“သူ့ရဲ့ ပရိသတ်တွေ ဘယ်ပျောက်သွားပြီလဲဗျ”  အင်္ဂလန်ရဲ့ ရှုံးပွဲအပြီးမှာ ရမ်စ်ဒေးလ်ကို ဝေဖန်လာခဲ့သူ

လိဒ်စ်ယူနိုက်တက်၊ မန်စီးတီးတို့ရဲ့ ကစားသမားဟောင်းတဖြစ်လဲ၊ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ဒန်နီမေးစ်က ဒီသီတင်းပတ်မှာ ရမ်ဒေးလ်ဟာ သူရဲ့ လက်ရွေးစင်အသင်းအတွက် ပထမဦးစားပေးဂိုးသမားနေရာနဲ့ ထိုက်တန်တဲ့ လက်စွမ်းမျိုး မရှိခဲ့ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားဟောင်းကြီးက ရမ်စ်ဒေးလ်ရဲ့ ပရိသတ်တွေဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတယ်လို့လည်း ဆက်‌ဝေဖန်ခဲ့ပါတယ်။ 

ရမ်စ်ဒေးလ်ဟာ အာဆင်နယ်နဲ့ ပထမဆုံးရာသီမှာပဲ လီနိုကိုကျော်ဖြတ်ပြီး အသင်းရဲ့ ပထမဦးစားပေးကစားသမားဖြစ်လာခဲ့ပါတယ်။ ရမ်‌စ်ဒေးလ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကို ကျော်ဖြတ်ပြီး ပထမဦးစားပေးဂိုးသမားဖြစ်လာဖို့ အခွင့်အရေးလာခဲ့ပြန်ပါတယ်။ ဇွန်လမှာ ယှဉ်ပြိုင်ကစားနေတဲ့ ဥရောပနေရှင်းလိဂ် ပွဲစဉ်တွေအတွက် ရမ်ဒေးလ်ဟာ အင်္ဂလန်ရဲ့ ဦးစားပေးဂိုးသမား ဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီနဲ့ အင်္ဂလန်တို့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ရမ်စ်ဒေးလ်ဟာ လက်စွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်မန်နေဂျာ ဆောက်ဂိတ်နဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်‌နေ့မှာ နာမည်ကြီး အင်္ဂလန်ဟာ ဟန်ဂေရီကို လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ရှုံးပွဲအပြီးမှာ 

“အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ်ရွေးချယ်ခဲ့တာဟာ ရမ်ဒေးလ်အတွက် တကယ်ကို ကြီးမားတဲ့ ရွေးချယ်ခံရမှု ပါပဲ။ မနေ့ညကတော့ သူဟာ နံပါတ်တစ်ဂိုးသမား မဟုတ်ဘူးဆိုတာကို ပြသခဲ့ပါတယ်” လို့  ဒန်နီမေးစ်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ 

“လူတွေအားလုံး(ရမ်စ်ဒေးကို ထောက်ခံအားပေးသူတွေ)ဟာ ရုတ်တရတ်ပျောက်သွားကြတယ်။တကယ်လို့ ရမ်စ်ဒေးလ်ရဲ့‌နေရာမှာ ပစ်ဖို့ဒ်သာ ပထမသွင်းဂိုးကို ခွင့်ပြုခဲ့ရရင် ဒီမနက်မှာ ကောင်းကောင်းဝေဖန်ခံနေရမှာပါ” 

“ထိပ်တန်းဂိုးသမားတစ်ယောက်ဆို ဒါကို ကာကွယ်နိုင်မှာလို့ လူတိုင်းပြောနိုင်ပါတယ်။ ဘောလုံးက သူလက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပြီး သူ ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ရမ်ဒေးလ်ကို ဝေဖန်နေကြတာ မကြားရဘူးဗျ ၊လူတွေအများကြီးက ပစ်ဖို့ဒ် ထွက်သွားလို့ပဲ အော်နေကြတာပါ” 

ဟန်ဂေရီကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရမ်ဒေးလ်သာ မဟုတ်ပဲ အင်္ဂလန်လက်ရွေးစင်ကစားသမားအားလုံးဟာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တာပါ။ပြိုင်ဆိုင်မှု အလွန်ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြောင့် ကစားသမားတွေဟာ ပင်ပန်း‌နွမ်းနယ်နေဆဲပဲ ဖြစ်ပါတယ်။ဥရောပနေရှင်းလိဂ်ပြိုင်ပွဲမှာ  အနားမရသေးတဲ့ ကစားသမားတွေဆီကနေ အများကြီး မျှော်လင့်လို့မရနိုင်ပါဘူး။ 

အာဆင်နယ်နဲ့အတူ နောက်ဆုံးသီတင်းပတ်တွေမှာ ပေးဂိုးတွေ ခွင့်ပြုခဲ့ရပေမယ့် ရမ်ဒေးလ်ဟာ အမ်းမရိတ်ကို စတင်ရောက်ရှိခဲ့ချိန်ကစပြီး တိုးတက်မှုတွေ အမြဲပြသထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ အီတလီနဲ့ ပွဲစဉ်မှာလည်း သူ့ရဲ့ လက်စွမ်းပြမှုကြောင့်သာ အင်္ဂလန် မရှုံးနိမ့်ခဲ့တာကိုလည်း မေ့ထားလို့တော့ မဖြစ်နိုင်ပါဘူး။

Advertisement

Leave a Reply

%d bloggers like this: