ရစ်ချာလီဆန်ကို စပါးအသင်းကြားဖြတ်ကြိုးစားမှု အောင်မြင်နိုင်ချေများ
အာဆင်နယ်အသင်းနဲ့ နာမည်ထွက်နေတဲ့ အဲဗာတန်တိုက်စစ်မှုးရစ်ချာလီဆန်ကို စပါးအသင်းက ကြားဖြတ်ဝင်ရောက်ကြိုးစားခဲ့ရာ ၊ ဆွေးနွေးမှုတွေခရီးရောက်နေခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဘရာဇီးတိုက်စစ်မှုးကိုယ်တိုင်ကလည်း အဲဗာတန်အသင်းကနေပြောင်းရွှေ့ဖို့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချဖို့ပြင်ဆင်ထားကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။
တိုင်လီမန်းစ်နဲ့ ဂျေးဆူကို သေချာပေါက်ခေါ်ယူမှာဖြစ်တယ်လို့ TalkSport သတင်းထောက်ပြောကြား
TalkSport ရဲ့ သတင်းထောက်ဖြစ်သူ အဲလက်စ်ခရွတ်ကတော့ အာဆင်နယ်တို့ဟာ တိုင်လီမန်းစ်နဲ့ ဂျေဆူ နှစ်ဦးကို ပေါင် ၈၅ သန်းနဲ့ အရခေါ်ယူသွားမှာဖြစ်တယ်လို့ဆိုလာပါတယ်။ အဆိုပါကစားသမား ၂ ဦးကို ခေါ်ယူဖို့အတွက် အာဆင်နယ်တို့ဟာ ရာသီမကုန်ခင်ကတည်းက နာမည်ထွက်နေခဲ့တာဖြစ်ပေမယ့် ယခုအချိန်ထိတိုးတက်မှုမရခဲ့တာကြောင့် ပရိတ်သတ်တွေအကြားမှာ ဝေဖန်သံတွေဆူနေခဲ့သလို ၊ အာတီတာကိုယ်တိုင် ဘုတ်အဖွဲ့အပေါ် မကျေမနပ်ဖြစ်နေကြောင်း သတင်းအချို့မှာဖော်ပြနေကြပါတယ်။
အာဝါနဲ့တိုင်လီမန်းစ်ကို အတူအကွခေါ်ယူဖွယ်ရှိတယ်လို့ Football London သုံးသပ်
အာဆင်နယ်တို့ဟာ ဟူစိန်အာဝါနဲ့ တိုင်လီမန်းစ် ၂ ဦးစလုံးကို ကြိုးစားနေတာဖြစ်ကြောင်း သတင်းများကို ကိုးကားပြီး Football London ကသုံးသပ်ပြောကြားလာခဲ့ပါတယ်။ ထို့ပြင် ရိုးမားအသင်းကလည်း အခြေအနေတွေကိုစောင့်ကြည့်ပြီး ဂရန်းနစ်ရှာခါကို ခေါ်ယူဖို့ပြင်ဆင်နေကြောင်း သုံးသပ်ရေးသားလာခဲ့ပါတယ်။
လီနိုကို ကြိုးစားလာတဲ့ ဖူဟမ်
ပရီးမီးယားလိဂ်ကိုတန်းတက်လာခဲ့တဲ့ ဖူဟမ်အသင်းဟာ အာဆင်နယ်ဂိုးသမား ဘန်းလီနိုကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ The Athletic သတင်းဌာနကရေးသားလာခဲ့ပါတယ်။ အဆိုပါ ဂိုးသမားကို အသင်းများစွာက စိတ်ဝင်စားနေကြပေမယ့် အာဆင်နယ်က လိုချင်နေတဲ့ ပေါင် ၈.၅ သန်းကိုပေးချေဖို့အခက်အခဲရှိနေကြတာဖြစ်ပါတယ်။ လီနိုဟာ ဖူဟမ်ကိုပြောင်းရွှေ့သွားခဲ့ရင် ပထမနေရာသေချာနေတယ်လို့လဲဆိုပါတယ်။
ဂျေးဆူကို အရခေါ်ဖို့ အဘွန်လဟော်တိုက်တွန်း
အက်စ်စတွန်ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော် ကတော့ အာဆင်နယ်ဟာ မန်စီးတီးအသင်းတိုက်စစ်မှုး ဂျေးဆူကို အရခေါ်ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ TalkSport အစီအစဥ်ကနေတဆင့် အကြံပေးခဲ့ပါတယ်။
“သူဟာ အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးပါ။ သူရဲ့နောက်မှာ အိုဒီဂတ်ရှိနေမယ်၊ ညာမှာကတော့ ဆာကာ၊ ဘယ်မှာတော့ မာတင်နယ်လီရှိနေမယ်၊ စမစ်ရိုးလည်း ဖြစ်နိုင်ပါတယ်” ဆိုပြီး တိုက်စစ် အခင်းအကျင်းကိုပါ ခန့်မှန်းပြောကြားခဲ့တာဖြစ်ပါတယ်။