နောက်ဆုံးရ အာဆင်နယ်သတင်းများ (19Jun)

ပက်ပ်ကို ခွင့်တောင်းတဲ့ ဂျေးဆူ

Goal Brazil ရဲ့ဖော်ပြလာချက်အရ  မန်စီးတီးတိုက်စစ်မှုးဂျေးဆူဟာ  အာဆင်နယ်အသင်းကို ပြောင်းရွှေ့လိုတာကြောင့်  နည်းပြ ဂွာဒီယိုလာထံ ထွက်ခွာခွင့်တောင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးရသတင်းများအရ  အာဆင်နယ်ဟာ သန်း ၄၀ ထက်အနဲငယ်ပိုသောပမာဏဖြင့်သာ  ကမ်းလှမ်းထားပြီး ၊  စီးတီးတို့ဖက်ကလည်းလက်ခံသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်ကို စာချုပ်ဖျက်ပေးဖို့ ဘယ်လာရင်တောင်းဆို

ဟက်တာဘယ်လာရင်ဟာ ဘက်တစ်အသင်းကိုပြောင်းရွှေ့နိုင်ဖို့အတွက် ဘာမဆိုပြုလုပ်သွားဖို့အသင့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။  စပိန်သားဟာ  Sportsmole ရဲ့ရေးသားချက်အရ  သူ့ရဲ့လက်ကျန်လစာအားလုံးကို စွန့်လွှတ်သွားဖို့ရှိနေတယ်လို့သိရပါတယ်။  ဒါ့အပြင် စာချုပ်ကို ဖျက်သိမ်းပေးဖို့အတွက်  အာဆင်နယ်ထံကို တောင်းဆိုထားတယ်လို့လဲသိရပါတယ်။

၁၈နှစ်မပြည့်ခင်မှာပဲ  စီနီယာအတွေ့အကြုံရစေဖို့ အကယ်ဒမီကြယ်ပွင့်ကို အာတီတာ အငှားထွက်ကစားခွင့်ပြု

နည်းပြအာတီတာဟာ အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေးဖြစ်တဲ့   ဂျက်ဟင်နရီ ဖရန့်စစ် ကို အငှားထွက်ကစားဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ အသက် ၁၇ နှစ်အရွယ်  U23 ကစားသမားလေးကို လိဂ်ဝမ်း ကလပ်များဖြစ်ကြတဲ့  အောက်စဖို့ဒ် ၊ ပလိုင်းမောက်နဲ့ MK Dons တို့က အပြိုင်ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။​  အိုင်ယာလန်သားလေးဟာ  ခံစစ်အားသန်ကွင်းလယ်လူဖြစ်တယ်လို့သိရပါတယ်။

တိုင်လီမန်းစ်ကိစ္စကို အသေးစိတ်ရှင်းပြလာတဲ့နာမည်ကျော်သတင်းထောက်

အာဆင်နယ်အကြောင်းကို ဆက်တိုက်တင်ဆက်နေတဲ့ Express သတင်းထောက်  ရိုင်ယန်တေလာက  တိုင်လီမန်းစ်နဲ့ပတ်သတ်ပြီး  ဂန်းနားတို့ဟာ တည်တည်ငြိမ်ငြိမ်နဲ့လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လို့ ဆိုလာပါတယ်။

“  အာဆင်နယ်က လုံးဝအေးဆေးပါ … လွန်ခဲ့တဲ့ ၁၂ နာရီမှာ သူတို့ဟာ တိုင်လီမန်းစ်ကို အကောင်းဆုံးဆွဲဆောင်ထားပါတယ်  … ဗီအဲရာကိုခေါ်ယူထားပေမယ့် သူတို့ဟာ ကွင်းလယ်လူတစ်ယောက်ကို ကြိုးစားဆဲပါ .. ဒါ့အပြင် တိုင်လီမန်းစ်ကိုလဲ အခြားအသင်းတွေက စိတ်ဝင်စားနေကြပုံမပေါ်ပါဘူး “  ဆိုပြီး ပြောဆိုထားပါတယ်။  အဆိုပါဘယ်လ်ဂျီယံသားနဲ့ပတ်သတ်လို့  သတင်းတွေကတော့ များစွာထွက်လျှက်ရှိပါတယ်။

အန်ကတ်တီးယားရဲ့ ကျောနံပါတ် ၁၄ နောက်ဆက်တွဲများ

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နံပါတ်ကို အန်ကတ်တီးယားဆက်ခံလိုက်တဲ့အပေါ်မှာ ဝေဖန်မှုများစွာဖြစ်ပေါ်နေကြပြီး  ၊ ကစားဖော်တွေနဲ့  ဂန္တဝင်တွေက ကာကွယ်ပေးနေကြပါတယ်။  ဂါဘရီယယ်ကလည်း  အာဆင်နယ်အတွက် အက်ဒီလုပ်ပေးခဲ့တာတွေကို မမေ့ဖို့သတိပေးခဲ့ပြီး ၊  အီယန်ရိုက်ကတော့ အဆိုပါဝေဖန်သူတွေကို ခပ်ပြင်းပြင်းပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။ ဝေဖန်သူအချို့ကလည်း  အကယ်ဒမီထွက်တစ်ယောက်ကို အခုလိုနေရာကြီးကိုပေးခဲ့တာဟာ ပရိတ်သတ်နှစ်သက်မှုကို ခနတာရနိုင်ပေမယ့် ရေရှည်မှာအဆင်မပြေနိုင်ကြောင်းပြောဆိုမှုတွေရှိနေကြပါတယ်။

Advertisement

Leave a Reply

%d bloggers like this: