အာဆင်နယ်က သူ့ကိုခေါ်ချင်တာကို မသိကြောင်း ဗလာဟိုဗစ်ပြောဆို
ဂျူဗင်တပ်စ်တိုက်စစ်မှုး ဗလာဟိုဗစ်ဟာ အာဆင်နယ်အသင်းနဲ့ပတ်သတ်တဲ့သတင်းတွေအပေါ် သူမသိခဲ့ကြောင်း အံ့အားသင့်ဖွယ်ထုတ်ပြောလာခဲ့ပါတယ်။ ဆာဘီးယားတိုက်စစ်မှုးဟာ Telegraph နဲ့တွေ့ဆုံစဥ်မှာ
“ ကျွန်တော့် အေးဂျင့်ကတော့သိချင်သိပါလိမ့်မယ် .. ကျွန်တော်ကတော့ ဘာမှမကြားမိပါဘူး .. “ ဆိုပြီး ပြောဆိုလာခဲ့တာပါ။ ဆက်လက်ပြီး သူ့အနေနဲ့ စိတ်ထဲမှာ ဂျူဗင်တပ်စ်တသင်းသာရှိကြောင်း ၊ အိုးလေဒီတို့အတွက်ကစားရတာဟာ ကျေနပ်ပျော်ရွှင်ဖွယ်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဂျေးဆူက ကမ္ဘာ့အဆင့်လို့ အာဆင်နယ်ဂန္တဝင်မှတ်ချက်ပြု
အာဆင်နယ်အသင်းက အသဲအသန်အလိုရှိနေတဲ့ တိုက်စစ်မှုးဂျေးဆူဟာ ကမ္ဘာ့အကောင်းဆုံး High Pressing ကစားနိုင်သူတစ်ယောက်ဖြစ်ကြောင်း ဂန္တဝင်တစ်ဦးဖြစ်တဲ့ ကီဗင် ကင်းဘဲလ်က ပြောဆိုလာခဲ့ပါတယ်။
“ သူက ငယ်ရွယ်ကြံ့ခိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်သလို ဘရာဇီးလက်ရွေးစင်အဆင့် ကစားသမားလဲဖြစ်ပါတယ် “ လို့အစပြုချီးကျူးခဲ့ပြီး “ ကျွန်တော်တစ်ခုပြောပြမယ်ဗျာ … သူ High Pressing ကစားတာဘယ်လောက်ကောင်းသလဲ လူတိုင်းအသိပဲ .. အာတီတာလိုနေတာလဲ အဲ့တာပဲဗျ “ ဆိုပြီး Highbury Squad အစီအစဥ်ကနေတဆင့်ပြောဆိုလာတာဖြစ်ပါတယ်။
ရာသီအစ ၁၀ ပွဲမှာ အမှတ် ၂၀ ရဖို့မလွယ်တဲ့ အာဆင်နယ်
The Sun သတင်းစာကနေပေါက်ကြားလာတဲ့ EPL ပွဲစဥ်ဇယားအရ အာဆင်နယ်အသင်းရဲ့ ပထမဦးဆုံး ၁၀ ပွဲဟာ အမှတ်စုဆောင်းနိုင်ဖို့ မလွယ်ကူတဲ့အနေအထားမှာရှိနေတယ်လို့ပြောဆိုမှုတွေထွက်ပေါ်နေပါတယ်။ ။ ပွဲဦးထွက်မှာ ဘရိုက်တန်အသင်းနဲ့ဆုံတွေ့မှာဖြစ်တဲ့အပြင် လက်စတာ ၊ ဝုဗ်တို့နဲ့ဆက်လက်ကစားရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီး ၊ နယူးကာဆယ်တို့နဲ့လည်းဆုံတွေ့နေတာဖြစ်လို့ ပထမဦးဆုံး ၁၀ ပွဲမှာ အမှတ် ၂၀ စုဆောင်းနိုင်ဖို့အတွက် စိန်ခေါ်မှုတွေရှိနေပြီဖြစ်ပါတယ်။
စကာမက်ကာ ကိုလိုချင်တာ အသင်း ၆ သင်းလောက်ရှိ
အာဆင်နယ်အသင်းရဲ့ပစ်မှတ် စီးရီးအေစတား စကာမက်ကာဟာ အေစီမီလန်အပါအဝင် စုစုပေါင်း အသင်း ၆ သင်းလောက်ရဲ့ပစ်မှတ်ဖြစ်ကြောင်း Calciomercato ကရေးသားဖော်ပြလာပါတယ်။ လတ်တလောမှာ ပီအက်စ်ဂျီ ၊ ဒေါ့မွန်နဲ့ အာဆင်နယ်တို့ကလည်း ကစားသမားအတွက်ချိတ်ဆက်နေတယ်လို့ သတင်းများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြပါတယ်။
အာဆင်နယ်မှာဆိုရင် ဂျေးဆူက အဓိက ဖြစ်မယ်
ပရီတ်သတ်များရဲံ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂျေးဆူခေါ်ယူရေးဟာ အာဆင်နယ်လက်ထဲမှာရှီနေတယ်လို့ ဘရာဇီးသတင်းထောက် အင်ဒရေ ဟာနန်က ပြောဆို လာခဲ့ပါတယ်။ ဟာနန်က သူ့ရဲ့ ကိုယ်ပိုင် Youtube အစီအစဥ်ကနေတဆင့် ဂန်းနားတို့ဟာ အခြားအသင်းများထက် ခြေတလှမ်းဦးထားကြောင်း ၊ အသင်းမှာ အဓိက ကစားသမားဖြစ်ရမယ်ဆိုတဲ့အချက်က ဂျေးဆူအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာကြောင်း ပြောဆိုထားတာပါ။