ရှာခါတစ်ယောက် အစစ်ဆေးခံရတော့မယ်
မနှစ်ကကစားခဲ့တဲ့ လိဒ်စ်အသင်းနဲ့ပွဲမှာ ဂရန်းနစ်ရှာခါအနေနဲ့ ကိုယ်တိုင်လောင်းကစားမှုပြုခဲ့တယ်ဆိုပြီး သံသယရှိခဲ့တဲ့ ကိစ္စကို အမျိုးသားအဆင့် စုံစမ်းရေးဌာနဆီ လွှဲပြောင်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ သက်သေတွေပိုမိုခိုင်မာလာနေတယ်လို့သိရပြီး ရှာခါဟာ ပွဲကိုအချိန်ဆွဲတယ်ဆိုတဲ့အချက်ကို ကိုယ်တိုင်လောင်းကြေးထပ်ခဲ့ပြီး ကွင်းထဲမှာလဲ ကြန့်ကြာအောင်ပြုမှုခဲ့လို့ အဝါကတ်ပြခံခဲ့ရပါတယ်။ အဆိုပါ အချိန်ဆွဲလောင်းကြေးအတွက်လျော်ကြေးငွေက ပေါင် ၂၅၀၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
အဖြေနှစ်ခွနဲ့ တိုင်လီမန်းစ်ရဲ့နောက်ဆုံးအခြေအနေ
ဖေဘီယို ဗီအဲရာကို ခေါ်ယူသွားသော်လည်း တိုင်လီမန်းစ်ကို ဆက်လက်ကြိုးစားနေဆဲဖြစ်ကြောင်း ရေးသားနေကြသလို ၊ အသင်း နှစ်သင်းအကြားဆွေးနွေးမှုတွေအဆင်မပြေကြောင်းကိုလည်း ဖော်ပြနေကြပါတယ်။ ဖေဘရီဇီယိုရိုမာနိုကတော့ ၄င်းသတင်းများက အခြေအမြစ်မရှိကြောင်းကို တိုင်လီမန်းစ်ဖက်က စာချုပ်သစ်မှာကြန့်ကြာနေတာကိုထောက်ပြပြီးငြင်းဆိုထားပါတယ်။
အာဆင်နယ်အသင်း အမှန်တကယ် သုံးမယ့် ဘတ်ဂျက်ကို တွက်ပြလာတဲ့ Mirror
အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ပစ်မှတ်ကစားသမားအားလုံးကိုခေါ်ယူသွားမယ်ဆိုပါက စုစုပေါင်း ပေါင် ၂၁၅ သန်းခန့်ကုန်ကျမှာဖြစ်ကြောင်း The Mirror ကရေးသားလာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လတ်တလောမှာ ကြိုတင်ခေါ်ယူထားတဲ့ ထရပ်စတီ ၊ မက်တာနာတို့အပါအဝင် လတ်တလောမှာလည်း ဖေဘီယိုဗီအဲရာကို ခေါ်ယူထားပါသေးတယ်။ ဆက်လက်ပြီး အာရွန်ဟစ်ကီ ၊ အလက်ဇန်ဒရို မာတီနက်စ် ၊ ရာဖင်ဟာ ၊ ဂျေးဆူနဲ့ တိုင်လီမန်စ်းတို့ပါဝင်နေပါတယ်။
ဝက်စ်ပရောက်ကို လန်ဒန်ပြိုင်ဘက်ဆီရောက်မှာစိုးရိမ်နေတဲ့မာဆင်
အာဆင်နယ်ဂန္တဝင်ပေါလ်မာဆင်ကတော့ ဂန်းနားတို့ဟာ မြို့ခဲ့ပြိုင်ဖက် ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းထံသို့ ထိပ်တန်းကစားသမားတစ်ယောက်လက်လွှတ်ရမယ့်အရေးကို စိုးရိမ်နေပါတယ်။
“ ဝက်စ်ဟမ်းက ဝက်စ်ပရောက်ကိုခေါ်သွားလို့မဖြစ်ဘူးဗျ … သူ့ကိုရတဲ့အသင်းက တကယ့်ထူးရှယ်ဖြစ်လာမှာပါ .. အဂ်လန်မှာ အကောင်းဆုံးပေးပို့မှုတွေလုပ်နိုင်တဲ့ကစားသမားက သူပဲဗျ “ ဆိုပြီး The Daily Star ရဲ့ဆောင်းပါးကတဆင့် ရေးသားလာတာဖြစ်ပါတယ်။
ရာဖင်ဟာ ကိုခေါ်ယူဖို့ ဝီရှိုင်းယားတိုက်တွန်း
အာဆင်နယ်ကစားသမားဟောင်း ဂျက်ဝီးရှိုင်းယားဟာ စပါးအသင်းထက်လက်ဦးမှုရရယူကာ ရာဖင်ဟာကို ခေါ်ယူဖို့အာဆင်နယ်အသင်းကို တိုက်တွန်းခဲ့ပါတယ်။ ရာဖင်ဟာ ဟာ ပြီးခဲ့တဲ့ရာသီမှာ လိဒ်စ်အတွက် ၁၁ ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။
“ သူက အဂ်လန်ကိုရောက်လာတယ် .. ပြီးတော့ ချက်ခြင်းပဲ စွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲမှာ အသင်းနဲ့အတူရုန်းကန်အောင်မြင်ခဲ့ပါတယ်။ သူက အာဆင်နယ်နဲ့သင့်တော်သူလို့ ကျွန်တာ်မြင်ပါတယ်။ ဒါပေမယ့် စျေးတော့များမယ့်ကစားသမားပါပဲ “ ဆိုပြီးမှတ်ချက်ပြုခဲ့ပါတယ်။