ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး အာဆင်နယ် ခေါ်ယူရမယ့် ကစားသမားရဲ့နာမည်

ဆန်းဒါးလန်းအသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး လိုက်ပ်ဇစ်ကွင်းလယ်ကစားသမား အန်ကန်ကူကို  ခေါ်ယူဖို့ တိုက်တွန်းလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ အသင်းဆီ အောင်မြင်မှုတွေ ပြန်လည် ‌ဆောင်ကျဉ်းပေးလာမယ့် ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဒီနွေမှာ ကွင်းလယ်နဲ့ တိုက်စစ်ကို အဓိက အင်အားဖြည့်တင်းသွားဖို့ ရှိနေပါတယ်။ 

အသက်၂၄နှစ် အရွယ် လိုက်ပ်ဇစ်ကစားသမားဟာ ကွင်းလယ်ရော၊တိုက်စစ်မှာပါ ကစားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့ အန်ကန်ကူကို ခေါ်ယူဖို့အတွက် ဥရောပ ထိပ်သီး အသင်းအများအပြားဟာ ဒီနွေမှာ ကြိုးစားလာဖို့ ရှိနေပါတယ်။ 

ဒီလို အန်ကန်ကူကို ကြိုးစားနေတဲ့ အသင်းတွေထဲမှာ သူ့ရဲ့ အသင်းဟောင်း ပီအက်စ်ဂျီက ထိပ်ဆုံးကနေ ပါ၀င်လာခဲ့ပါတယ်။ပြင်သစ်သားဟာ ပီအက်စ်ဂျီ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ကနေ ၂၀၁၉အထိ ပီအက်စ်ဂျီအသင်းကြီးမှာ ကစားခဲ့ပါတယ်။ပြင်သစ်‌မြေမှာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ပြီးနောက်မှာတော့ အန်ကန်ကူဟာ ဂျာမနီကို ပြောင်းရွှေ့ခဲ့ပါတယ်။ 

Talk Sport နဲ့ တွေ့ဆုံမှုမှာတော့ ဒါရင်းဘန့်က အာဆင်နယ် လက်ရှိမှာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးလာခဲ့ပါတယ်။ဂျေးဆုကို ကြိုးစား‌နေတဲ့အပေါ် ဒါရင်းဘန့်က ထောက်ခံခဲ့ပြီး အန်ကန်ကူကိုလည်း အာဆင်နယ်အနေနဲ့ ကြိုးစားသင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။ 

သူ့ကို(အန်ကန်ကူကို) အာဆင်နယ်ကို သွားစေချင်တယ်။သူ အဲ့ဒီမှာ တကယ်ကို ခြေစွမ်းပြနိုင်မှာပါ” 

အန်ကန်ကူဟာ သူရဲ့ခြေစွမ်းကို သက်သေပြဖို့ လိုအပ်တဲ့ ကစားသမားမဟုတ်တော့ပါဘူး။ အာဆင်နယ်အတွက် ထိပ်တန်းအဆင့်ပြန်၀င်ဖို့ လိုအပ်နေတဲ့သွင်း‌ဂိုးတွေကို ရယူပေးဖို့ အန်ကန်ကူဟာ လိုတာထက်တောင် ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။” 

ဒါကြောင့် အန်ကန်ကူကို ခေါ်နိုင်မယ်ဆိုရင် အသင်းအတွက် တကယ်ကို ကြီးမားတဲ့ အင်အားဖြည့်တင်းမှုဖြစ်လာမှာပါ။” 

ဒါပေမယ့် အန်ကန်ကူကို ခေါ်ဖို့ဆိုရင် ပိုက်ဆံတော့ အတော်ကုန်မှာပါ။ပီအက်စ်ဂျီက သူ့ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” 

ဒါပေမယ့် ကျွန်တော် သူ့ကို တကယ်သဘောကျပါတယ်။သူဟာ အထောင်တိုက်စစ်မှူးအနေနဲ့လည်း ဆော့နိုင်တယ်၊ဘယ်အခြမ်းမှာလည်း ဆော့နိုင်သလို ညာအခြမ်းမှာလည်း ဆော့နိုင်ပါတယ်” 

ဒါပေမယ့် အန်ကန်ကူဟာ အာဆင်နယ်အတွက် လွယ်ကူတဲ့ ပစ်မှတ်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ပြီးခဲ့တဲ့ ရာသီမှာ သူပြသခဲ့တဲ့ ခြေစွမ်းအရ ဥရောပ ထိပ်သီးအသင်းအများအပြားဟာ သူ့ကို ခေါ်ယူဖို့ ကြိုးစားနေသလို လိုက်ပ်ဇစ်ကလည်း သူတို့ရဲ့ ကစားသမားကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ဒါကြောင့် ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်အတွက်တော့ အန်ကန်ကူဟာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလို့တောင် တင်စားရမယ့်ပုံပါပဲ။

Original Content Here

Advertisement

Leave a Reply

%d bloggers like this: