နောက်ဆုံးရ အာဆင်နယ် သတင်းများ(8June)

ဝေဖန်မှုတွေနဲ့စတင်ခဲ့ရပေမယ့် မှတ်တမ်းကောင်းနဲ့ ပိတ်သိမ်းနိုင်ခဲ့တဲ့  အိုဒီဂတ်ရဲ့ ဘောလုံးရာသီ

အာဆင်နယ်ရဲ့နော်ဝေးကွင်းလယ်လူ မာတင်အိုဒီဂတ်ဟာ ရာသီတစ်လျှောက် ဝေဖန်မှုများ ၊ အနိမ့်အမြင့်များကို ကြုံတွေ့ခဲ့ရပြီးနောက် မှတ်တမ်းကောင်းတစ်ရပ်ကိုပိုင်ဆိုင်နိုင်ခဲ့သလို အသင်းရဲ့  ဒုတိယအကောင်းဆုံးအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အိုဒီဂတ်ဟာ  ၇ ဂိုးသွင်း ၊  ၅ ကြိမ်ဖန်တီး ၊ ၈၁ ကြိမ် အခွင့်အရေးများဖော်ဆောင်နိုင်ခဲ့ကာ  ၊   ၈၆% ထိ တိတိကျကျလူပေးနိုင်ခဲ့ပါတယ်။

ဘစ်ဆူးမားကို အာဆင်နယ် တကယ်ပဲကြိုးစားနေသလား

အီတလီသတင်းစာ Calciomerato ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ  ကာလရှည်သတင်းကြီးခဲ့တဲ့ ကွင်းလယ်လူ  ဘစ်ဆူးမားကိ ခေါ်ယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားနဲ့ အာဆင်နယ်ရဲ့ကြားမှာဖြစ်ပေါ်ခဲ့တဲ့ သတင်းမှတ်တမ်းများအရ  ဖြစ်နိုင်ခြေတော့နဲပေမယ့် ၊ ပြီးခဲ့တဲ့ရက်အနဲငယ်တုန်းက ကစားသမားရဲ့ ဆိုရှယ်မီဒီယာထက်ကအပြုအမူအချို့ကြောင့် စောင့်ကြည့်ရမယ့်အနေအထားတစ်ရပ်မှာရှိနေတယ်လို့လဲ ဆိုပါတယ်။

ဆကာမန်ကာကို အာဆင်နယ် တကယ်ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း အီတလီအေးဂျင့်ထုတ်ဖော်ပြောကြားလာ

နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်တဲ့  ရောဘတ်တို ဒီဖန်တီကတော့  အာဆင်နယ်နဲ့ ဆက်ဆူအိုလိုကြားထဲမှာ ဆကာမန်ကာအတွက်ဆွေးနွေးမှုတွေရှိနေတယ်လို့ အခိုင်အမာထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။  ပြီးခဲ့တဲ့အပတ်တုန်းက အီတလီအခြေစိုက်မီဒီယာတွေမှာ ဖော်ပြလာမှုကြောင့်  လှုပ်ခတ်မှုတွေရှိခဲ့ပေမယ့်လည်း  ဆက်ဆူအိုလိုဖက်က ငြင်းဆန်ခဲ့မှုကြောင့် ကောလာဟာလ အဖြစ်သာသတ်မှတ်ခဲ့တာပါ။ သတင်းများအရ အာဆင်နယ်ဖက်က ကနဦးကမ်းလှမ်းမှု ပေါင် ၂၅ သန်းနဲ့ချဥ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

ဆာလီဘာကို နာပိုလီက စိတ်ဝင်စားနေ

အပြောင်းအရွှေ့သတင်းထောက်တစ်ဦးဖြစ်တဲ့  ဂီယန်လူဂီ လွန်ဂါရီရဲ့ရေးသားမှုအရ နာပိုလီအသင်းဟာ အာဆင်နယ်လူငယ်ခံစစ်မှုး ဝီလျံဆာလီဘာကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ ​သိရပါတယ်။ အဆိုပါ   Highly Rated  ကစားသမားလေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အာဆင်နယ်မှာ သူ့ရဲ့အနာဂတ်ရှိနေကြောင်းထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။  အဲ့ဒီကာလမတိုင်ခင်မှာတော့ မာဆေးလ်မှာဆက်နေရေး ၊ အမ်းမရီတ်ပြန်လာရေးကိစ္စက အလွန်ရေပန်းစားခဲ့တာဖြစ်ပါတယ်။

ဘက်တစ်မှာဆက်ရှိဖို့ အားထုတ်သွားမှာဖြစ်တယ်လို့  ဘယ်လာရင် ကိုယ်တိုင်ထုတ်ပြောလာခဲ့

အာဆင်နယ်နောက်ခံလူဘယ်လာရင်ဟာ သူ့အနေနဲ့အသင်းပြောင်းတော့မှာဖြစ်ကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံစဥ်မှာ ကိုယ်တိုင်ထုတ်ပြောလာခဲ့ပါတယ်။

“  ကျွန်တော် အသင်း ၂ သင်းနဲ့ လောလောဆယ်စကားပြောထားပါတယ် .. ကျွန်တော်ကိုယ်တိုင်က ဘာဆက်လုပ်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်ထားပါတယ် ..  လောလောဆယ်တော့  အချိန်ကလဲ လအနဲငယ် ကျန်သေးတာကြောင့်  အဆင်ပြေပြေညှိနှိုင်းလို့ရသွားမှာပါ  ….  ဘက်တစ်ကိုလာဖို့အတွက်အားထုတ်ခဲ့သလို ဆက်ပြီးနေဖို့လဲ ထပ်ပြီးအားထုတ်ရဦးမှာပေါ့ဗျာ  “  ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: