နောက်ဆုံးရ အာဆင်နယ် သတင်းများ (7June)

အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီဖြစ်တဲ့ မာကွင်ဟို့စ်

အာဆင်နယ်အသင်းကိုပြောင်းရွှေ့လာတော့မယ့် မာကွင်ဟို့စ်ဟာ  ဆာအိုပေါ်လိုအသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့ Globo Esporte ကရေးသားဖော်ပြလာပါတယ်။ အဆိုပါဘရာဇီးလူငယ်ဟာ အာဆင်နယ်အသင်းရဲ့ အစောဆုံးခေါ်ယူမှုတစ်ခုဖြစ်လာခဲ့ပြီးပေါင် ၃ သန်းခန့်ကျသင့်ခဲ့တာလည်းဖြစ်ပါတယ်။ လာမယ့်ရက်အနဲငယ်မှာ အာဆင်နယ်ဖက်က တရားဝင်ကြေငြာမှုတွေပြုလုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဇင်ချန်ကို  ကိုအာတီတာအလွန်သဘောကျနေတယ်လို့  Football London ရေးသား

နည်းပြအာတီတာဟာ  မန်စီးတီးကစားသမား ဇင်ချန်ကို ကိုသူ့ရဲ့  ၄-၃-၃  ကစားပုံမှာ ထည့်သွင်းဖို့အတွက် အားသန်နေကြောင်း Football London က သုံးသပ်ရေးသားလာပါတယ်။ ဇင်ချန်ကိုရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုမှု များစွာရှိနေတာဖြစ်ပြီး ၊ ကစားသမားကလည်း ကွင်းလယ်နဲ့နောက်ခံ  ၂ နေရာမှာကောင်းမွန်စွာကစားနိုင်သူဖြစ်ပါတယ်။ ဇင်ချန်ကိုဟာ နည်းပြ ဂွာဒီယိုလာအတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက်တော့ အသင်းပြောင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။

လီဗာကူဆင်ကစားသမားအကြောင်းကိုရေးသားလာတဲ့  The Sun

ဘွန်ဒက်စ်လီဂါ ကစားသမား မူဆာဒီယာဘီကို ခေါ်ယူလိုပါက ပေါင် သန်း ၄၀ ခန့်ကုန်ကျနိုင်ကြောင်း The Sun  က ရေးသားလာခဲ့ပါတယ်။ အဆိုပါကစားသမားကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ပါဝင်တယ်ဆိုပြီး ကောလာဟာလတွေထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၂၂ အရွယ် ပြင်သစ်လက်ရွေးစင်ဟာ လီဗာကူဆင်နဲ့အတူပုံစံကောင်းတွေပြသထားနိုင်သူလည်းဖြစ်ပါတယ်။

ဆာကာကို  စာရင်းထဲ ထည့်လာခဲ့တဲ့ မန်စီးတီး

အာဆင်နယ်ကစားသမားလေး ဆာကာကို  မန်စီးတီးအသင်းက စတင်စောင့်ကြည့်နေပြီဖြစ်ကြောင်း Daily Mail  က ဖော်ပြလာခဲ့ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားလေးဟာ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေပြီး  အမ်းမရိတ် ပရိတ်သတ်ရဲ့ အချစ်တော်တစ်ယောက်လဲဖြစ်ပါတယ်။ ဆာကာဟာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ရဲ့ ချီးကျူးမှုကိုလည်း မကြာခနရရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။

အိုမာရီကစ်ကို လည်း ဆာလီဘာလက်သစ်ဖြစ်လာဖို့ အာဆင်နယ်မျှော်လင့်ထား

U23 အသင်းနဲ့အတူပုံစံကောင်းတွေပြသထားခဲ့တဲ့  ခံစစ်မှုး အိုမာရီကစ်ကိုလည်း နောက်ထပ်ဆာလီဘာတစ်ယောက်အဖြစ်ရည်မှန်းထားပြီး ဥရောပအဆင့်အသင်းကြီးတစ်သင်းထံ အငှားချသွားဖို့ စီစဥ်နေကြောင်း Team Talk ကဖော်ပြလာပါတယ်။ ဟာသာဘာလင်ကနေ ပြောင်းရွှေ့လာတဲ့ ရီကစ်ဟာ  ပရိတ်သတ်နဲ့ နည်းပြတွေရဲ့နှစ်သက်မှုကိုရရှိနေပြီး ၊ မနှစ်ကလည်း ပွဲစဥ် ၁၄ ပွဲအထိ ပါဝင်ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: