စမစ်ရိုးနှင့် သူ၏ စံချိန်များ

ပြီးခဲ့တဲ့ ၂ဝ၂၁- ၂ဝ၂၂ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းဟာ အသင်းရဲ့ သန်း ၅ဝတန်တိုက်စစ်မှုးကြီး အူဘာမီယန်းကို ရာသီဝက်နဲ့ ထွက်ခွာစေခဲ့သလို အကြွေးနဲ့ ဝယ်ထားရတဲ့ သန်း၇ဝတန် ပေပေကိုလည်း တစ်ရာသီလုံး ဟုတ်တိပတ်တိ မသုံးခဲ့ဘဲ လူငယ်တွေနဲ့သာ စခန်းသွားဖြစ်ခဲ့ပါတယ်။

အဲ့ဒီမှာ အာဆင်နယ်အသင်းရဲ့ လူငယ်တွေက တတပ်တအား ဖြစ်လာခဲ့ကာ ဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီတို့က တိုက်စစ်အစွမ်း ပြခဲ့ကြသလို အန်ကတ်တီယာကလည်း ရာသီကုန်ခါနီးမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းပေးခဲ့ပါသေးတယ်။

၂ဝ၂ဝ-၂ဝ၂၁ တုန်းက  ၅၅ဂိုးသာ သွင်းနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ထိုစဥ်က အဆင့် ၁၁က အက်စတွန်ဗီလာနဲ့ ဂိုးရလဒ် တူနေခဲ့ပြီး လိစ်ဒ်စ်ယူနိုက်တက်ထက် ၇ဂိုးနည်းခဲ့ပါတယ်။

ဒါပေမယ့် ၂ဝ၂၁-၂ဝ၂၂ မှာတော့ ဂိုးသွင်းခြေ တက်လာပြီး ၆၁ဂိုးတောင် သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ သွင်းဂိုးတွေအတွက် စမစ်ရိုးက အဓိကနေရာကနေ ပါဝင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကို အချိုးချကြည့်ရင် မိနစ်၉ဝပြည့်တိုင်း ဝ.၄၇ဂိုး  သွင်းယူနိုင်သူပါ။ ဒါဟာ ပွဲ ၂ပွဲကစားတိုင်း တစ်ဂိုးသွင်းယူနိုင်သူလို့ သတ်မှတ်လို့ရပါတယ်။

ဒါ့အပြင် ဂိုးဖန်တီးမှုမှာလည်း မိနစ်၉ဝမှာ .၂၅ဖြစ်တာကြောင့် ၄ပွဲမှာ တစ်ကြိမ်နှုန်း ရှိနေပြန်ပါတယ်။

ဒါ့အပြင် ဂိုးပေါက်ကန်သွင်းမှုမှာလည်း မိနစ်၉ဝမှာ ၁.၈၈ကြိမ် ကန်ထားသလို ဂိုးပေါက်တည့်အောင်ကန်ချက်က ၁.၀၈ကြိမ် ရှိပါတယ်။

ပျှမ်းမျှမိနစ်၉ဝမှာ ၂.၃၅ကြိမ်လည်း လိမ်ခေါက်ကျော်ဖြတ်နိုင်သူပါ။ 

ဒီအချက်အလက်တွေဟာ ၂ဝ၂ဝ-၂ဝ၂၁ရာသီနဲ့တောင် အကွာကြီး ကွာနေခဲ့တာဖြစ်ပြီး စမစ်ရိုးရဲ့ ခြေစွမ်းက သိသိသာသာ တိုးတက်လာသလို ကျောနံပါတ် ၁ဝနဲ့လည်း ထိုက်တန်ကြောင်း သက်သေပြနေတာလည်း ဖြစ်ပါတယ်။

နောက်ရာသီမှာ အသစ်ရောက်လာမယ့်တိုက်စစ်မှုးအပြင် ရှိပြီးသား မာတင်နယ်လီိ၊ ဆာကာ၊ အော်ဒိဂတ်တို့နဲ့ပါတွဲဖက်ပြီး စမစ်ရိုးအနေနဲ့ ဘယ်လောက်တောက်ပနိုင်ဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရပါမယ်။

Advertisement

Leave a Reply

%d bloggers like this: