အာဆင်နယ်နဲ့ သတင်းတွေအပေါ် နောက်ဆုံးမှာ တုံ့ပြန်လာခဲ့ပြီ

ဂျေးဆူဟာ မန်စီးတီးကနေ ဒီနွေမှာ ထွက်ခွာဖို့ ရှိနေတယ်ဆိုတာကို အပြောင်းအရွှေ့သတင်းတွေရဲ့ ဂုရု ဖာဘရီဇီယို ရိုမန်နိုက အတည်ပြုခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်က အပြင်းအထန်ကြိုးစားနေတယ်ဆိုတာလည်း အားလုံးအသိပါပဲ။ 

နိုင်ငံတကာပွဲစဉ်တွေအတွက် ဘရာဇီးလ်ကို ရောက်နေစဉ်မှာ ဂျေးဆူဟာ သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ဖွင့်ဟလာခဲ့ပါတယ်။သူဟာ အများကြီးတော့ ထုတ်မပြောခဲ့ပေမယ့် လာမယ့် သတင်းပတ်တွေအတွင်း မန်ချက်စတာကနေ ထွက်ခွာဖို့ ရှိနေတယ်ဆိုတာကို အရိပ်အမြွက် ပြောပြလာခဲ့ပါတယ်။ 

အူဘာမီယန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဘာစီလိုနာဆီ ထွက်ခွာခွင့်ပေးခဲ့ပြီးနောက်၊ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လာကာဇက်ဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးတဲ့နောက် အာဆင်နယ်ဟာ ထိပ်တန်းတိုက်စစ်မှူးသစ်တစ်ဦးကို ဒီနွေမှာ မဖြစ်မနေ ခေါ်ယူသွားရမှာ ဖြစ်ပါတယ်။ ဂျေးဆုဟာ မန်စီးတီးမှာ တောင်ပံတိုက်စစ်မှူးအဖြစ်လည်း ကစားဖူးတာကြောင့် အသင်းရဲ့နေရာစုံမှာ ကစားသမားအများအပြားလိုအပ်နေတဲ့ အာဆင်နယ်အတွက် အများကြီး အသုံး၀င်လာဖို့ ရှိနေပါတယ်။ လက်ရှိမှာ အသင်းရဲ့ တိုက်စစ်အတွက် အန်ကက်တီယားနဲ့ ဘာလိုဂန်တို့သာ ကျန်ရှိနေပါတယ်။ 

ဂျေးဆုဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ခုလိုမျိုးပြောပြလာခဲ့ပါတယ်။ 

ကျွန်တော့်အတွက် ၊ ဒါ့ထက်ပိုပြောရရင် ကျွန်တော်ရဲ့ ကစားသမားဘ၀အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲဆိုတာ အဖြေရှာနေပါတယ်။ အင်္ဂါနေ့ပြီးရင်တော့ ဘာတွေ ဖြစ်လာမလဲ တွေ့ရမှာပါ” 

သတင်းအချို့အရတော့ ဂျေးဆူနဲ့ အာဆင်နယ်ဟာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အတော်လေး နီးစပ်နေပြီလို့ ဆိုပါတယ်။The Sunကလာတဲ့ သတင်းအရဆို အာဆင်နယ်ဟာ ‌မန်စီးတီးမှာ  ဂျေးဆု လက်ရှိနေတဲ့ တစ်ပတ်လစာနှုန်းထား ပေါင်၁သိန်း၁သောင်းထက် ပိုများတဲ့ပမာဏဖြစ်တဲ့ ပေါင်၁သိန်း၉သောင်းအထိ ပေးချေဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း၅၀လိုချင်နေပြီး အာဆင်နယ်ကတော့ ပေါင်သန်း၄၀သာ ပေးချေဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ 

ဂွာဒီယိုလာဟာ လာမယ့် ဘောလုံးရာသီမှာ ဥရောပ အောင်မြင်မှုတွေရနိုင်ဖို့ အသင်းရဲ့ တိုက်စစ်အတွက် အဲဗာရက်ဇ်နဲ့ ဟာလန်းတို့ကို အီတီဟက်ဆီ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ဒါကြောင့် မန်စီးတီးဟာ ဂျေးဆုကို ရောင်းချပြီး ငွေပြန်ရှာဖို့ ရှိနေသလို ဘရာဇီးလ်တိုက်စစ်မှူးကလည်း ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ 

မကြာမီမှာတော့ ဂျေးဆူကို အာဆင်နယ် တကယ်ခေါ်ယူနိုင်တော့မလားဆိုတာကို ပြတ်ပြတ်သားသားသိလာရဖို့ ရှိနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: