အာဆင်နယ်ပရိသတ်တွေ ဘာကိုစိတ်ပျက်လဲဆိုတာ သိကြလား – ဂီဘာတိုဆေးဗားလ်

အာဆင်နယ်အသင်းရဲ့ ဂန္တ၀င်ကစားသမားကြီးဖြစ်သူ ဂီဘာတိုဆေးလ်ဗားက ပြီးခဲ့တဲ့ ရာသီအဆုံးသတ်မှာ အာဆင်နယ် ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရတာဟာ စိတ်မကောင်းစရာဖြစ်တယ်ဆိုတာကို ၀န်ခံခဲ့ပြီး မကြာမီမှာ အသင်းဟာ ဥရောပထိပ်သီးအသင်းတွေရဲ့ ပြိုင်ဆိုင်မှုထဲကို ပြန်လည်ပါ၀င်နိုင်ဖို့  မျှော်လင့်နေပါတယ်။ 

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ အနီးစပ်ဆုံး လက်တစ်ကမ်းအနေအထားထိရောက်ရှိခဲ့ပေမယ့်  နောက်ဆုံးသီတင်းပတ်တွေမှာ အမှားများခဲ့တာကြောင့် ၂၀၂၁-၂၂ဘောလုံးရာသီကန့်လန့်ကာချချိန်မှာတော့ အမှတ်ပေးဇယားမှာ အဆင့်ငါးနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ် ပြိုင်ပွဲကိုပဲ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ 

ချန်ပီယံလိဂ်၀င်ခွင့်မရခဲ့တာဟာ ဂီဘာတိုဆေးလ်ဗားပြောခဲ့သလို အာဆင်နယ်ပရိသတ်တွေအတွက်  အ‌တော်လေး၀မ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။ဒီလို ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပြီးနောက် အသင်းရဲ့ နွေရာသီအသုံးစရိတ်ကလည်း ကန့်သတ်ခံခဲ့ရသလို ထိပ်တန်းကစားသမားတွေကို အသင်းဆီလာအောင်လည်း ခက်ခက်ခဲခဲ ဆွဲဆောင်ရဖို့ ရှိနေပါတယ်။ 

လာမယ့်ရာသီမှာတော့ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အာတီတာတို့ လူစုဟာ သေချာပေါက် ကြိုးစားသွားဖို့ လိုနေပြီး ဒီတစ်ကြိမ်မှာတော့ သူရဲ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းစာရင်း ၀င်နိုင်ဖို့ ဂီဘာတိုဆေးလ်ဗားက မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

Talk Sportနဲ့ တွေ့ဆုံမှုမှာတော့ ဘရာဇီးလ်သားကြီးက အသင်းဟောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို လုလို ပြောပြလာခဲ့ပါတယ်။ 

အာဆင်နယ်ပရိသတ်တွေ ဘာကိုစိတ်ပျက်လဲဆိုတာ သိကြလား၊ ကျွန်တော်အတွက်ကတော့ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့်ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာပါပဲ။” 

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာတွေကို ပြန်သွားနိုင်ဖို့ လိုအပ်ပါတယ်။ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်တွေမှာ အာဆင်နယ်တို့ ချန်ပီယံလိဂ်မှာ ကစားခွင့်မရခဲ့တာ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မကစားနေခဲ့တာကို တွေ့ရတာဟာ တကယ်ကို ခံစားရခက်ခဲပါတယ်” 

နောက်ရာသီမှာ အာဆင်နယ်ရဲ့ ပထမဦးစားပေးဟာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ နောက်လာမယ့်ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲဟာ ပြီးခဲ့တဲ့ ရာသီကထက် ပိုလက်ခဲဖို့ ရှိနေပါတယ်။ဒါကြောင့် နွေရာသီအပြောင်းအ‌ရွှေ့မှာ အာဆင်နယ်အနေနဲ့ အရည်အသွေးမြင့်ကစားသမား တွေကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: