ခင်ဗျား အာဆင်နယ်ပရိတ်သတ်ဆိုတာ သေချာရဲ့လား

ပရိတ်သတ်ဆိုတာဘာလဲ?

ဒီမေးခွန်းကို ဖြေဖို့အတွက် အာဆင်နယ်ပရိတ်သတ်တွေကိုယ့်ကိုယ်ကိုအရင်ဆုံးမေးရပါလိမ့်မယ်။ သူတို့ဟာ တကယ်ပဲ ကစားသမားတစ်ယောက်ကို ဘယ်လိုအားပေးရမယ်ဆိုတာနားလည်ဖို့လိုပါတယ်။

ပရိတ်သတ်တစ်ယောက်ဟာ အသင်းတစ်သင်းကိုအားပေးတဲ့အခါမှာ ဆိုးချိန် ကောင်းချိန် အနိမ့်အမြင့်တိုင်းမှာ တူတူရှိနေရပါလိမ့်မယ်။  အခု အက်ဒီ ကို ရစရာမရှိအောင် ဝိုင်းပြီးပြောကြတယ်ဗျာ … ဒါဟာသိပ်ပြီးရှက်စရာကောင်းတယ် .. နောက်တနည်း အူကြောင်ကြောင်လုပ်ရပ်ဖြစ်တယ်ဆိုတာ နားလည်ကြရဲ့လား ဆိုတာကို သံသယဖြစ်မိပါရဲ့။   ကစားသမားတစ်ယောက်ဟာ သူ့အသင်းရဲ့ပရိတ်သတ်တွေထံက အမုန်းကိုရတယ်ဆိုတာ ဖြစ်သင့်ရဲ့လား .. ဒါက ပရိတ်သတ် အစစ်မဟုတ်ပါဘူး။

ပရိတ်သတ်တစ်ယောက်ဟာ  အသင်းကို စိတ်ဆိုးလို့ရပါတယ်။   အသင်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို သဘောမတူခွင့်ရှိပါတယ်။  နာသာခံခက်စကားလုံးတွေနဲ့လည်း ကစားသမားတွေအပေါ်ဝေဖန်ခွင့်​ရှိပါတယ်။ ဒါဟာ ဖြစ်သင့်တဲ့အရာတွေပါ။​ ထို့အတူ ပရိတ်သတ်တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လဲဖြစ်ပါတယ်။ ဒီထက်ပိုလာရင်တော့  ကစားသမားတစ်ယောက်အတွက် ဆက်ပြီးကောင်းလာစရာမရှိတော့ပါဘူး။

ဒါကိုမှမကျေနပ်သေးပဲ  ဆက်ပြီးကျယ်လောင် ကျယ်လောင်လုပ်နေမယ်ဆိုရင်တော့  ကစားသမားတွေကို အသင်းကထွက်ခွာသွားစေမယ့် လူတွေသာဖြစ်လာပါတော့မယ်။  အာဆင်နယ်ကနေ ကစားသမားတွေကထွက်သွားကြမယ်။ ပြီးရင် အာဆင်နယ်ကိုလာဖို့ တွန့်ဆုတ်လာကြမယ်။ 

လာကြစမ်းပါ။  အသင်းကိုအားပေးရအောင်ပါ။  

ရဲရင့်တဲ့ အက်ဒီကိုအားပေးရင်း သူ့နောက်မှာရပ်တည်ရအောင်ပါ။ ကျောနံပါတ် ၁၄ ဝတ်တိုက်စစ်မှုးလေးက ရင်ဆိုင်ဖို့အသင့်ရှိနေပါပြီ။  သူ့အပေါ်မယုံမရဲဖြစ်နေကြသေးတယ်ဆိုရင်လဲ အတူတူ အော်ဟစ်ကြရင်း အားပေးလိုက်ကြရအောင်ပါ။

သူက အာဆင်နယ်တိုက်စစ်မှုးတစ်ယောက်ပဲ မဟုတ်လား။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: