လီဂူးဝမ်းရဲ့ အကောင်းဆုံးခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အာဆင်နယ်က သူပုန်လေး

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား မက်တီယို ဂွမ်ဒူဇီကို ၂ဝ၂၁မှာ မာဆေးလ်အသင်းထံ အငှားချခဲ့ပါတယ်။ အာဆင်နယ်အသင်း ဘရိုက်တန်ကို ရှုံးတဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီနိုကို ဒါဏ်ရာရစေခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှုးမော်ပေးကို ရန်ရှာတာကြောင့် နည်းပြ အာတေတာက စည်းကမ်းမလိုက်နာဘူးလို့ ဆိုကာ ဂွမ်ဒူဇီကို ခေါက်ထားခဲ့တာဖြစ်ပြီး နောက်ရာသီမှာ မာဆေးလ်ကို အငှားနဲ့ လွှတ်ခဲ့တာပါ။  အခြားသော သတင်းများအရတော့ ဂွမ်ဒူဇီဟာ မပြောသင့်တဲ့စကားကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဂွမ်ဒူဇီတစ်ယောက် မာဆေးလ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၅၅ပွဲ ကစားရကာ ၅ဂိုးသွင်း၊ ၁၄ကြိမ် ဖန်တီးပေးနိုင်ခဲ့သလို အဓိက အနေနဲ့ မာဆေးလ်အသင်းကို ချန်ပီယံလိဂ်ဝင်အောင် ကွင်းလယ်ကနေ အမာခံကစားသမားအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ရာသီကုန်မှာ အကောင်းဆုံးခေါ်ယူမှုအဖြစ် PSG ညာနောက်ခံလူ ဟာကီမီကို ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရတာပါ။ Voting ရလဒ်မှာ ဂွမ်ဒူဇီက ၄၄. ၄ရာခိုင်နှုန်း ရရှိခဲ့ပြီး ဟာကီမီက ၂ဝကျော်သာ ရခဲ့ပါတယ်။ ကျန်ကစားသမားတွေက အဲ့ဒီထက် Voting ရလဒ် နည်းပါးခဲ့ပြီး ဂွမ်ဒူဇီက ချွင်းချက်မရှိ အကောင်းဆုံးခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရတယ်ပဲ ပြောရပါမယ်။

အခုအချိန်မှာ ဂွမ်ဒူဇီက မာဆေးလ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး ၂ဝ၁၈ခုနှစ်က အာဆင်နယ်ကို လောရီးရန့်ကနေ ပေါင် ၈သန်းနဲ့ ပြောင်းလာတဲ့ ချာတိတ်ကို အခုတော့ မာဆေးလ်က ပေါင် ၁၂သန်းဝန်းကျင်နဲ့ ခေါ်ယူမယ်လို့ သိရပါတယ်။

ဂွမ်ဒူဇီက မာဆေးလ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ နွှဲမယ်လို့ ဆိုခဲ့တဲ့အပြင် အာဆင်နယ်ပရိတ်သတ်တွေ မျှော်လင့်တကြီး ဖြစ်နေကြတဲ့ ဆာလီးဘားကိုပါ မာဆေးလ်ဆိ အရောက်ပြန်ခေါ်မယ် ပြောနေတာကြောင့် အာဆင်နယ်ပရိတ်သတ်တွေ အမျက်ရှတာကို ခံနေရပါသေးတယ်။ ထို့ အတူ အာတီတာကို မကျေနပ်သူများကတော့ ဂွမ်ဒူဇီကို လက်လွှတ်ရခြင်းအပေါ် နှမြောတသဖြစ်ရင်း အသင်းကို အပြစ်မြင်နေကြပြန်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: