အာဆင်နယ်ရဲ့ များစွာသော ပစ်မှတ်ကစားသမားစာရင်းထဲမှာ ပါ၀င်လာတဲ့ ရာဖင်ဟာ

ဒီနွေမှာ ဘရာဇီးလ်သားတွေကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်ဟာ နောက်ထပ် ဘရာဇီးလ်သားတစ်ဦးကို ခေါ်ယူဖို့အတွက် ထပ်မံကြိုးစားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ရဲ့ အသစ်စက်စက် ပစ်မှတ်စာရင်းထဲမှာ ပါ၀င်လာသူက‌တော့ လိဒ်စ်အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ဟာပဲ ဖြစ်ပါတယ်။ 

ရာဖင်ဟာ ၂၀၂၀မှာ လိဒ်စ်ကို ရောက်ရှိလာခဲ့ပြီး ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။၂၀၂၁-၂၂ရာသီမှာ လိဒ်စ်အသင်းရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့သူ ရာဖင်ဟာဟာ အသင်းအတွက် လိဂ်ဂိုး ၁၁ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ရာဖင်ဟာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ အသင်းကတော့ တန်းမဆင်းရဖို့  နောက်ဆုံးအချိန်အထိ ကြိုးစားခဲ့ရပါတယ်။ 

လိဒ်အနေနဲ့ တန်းဆင်းရမယ့် အရေးကို ပွတ်ကာသီကာနဲ့  ရှောင်လွှဲနိုင်ခဲ့ပေမယ့် သူတို့ရဲ့ အဓိကကစားသမားကိုတော့ ဆုံးရှုံးရဖို့ ရှိနေပါတယ်။ဒီနွေမှာ လိဒ်စ်ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ရာဖင်ဟာကို အသင်းအများအပြားက ခေါ်ယူဖို့ စိတ်၀င်စားနေကြပြီး ဒီစာရင်းထဲမှာ အာဆင်နယ်လည်း ပါ၀င်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ၀က်စ်ဟမ်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သလို ဘာစီလိုနာကလည်း ရာဖင်ဟာကို စိတ်၀င်စားနေခဲ့ပါတယ်။ဒါပေမယ့် ငွေကြေးအခက်အခဲတွေရနေတဲ့ ကတ်တလန်အခြေစိုက်အသင်းဟာ သူတို့ရဲ့ ကာလရှည်ပစ်မှတ်ကို လက်လွှတ်ရဖို့ ရှိနေပါတယ်။ 

ရာဖင်ဟာကို လိဒ်စ်ယူနိုက်တက်အသင်းက ပေါင်၁၇သန်းတည်းနဲ့ ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကစားသမားရဲ့ တန်ကြေးက ပေါင်၄၅သန်းအထိ ရှိနိုင်ပါတယ်။ 

အာဆင်နယ်ဟာ သူတို့ရဲ့ တောင်ပံကစားသမားတွေဘဖြစ်တဲ့ မာတင်နယ်လီ၊စမစ်ရိုးတို့နဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားသလို ဆာကာနဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။နောက်ထပ် တောင်ပံကစားသမားဖြစ်တဲ့ ပေပေကတော့ ဒီနွေမှာ အမ်းမရိတ်ကို စွန့်ခွာဖို့ ရှိနေတာကြောင့် အိုင်ဗရီကို့စ်သားရဲ့ နေရာမှာ  အစားထိုးဖို့ ရာဖင်ဟာကို အာဆင်နယ်ဟာ စိတ်၀င်စားနေတာ ဖြစ်တယ်လို့ အသင်းအချို့က ဆိုပါတယ်။ 

အာဆင်နယ်ဟာ ဘရာဇီးလ်တောင်ပံကစားသမားဖြစ်တဲ့ မာကွင်ဟိုကို မကြာသေးမီကပဲ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး ဖြစ်ပါတယ်။ဒါပေမယ့် မာကွင်ဟိုဟာ အသင်းကို ချက်ချင်းအကျိုးပြုနိုင်မယ့်ကစားသမား မဟုတ်တာကြောင့် အာဆင်နယ်ဟာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားလာ ဖြစ်တယ်လို့  ခန့်မှန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: