လာကာဇက်ရဲ့ အမ်းမရိတ်မှ ထွက်ခွာတော်မူခန်း

ကျွန်တော်တို့ရဲ့ ကပ္ပတိန်ကြီး ကို နှုတ်ဆက်စကားပြောဖို့ အချိန်ရောက်လာခဲ့ပါပြီ။ တကယ်ဆို ကျွန်တော်တို့ ဒါကို ကြိုသိခဲ့ပြီးသားပဲမဟုတ်လား။ 

သူဟာ အသင်းနဲ့ဘောလုံးရာသီ ငါးရာသီကုန်ဆုံးခဲ့ပြီးနောက် ၊ အာဆင်နယ်အတွက် ၂၀၆ပွဲကစား၊ ၇၁ဂိုးသွင်းယူခဲ့တဲ့ လာကာဇက်ရဲ့ အာဆင်နယ် ကစားသမားဘ၀ဟာ ဒီမှာပဲ ပြည်ဖုံးကားချခဲ့ပါပြီ။ 

အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ ပြင်သစ်သားကြီးဟာ အမ်းမရိတ်ကို စွန့်ခွာပြီး သူ့ရဲ့အသင်းဟောင်း လိုင်ယွန်ဆီ ပြန်သွားတော့မှာ ဖြစ်ပါတယ်။ အိမ်အပြန်ခရီးစဉ်မတိုင်မီမှာတော့ လာကာဇက်ဟာ မြောက်လန်ဒန်မှာ ရှိခဲ့တဲ့ အမှတ်တရတွေကို အမြဲ အမှတ်ရနေတော့မှာဖြစ်သလို ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေမှာလည်း သူ့ကို သတိတရတော့ ရှိနေတော့မှာပါ။ 

၂၀၁၇ခုနစ်မှာ အာဆင်၀င်းဂါးရဲ့ ခေါ်ယူခြင်းခေါ်ခံရတဲ့ တိုက်စစ်မှူးကြီးဟာ အသင်းကို ရောက်ရောက်ချင်းမှာပဲ အကျိုးပြုနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ ပထမဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ဖို့ ကွင်းထဲ၀င်လာပြီး ၉၄စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လာကာဇက်ဟာ ပထမဆုံးရာသီမှာ ၁၇ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

နောက်ရာသီမှာ လာကာဟာ ပြိုင်ပွဲစုံသွင်းဂိုး ၁၉ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေ ရွေးချယ်ခဲ့တဲ့ အာဆင်နယ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒါဟာ သူ့အတွက်  အာဆင်နယ်ကစားသမားဘ၀ရဲ့ အကောင်းဆုံအမှတ်တရတွေထဲကတစ်ခု ဖြစ်မှာပါ။ 

နောက်ရာသီ နည်းပြသစ်အာတီတာရဲ့ ပထမဆုံးရာသီ FAဖလားအောင်ပွဲမှာ လာကာဇက်ဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ၀င်ဘလေမှာ ချဲလ်ဆီးကို အနိုင်ယူခဲ့ကာ FAဖလားကို မြှောက်ကိုင်နိုင်ခဲ့ပါတယ်။ ဒီအခိုက်အတံ့တွေဟာ သူ့အတွက်၊ အသင်းအတွက် ၊ ပရိသတ်တွေအတွက် တကယ်ကို ချိုမြိန်ခဲ့ရပါတယ်။ 

လာကာဟာ သူရဲ့ စတုတ္ထမြောက် ဘောလုံးရာသီမှာတော့ ၁၇ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး၅၀ဆိုတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းကြောင့် ပြင်သစ်သားကြီးဟာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး၅၀ပြည့်မြောက်ခဲ့တဲ့ ၁၀ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ 

အာဆင်နယ်ကစားသမားဘ၀နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၂၁-၂၂ဘောလုံးရာသီရဲ့ ဒုတိယရာသီ၀က်မှာ လာကာဇက်တီဟာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ အော်ဘာမီယန်းဆီကနေ ကပ္ပတိန်လက်ပတ်ကို ဆက်ခံခဲ့ပါတယ်။ရာသီကုန်ခါနီး နောက်ဆုံးသီတင်းပတ်တွေမှာ အာတီတာဟာ  အန်ကက်တီယားကို အသင်းမှာ နေရာပးခဲ့တာကြောင့် အာဆင်နယ်ကစားသမားဘ၀ရဲ့နောက်ဆုံးမိနစ်တွေမှာ မြက်ခင်းစိမ်းပေါ် ပြေးလွှားပြီး ဂိုးတွေ သွင်းယူနေရမယ့်အစား အရန်ခုံပေါ်မှာပဲ လာကာဟာ ဖြတ်သန်းခဲ့ရပါတယ်။ 

အခုတော့ နှုတ်ဆက်ချိန်ရောက်လာခဲ့ပါပြီ။ကျေးဇူးတင်ပါတယ် လာကာ။ ခရီးသစ်တစ်ခု ၊သမိုင်းသစ်တစ်ခုစတင်တော့မှာမို့ စိတ်မကောင်းစွာနဲ့ပဲ လမ်းခွဲရတော့မှာပါ။အိမ်အပြန်ခရီး အဆင်ပြေပါစေ။ 

ဂန်းနားတစ်ခါ ဖြစ်ဖူးရင် အမြဲတမ်းဂန်းနားပါပဲ။ကျွန်တော်ဆို့ ခင်ဗျားကို အမှတ်ရနေမှာပါ။

ဟာသ Page တစ်ခုမှာတော့ ဘာမှအမှတ်တရမရှိခြင်းအတွက် ကျေးဇူးတင်ပါတယ် လို့ သရော်ခဲ့ပါတယ်။  ဒါပေမယ့် ပရိတ်သတ်တွေကတော့  ဘာမှမရှိတာ အမှတ်တရဆိုရင်တောင် အဲ့လိုအမှတ်တရအတွက်ပဲ ကျေးဇူးတင်နေမှာပါ.

Advertisement

Leave a Reply

%d bloggers like this: