တိုက်စစ်မှူးအ၀ယ်စာရင်းထဲကနေ ဘယ်သူတွေကို အာဆင်နယ် ထုတ်လိုက်ပြီလဲ

အာဆင်နယ်ဟာ ဒီနွေမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို လိုက်နေတယ်ဆိုတာ အားလုံးအသိပါပဲ။‌အူဘာမီယန်း၊ လာကာဇက်တို့မရှိတော့တဲ့ အသင်းရဲ့ တိုက်စစ်ကို သွေးသစ်လောင်းဖို့ တိုက်စစ်မှူးသစ်တစ်ဦး သို့ နှစ်ဦးအထိ မဖြစ်မနေ မနေခေါ်ယူဖို့ လိုအပ်နေတဲ့ အာဆင်နယ်ဟာ ဥရောပထိပ်တန်းလိဂ်တွေက တိုက်စစ်မှူးအများအပြားနဲ့ နာမည်တွေထွက်နေခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့တကယ်ဖွင့်ဖို့ နီးစပ်လာချိန်မှာတော့ အာဆင်နယ်ဟာ သူတို့ရဲ့ ပစ်မှတ်အရေအတွက်ကို လျှော့ချလိုက်ပြီလို့ သတင်းထွက်လာခဲ့ပါတယ်။ Express Sportရဲ့ အဆိုအရ အာဆင်နယ်ဟာ သူတို့ရဲ့ အ၀ယ်စာရင်းထဲကနေ အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်၊ အဲဗာတန် တိုက်စစ်မှူး ကဲလ်ဗက် လီ၀င်း၊ ဆော်ဆူအိုလိုတိုက်စစ်မှူး ဆကာမက်စ်ကာ၊အက်စ်တွန်ဗီလာတိုက်စစ်မှူး ၀က်စ်ကင်းတို့ကို ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။

အကြောင်းရင်းကတော့ ဒီကစားသမားတွေကို ခေါ်ယူဖို့ ခက်ခဲနိုင်တာကြောင့် ဖြစ်ပါတယ်။အခုဆိုရင် အာဆင်နယ်ဟာ အခြားပစ်မှတ်တိုက်စစ်မှူးတွေကိုပဲ ပိုပြီးအာရုံစိုက်လာဖို့ ရှိနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်တစ်ခုမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူရတာဟာ မလွယ်ကူလှပါဘူး။အသင်းဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ ပိုပြီးအခက်အခဲ တွေ့စေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ကို ပြောင်းရွှေ့လိုတဲ့ ကစားသမားတွေကတော့ ရှိနေဦးမှာပဲ ဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်မှာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်ရထားတဲ့ အသင်းတွေနဲ့အပြိုင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ဆိုရင်အာဆင်နယ်အနေနဲ့ ငွေကြေးပမာဏအများအပြားသုံးစွဲရဖို့တော့ ရှိနေပါတယ်။ဒါဟာ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့် မရခဲ့ခြင်းရဲ့ နောက်ဆက်တွဲအကျိုးတစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆုက အာဆင်နယ်ရဲ့ ပထမဦးစားပေးပစ်မှတ်တိုက်စစ်မှူးဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: