ရိုးမားတိုက်စစ်မှုးကို အာဆင်နယ် တကယ်ကြိုက်နေတာဖြစ်ကြောင်း Express သတင်းထောက်ရေးသား
အာဆင်နယ်အသင်းဟာ ရိုးမားတိုက်စစ်မှုး တမ်မီအေဘရာဟမ်ကို သေချာပေါက် စိတ်ဝင်စားနေကြောင်း Express ရဲ့သတင်းထောက် ရိုင်ယန်တေလာက ပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ရဲ့ပစ်မှတ်ဟောင်းဖြစ်တဲ့ တမ်မီဟာ မကြာခန လန်ဒန်ကလပ်နဲ့သတင်းထွက်လေ့ရှိတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကတော့ ရိုးမားမှာပျော်နေကြောင်းပြောကြားထားပါတယ်။ အာဆင်နယ်ဟာ လတ်တလောမှာ ဂျေးဆူ ၊ အိုစီမန် ၊ အေဘရာဟမ်တို့နဲ့ ဆက်တိုက်သတင်းတွေထွက်နေတာဖြစ်ပါတယ်။
ဂျေးဆူနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရပြီဆိုပြီး Football Insider က ဖော်ပြလာ
ရီးရဲမက်ဒရစ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းနဲ့အတူ အာဆင်နယ်နဲ့ ဂျေးဆူအကြားပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိထားပြီဆိုတဲ့ အကြောင်းကိုလည်း Football Insider က ဖော်ပြလာပါတယ်။ ဂျေးဆူဟာ စီးတီးအတွက် ၂၃၆ ပွဲကစားပြီး ၉၅ ဂိုးသွင်းပေးထားတဲ့ကစားသမားဖြစ်ပြီး စီးတီးတို့နဲ့ ၅ ရာသီလည်းတိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးရသတင်းများအရ အာဆင်နယ်ဟာ ဂျေးဆူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ တစ်ပတ်လုပ်အားခ ၁၉၀၀၀၀ ထိအသုံးပြုမယ်လို့ သိရပါတယ်။
အာဆင်နယ်ပစ်မှတ်ကို ကြားဝင်လုဖို့ကြံတဲ့ နယူးကာဆယ်
စပိန်သတင်းအေဂျင်စီ Fichajes ရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ အာဆင်နယ်အသင်းပစ်မှတ်တစ်ဦးဖြစ်တဲ့ ဘင်ဖီကာနောက်ခံအစွန်လူ ဂရီမယ်လ်ဒို ကိုကြားဖြတ်ခေါ်ယူဖို့ကြိုးစားလာနေတယ်လို့ သိရပါတယ်။ အီတလီသတင်းဌာန ABola ကလည်းအဆိုပါသတင်းကိုအတည်ပြုခဲ့ပြီး ကစားသမားအတွက် အာဆင်နယ် ၊ ဘာစီလိုနာနဲ့ နယူးကာဆယ်ကိုက အပြိုင်ဖြစ်နေတယ်လို့ ရေးသားလာခဲ့ပါတယ်။
ဆာကာထက် ဘိုဝင်ကို ပိုကြိုက်ကြောင်း ဝေဖန်လာတဲ့ ကစားသမားဟောင်း
ဘောလုံးသမားဟောင်းနဲ့ ဝေဖန်သူ ခရစ္စဆပ်တန်ဟာ ဂျရတ်ဘိုဝင်ရဲ့ ကစားပုံက ဆာကာထက်ပိုပြီး ဟယရီကိန်းနဲ့အတွဲညီတယ်လို့ ပြောကြားလာခဲ့ပါတယ်။ BBC Radio 5 နဲ့တင်ဆက်တဲ့ အင်တာဗျူးမှာ
“ ဘိုဝင်ကစားတာသိပ်ကောင်းတယ် .. ဟယ်ရီကိန်းနဲ့တွဲတဲ့အခင်းအကျင်းမှာတော့ ဆာကာထက်ကို ညာခြမ်းမှာပိုလုပ်ပြနေတယ် .. ဆာကာက အလိမ်အလှဲ့တွေများနေတယ် “ ဆိုပြီးပြောဆိုတာလာတာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ဆာကာထက် ဘိုဝင်ကိုပိုပွဲထွက်စေချင်ကြောင်းပြောလာတာဖြစ်ပါတယ်။
ဘစ်ဆူးမား အာဆင်နယ်ကို ပြောင်းချင်နေသလား
အာဆင်နယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ဖူးတဲ့ ဘရိုက်တန်ကစားသမား ဘစ်ဆူးမားရဲ့ ဆိုရှယ်မီဒီယာက အပြုအမူတစ်ခုကြောင့်ပရိတ်သတ်တွေအကြား ခန့်မှန်း ပြောဆိုမှုတွေပြန်ရှိလာခဲ့ပါတယ်။ ပရိတ်သတ်တစ်ယောက်က တိုင်လီမန်းစ်နဲ့ ဘစ်ဆူးမားတွဲလိုက်ရင် အာဆင်နယ်ကွင်းလယ်မှာ ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေရရှိမယ်လို့ ရေးသားခဲ့တာဖြစ်ပြီး ၊ ဘစ်ဆူးမားကလဲ အဆိုပါသတင်းကို ပြန်လည်မျှဝေသွားခဲ့တာဖြစ်ပါတယ်။
