ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တော်ရဲယားဟာ ဖီအိုရင်တီးနားကို အငှားထွက်ကစားခဲ့ပြီး အီတလီမြေမှာ ခြေစွမ်းပြခဲ့ပါတယ်။အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်ပါခဲ့သလို ဥရုဂွေးသားကလည်း ဖီအိုရင်တီးနားအတွက် ကစားဖို့ စိတ်အားထက်သန်နေခဲ့တာပါ။
ဒါပေမယ့် ဖီအိုရင်တီးနားဟာ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုဆုခဲ့တဲ့ တော်ရိုင်းယားကို ပေါင်ဆယ်သန်းတောင်မပြည့်တဲ့ ငွေကြေးပမာဏကို ပေးချေဖို့ မရှိတာကြောင့် အာဆင်နယ်က သူတို့ရဲ့ကစားသမားကို မရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဥရုဂွေးသားကတော့ ဒီကိစ္စအပေါ် စိတ်ပျက်ခဲ့ရပြီး တစ်စုံတစ်ယောက်ကြောင့် ဒီအပြောင်းအရွှေ့ဟာ မဖြစ်မြောက်ခဲ့ရဘူးလို့ ၀န်ခံလာခဲ့ပါတယ်။
သို့သော် လက်ရှိမှာ တော်ရဲယားဟာ အီတလီမြေကို ထပ်မံသွားရောက်ဖို့အတွက် ပြင်ဆင်နေပါပြီ။နာမည်ကြီး လူသိများတဲ့ အီတလီဂျာနယ်လစ်တစ်ဦးဖြစ်သူ အဲဖရက်ဒို ပက်ဒူလာရဲ့အဆိုအရ တော်ရိုင်းယားဟာ အမ်းမရိတ်မှာ နေဖို့ ဆန္ဒမရှိပဲ လာဇီယိုကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ဖီအိုရင်တီးနားနဲ့ အပြောင်းအရွှေ့ကိစ္စအဆင်မပြေခဲ့တဲ့နောက် လာဇီယိုက တော်ရဲယားကို ခေါ်ယူဖို့ ခုလိုမျိုး ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ သတင်းအချို့အရတော့ တော်ရဲယားဖက်က သွားရောက်ဆက်သွယ်ထားတယ်လို့လဲဆိုပါတယ်။
တော်ရဲယားဟာ ၂၀၂၀-၂၁ရာသီမှာလည်း အက်သလက်တီကို မက်ဒရစ်ကို အငှားထွက်ကစားခဲ့ရပါတယ်။ ဥရုဂွေးသားရဲ့ အာတီတာရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာမပါ၀င်တာကြောင့် အသင်းဟာ သူ့ကို ရောင်းချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
တော်ရဲယားဟာ အမ်းမရိတ်ကိုရောက်ရှိခါစက အသင်းအတွက် အရမ်းကိုအရေးပါတဲ့ ကွင်းလယ်ခံစစ်ကစားသမားဖြစ်မယ်လို့ ပရိသတ်တွေရဲ့ ယုံကြည်ခြင်းခံခဲ့ရသူပါ။ လန်ဒန်ကိုရောက်ရှိခါစမှာ အသင်းနဲ့အတူ ပွဲထွက်ခွင့်တွေ ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရ ပြ ဿနာအချို့နဲ့အတူ တော်ရဲယားဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
အသဲနှလုံးကစားသမားလို့ပြောရင်မမှားတဲ့ ဘယ်လာရင်နဲ့သတင်းတွေကလည်း ဆက်တိုက်ဆိုသလိုပါပဲ။ ကစားသမားဟာ အသင်းကိုစာချုပ်ဖျက်ပေးဖို့တောင်းဆိုထားသလို ၊ ကိုယ်တိုင်လဲငွေတပြားမှ မယူတော့ဘူးလို့ဆုံးဖြတ်ထားတဲ့အထိကို အမ်းမရီတ်က ထွက်ဖို့ ဆုံးဖြတ်ချက် ခိုင်မာနေတာမျိုးပါ။ ဘက်တစ်ကို အငှားနဲ့သွားခဲ့ကတည်းက ရေရှည်အတွက်ဆုံးဖြတ်ပြီးသားလို့ ကစားသမားကိုယ်တိုင်ကဆိုပါတယ်။
ကစားသမားတွေရဲ့ အခုလိုထုတ်ပြောမှုတွေကြောင့် လက်ရှိပိုင်ရှင်အာဆင်နယ် အသင်းအနေနဲ့ အပြောင်းအရွှေ့စျေးစကားတွေပြောဖို့တော့ခက်ခဲသွားမှာအမှန်ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ကစားသမားတွေရဲ့ Attitude ကို ထောက်ပြသူတွေနဲ့ အသင်းအပေါ်မကျေနပ်သူတွေ အကြားအမြင်မတူတာတွေရှိကြပြန်ပါတယ်။ တဖက်မှာလည်း အသင်းတွေဟာ အာဆင်နယ်ကို ငွေနှိမ်ရုံမက လစာကိုပါ မပေးချင်ကြတာကိုလည်း သတိမူရမှာဖြစ်ပါတယ်။
အာဆင်နယ်အတွက်ကတော့ လေ့လာစရာဖြစ်ရပ်တွေဆက်တိုက်လို့ပဲပြောရမှာပါ။ အခုလောက်ဆိုရင် အာတီတာနဲ့ အီဒူးတို့ ကစားသမားသစ်တွေစာချုပ်ချုပ်တဲ့အခါ ဘယ်လိုအချက်တွေကိုပါထည့်ချုပ်ရမလဲဆိုတာ စဥ်းစားနေကြပြီထင်ပါတယ်။
သေချာတာကတော့ ဒီကစားသမားတွေကို အမ်းမရိတ်မှာမြင်ရဖို့ အလွန်ဖြစ်နိုင်ချေနဲပါးနေသလို ၊ ထွက်ခွာသွားရင်လဲ ဂန်းနားတို့တန်ရာတန်ကြေးရဖို့ မမြင်မိပါဘူး။