ဇင်ချန်ကိုအတွက် အာဆင်နယ်ဟာ မှန်ကန်တယ်အသင်းဖြစ်တယ်လို့ ဆိုလာတဲ့ ဂန်းနားဟောင်း

အာဆင်နယ်ကစားသမားဟောင်းကြီးဖြစ်သူ ကီဗင်ကမ်းဘဲလ်က မန်စီးတီးကစားသမားဇင်ချန်ကိုအပေါ် အာဆင်နယ်အသင်းရဲ့ စိတ်၀င်စားမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြလာခဲ့ပါတယ်။ ယူကရိန်းသားကို ၀က်စ်ဟမ်းအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ 

ဇင်ချန်ကိုဟာ မန်စီးတီးမှာ အချိန်တစ်ခုကြာ ဖြတ်သန်းခဲ့ပြီး ဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်‌ နေနရဆဲဖြစ်ပါတယ်။ ပွဲကစားခွင့်ရတိုင်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂွာဒီယိုလာရဲ့ မျက်နှာသာပေးမခံခဲ့ရတဲ့ ယူကရိန်းသား‌ဟာ ဒီနွေမှာတော့ အီတီဟတ်က‌နေ ထွက်ခွာဖို့ ရှိနေပါတယ်။  

ဂွာဒီယိုလာကလည်း အသင်းရဲ့ ပထမဦးစားပေး ဘယ်နောက်ခံလူအဖြစ် ကန်ဆယ်လိုကိုသာ ဆက်လက်ရွေးချယ်သွားမှာ ဖြစ်တာကြောင့် ဇင်ချန်ကို ကိုလက်လွှတ်သွားဖို့ ရှိနေပါတယ်။ 

လန်ဒန်မြို့ခံ အသင်းတစ်သင်းဖြစ်တဲ့ ၀က်စ်ဟမ်းကလည်း ဇင်ချန်ကိုကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ အပြိုင် ကြိုးစားလာဖို့ ရှိပါတယ်။ ကမ်းဘဲလ်ကတော့ ဇင်ချန်ကိုအတွက် အာဆင်နယ်ဟာ မှန်ကန်တဲ့ အသင်းဖြစ်ပြီး ၀က်စ်ဟမ်းမှာထက် အာဆင်နယ်မှာဆိုရင် ပိုအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါ၀င်ခွင့်ရမယ်လို့ ယုံကြည်နေပါတယ်။ 

Football Insider နဲ့ တွေ့ဆုံမှုမှာတော့ ဂန်းနားဟောင်းကြီးက 

ဇင်ချန်ကိုကို ၀က်စ်ဟမ်းရဲ့ ကွင်းလယ်မှာ တွေ့ရနိုင်လား။တွေ့ရနိုင်ပါတယ်၊ ဒါပေမယ့် ဒီလိုဖြစ်လာအောင် ဘယ်သူလုပ်မလဲဆိုတာ ကျွန်တော်မသိပါဘူး” 

သူ့အပေါ် နောက်ထပ်စိတ်၀င်စားမှုတွေ ရှိနေတယ်ဆိုတာလည်း သိသာပါတယ်၊အာဆင်နယ် အပါအ၀င်ပေါ့။သူ့ကို အာဆင်နယ်ကွင်းလယ်မှာဆိုရင် ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ မန်စီးတီးကစားသမားဖြစ်တာကြောင့် ဘောလုံးကို ဘယ်လိုကောင်းကောင်း ကိုင်ကစားရမလဲဆိုတာ သူသိပါတယ်။ ကျဉ်းထဲကြပ်ထဲထဲမှာလည်း သူဟာ ဘောလုံးကို ကိုင်ထားနိုင်ပြီး ပြိုင်ဘက်ကို ဘယ်လို လှည့်စားရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။” 

ဇင်ချန်ကိုဟာ နောက်တန်းဘယ်အစွန်ကော ၊ကွင်းလယ်မှာပါ ကစားနိုင်တဲ့ သူဖြစ်တာကြောင့် သူ့ကို ခေါ်ယူနိုင်ခဲ့ရင် အသင်းအတွက် အများကြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ 

အာဆင်နယ် တစ်ခုသတိပြုဖို့လိုတာကတော့ ဇင်ချန်ကိုဟာ ပုံမှန်ကစားခွင့်ရဖို့ မန်စီးတီးက ထွက်ခွာလာမှာ ဖြစ်တာကြောင့် အာတီတာအနေနဲ့ ယူကရိန်းသားကို ပုံမှန်ပွဲထွက်ခွင့်ရဖို့ အာမခံချက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

Advertisement

Leave a Reply

%d bloggers like this: