အချစ်စစ်ရဲ့ တွန်းအားအကြောင်းကို သေချာရှင်းပြတဲ့ ပါတေး
အာဆင်နယ်အသင်းရဲ့ ဂါနာကွင်းလယ်ကစားသမား ပါတေးဟာ မော်ရိုကိုနိုင်ငံသူ ဆာရာဘယ်လာ နဲ့လက်ထပ်အပြီးမှာ အစ္စလာမ်ဘာသာသို့ကူးပြောင်းခဲ့တဲ့အပြင် ယာကူဘူဆိုတဲ့ နာမည်သစ်ကိုပါ ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် သူ့ဘဝကိုပြောင်းလဲစေတဲ့ အချစ်စစ်ရဲ့ အကြောင်းကိုပါ အခုလို ပြောပြလာခဲ့ပါတယ်။
“ ကျွန်တော်ချစ်ရတဲ့မိန်းကလေးကိုတွေ့ဆုံခဲ့ပါတယ် … အခြားသော ဝန်းရံနေတဲ့မိန်းကလေးတွေပစ်ခွာသွားလဲ ကိစ္စမရှိပါဘူး … အဲ့တာတွေက အေးဆေးပါ … ကျွန်တော်ဟာ မူဆလင်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့တာဖြစ်ပြီး အဆုံးသတ်မှာလဲ မူဆလင်ပဲဖြစ်သွားတော့မှာပါ … အခုလဲ မူဆလင်တစ်ယောက်ကိုလပ်ထပ်ခဲ့ပြီး နာမည်ကလဲ ယာကူဘူ ဖြစ်ခဲ့ပါပြီ “ လို့ ပါတေးက ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်က ကမ်းလှမ်းတော့မယ့် အာဆင်နယ်ပစ်မှတ်ဟောင်း
အာဆင်နယ်အသင်းနဲ့ ကောလာဟာလထွက်ခဲ့တဲ့ လီဗာကူဆင်အသင်းရဲ့ ပြင်သစ်ကစားသမား ဒီယာဘီကို နယူးကာဆယ်အသင်းက စတင်ကြိုးစားတော့မှာဖြစ်တယ်လို့ football London က ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ ကစားသမားရဲ့တန်ကြေးဟာ ပေါင် သန်း ၆၀ ခန့်ရှိတယ်လို့ Football Insider က ဖော်ပြထားပြီး ၊ ပြီးခဲ့တဲ့ရာသီမှာ ၁၇ ဂိုးသွင်းပြီး ၁၄ ကြိမ် ဖန်တီးထားနိုင်သူလည်းဖြစ်ပါတယ်။
လစာအများကြီးလျော့ယူမယ့် ဂန်းနားဟောင်းကြီး လာကာ
လာကာဇက်ဟာ အသင်းဟောင်းလိုင်ယွန်မှာ လစာငွေများစွာလျော့ယူပြီး ကစားပေးတာဖြစ်ကြောင်း Talk Sport နဲ့တွေ့ဆုံရာမှာ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
“ ဒီအသင်းကိုပြန်လာဖို့အတွက် လုံလောက်တဲ့ချစ်ခြင်းမေတ္တာတွေ ကျွန်တော့်မှာရှိထားပြီးသားပါ။ ရင်ထဲကအတိုင်းပဲ ဆုံးဖြတ်ချက်ချခဲ့ပြီး အဆုံးထိခရီးဆက်ဖို့လဲအသင့်ပါပဲ … ဒီအသင်းမှာ ကစားဖို့ မစောင့်နိုင်တော့ပါဘူး “ လို့ အင်တာဗျူးမှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
လာကာဇက်ဟာ အာဆင်နယ်မှာ လစာများဆုံးကစားသမားများထဲမှ တစ်ဦးလဲဖြစ်ပါတယ်။
စတာလင်ကို ချဲလ်ဆီးပစ်မှတ်ထားနေ
အာဆင်နယ်အသင်းနဲ့ မကြာခနသတင်းထွက်လေ့ရှိတဲ့ မန်စီးတီးကစားသမား စတာလင်ကို ချဲလ်ဆီးတို့က စာချုပ်ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ Football London က ရေးသားလာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်တောင်ပံလူဟာ ခြေစွမ်းတည်ငြိမ်သူဖြစ်ပြီး ၊ တောင်ပံကစားသမားလိုအပ်နေတဲ့ချဲလ်ဆီးအသင်းအတွက်လည်း အံဝင်သူဖြစ်တယ်လို့ ရေးသားနေကြပါတယ်။ ပိုင်ရှင်သစ်တော့ ဘိုလီရဲ့ လက်ထက်မှာ နည်းပြ တူချယ်ဟာ အပြောင်းအရွှေ့အတွက်စိတ်ကြိုက်လုပ်ကိုင်ခွင့်ရမယ်လို့သိရပါတယ်။
အာဆင်နယ်လူငယ်ကို ခေါ်ချင်နေကြောင်း မီဝေါလ်နည်းပြ ဝန်ခံ
မီလ်ဝေါအသင်းနည်းပြဖြစ်သူ ဂယ်ရီ ရိုးဝက်ဟာ အာဆင်နယ်အသင်းရဲ့ လူငယ်နောက်ခံလူ ဒန်နီယယ် ဘဲလတ်ကို ပြန်လည်ခေါ်ယူချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို ၊ အသင်းအနေနဲ့ ငွေကြေးတတ်နိုင်ပါ့မလားဆိုတာကိုလည်း မသေချာကြောင်း ဝန်ခံသွားပါတယ်။ Daily Cannon က ဖော်ပြတဲ့အဆိုပါသတင်းအရ ရိုးဝက်ဟာ သူနဲ့အတူ လက်တွဲဖူးတဲ့ ဘဲဘတ်ကို အရည်အသွေးမြင့်ကစားသမားလို့ အမြဲတန်းယုံကြည်ထားတာဖြစ်ပြီး ၊ လူငယ်တွေအများကြီးရှိနေတဲ့ အာဆင်နယ် လူစာရင်းကြောင့် သေချာပေါက် ပြန်လည်အငှားချမယ်လို့ တွက်ဆထားသူဖြစ်ကြောင်းရေးသားထားပါတယ်။