတယ်။ Deadline နေ့မှာ မထင်မှတ်ပဲ အာဆင်၀င်းဂါးခေါ်ယူခဲ့သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ပဲ ဖြစ်ပါတယ်။ 

ဝဲလ်ဘတ်ဟာ မန်ယူကစားသမားဘ၀၊ ထွန်းတောက်စ အချိန်မှာပဲ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး အာဆင်နယ်ကို ပြောင်းရွှေ့လာတာဟာ တကယ်ကို  ထူးဆန်းတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ 

()နီကိုလပ်စ် ပေပေ 

အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၇၂)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ပေပေဟာ အမ်းမရိတ်မှာတော့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်မလာခဲ့ပါဘူး။ ဒီနွေမှာတော့ အိုင်‌ဗရီကို့စ်သားဟာ အမ်းမရိတ်ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ 

ပေပေဟာ လိုင်လီမှာ ရှိခဲ့စဉ်က ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျတာကို ခံခဲ့ရပါတယ်။ဒါ‌ကြောင့် အမ်းမရိတ်ကို  သူရောက်ရှိလာချိန်မှာ အိုင်ဗရီကို့စ်သားအပေါ်  ပရိသတ်တွေဟာ အများကြီး မျှော်လင့်ခဲ့ပေမယ့် ပေပေအတွက်တော့ ပရီးမီးယားလိဂ်ဟာ အောင်မြေ မဖြစ်ခဲ့ပါဘူး။ 

()အာရွန်ရမ်ဒေးလ် 

လက်ရှိမှာ အသင်းရဲ့ ပထမဦးစားပေးဂိုးသမား၊ပရိသတ်ရဲ့ အချစ်တော်ဖြစ်တဲ့ ရမ်ဒေးလ်ဟာ အမ်းမရိတ်ရောက်လာခါစက ပရိသတ်တွေရဲ့ ကြိုဆိုခြင်းကို ခံခဲ့ရသူတော့ မဟုတ်ပါဘူး။အသင်းငယ်လေးတစ်သင်းက ဂိုးသမားကို သန်း၃၀နဲ့ ခေါ်ယူခဲ့တဲ့ အသင်းအပေါ် ပရိသတ်တွေဟာ ဝေဖန်ခဲ့ပြီး ကစားသမားဟာလည်း ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ 

ဒါပေမယ့် ရမ်ဒေးလ်ကတော့ သူရဲ့လက်စွမ်းကို အလုပ်နဲ့ သက်သေပြခဲ့ပြီး လီနိုဆီက ပထမဦးစားပေးဂိုးသမားနေရာကို ရယူနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: