ကိုလာစီနက်ကို ဝိတ်လျှော့ချင်နေတဲ့ မာဆေးလ်
မာဆေးလ်အသင်းရဲ့ နည်းပြဆမ်ပါအိုလီဟာ အာဆင်နယ်ကစားသမားဟောင်း ကိုလာဆီနက်ကို နေရာပေးနိုင်ဖို့ အခြေအနေမရှိတာကြောင့် ထွက်ခွာခွင့်ပေးသွားမှာဖြစ်တယ်လို့ Foot Mercato ကဖော်ပြလာပါတယ်။ ကိုလာစီနက်ဟာ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှ့တုန်းက အသင်းကနေ ထွက်ခွာသွားခဲ့တာဖြစ်ပြီး ပြင်သစ်မြေမှာလည်း ပွဲထွက်ခွင့်အလွန် နဲပါးခဲ့တာဖြစ်ပါတယ်။
အသင်းက မလိုအပ်တော့တာ လီနိုကိုယ်တိုင်သိထားကြောင်း သတင်းထောက်ထုတ်ပြောလာ
Daily Star ရဲ့ သတင်းထောက်ဖြစ်သူ ပေါလ်ဘရောင်းက နည်းပြအာတီတာဟာ ဂိုးသမားလီနိုအပေါ် ယုံကြည်မှုမရှိတော့ကြောင်းနဲ့ ကစားသမားကိုယ်တိုင်ကလည်း ဒါကိုနားလည်ထားကြောင်း ပြောပြလာခဲ့ပါတယ်။
“ အာတီတာက သူ့ကို ယုံကြည်ပြီး ကွင်းထဲထည့်ဖို့ အကြောင်းမရှိတော့ပါဘူး .. သူ့အနာဂတ်က အသင်းမှာမရှိတော့ဘူးဆိုပါတော့ .. ဒါကိုသူလည်းသိထားပါတယ် “ လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။ လတ်တလောသတင်းများအရ ဘင်ဖီကာ က ခေါ်ယူလိုနေပေမယ့် အာဆင်နယ်တောင်းဆိုတဲ့ ပေါင် ၈.၅ သန်းကိုပေးချေဖို့အစီအစဥ်မရှိတာဖြစ်ပါတယ်။

မာကွင်ဟို့စ် ဆေးစစ်မှုခံယူတော့မယ်
အသင်းကိုရောက်မလာခင်ကတည်းက ကိစ္စတွေရှုတ်ထွေးခဲ့တဲ့ လူငယ်ကစားသမား မာကွင်ဟို့စ်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အမ်းမရိတ်မှာ ဆေးစစ်မှုခံယူတော့မှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ဘရာဇီးလူငယ်နဲ့ပတ်သတ်ပြီး ဝုဗ်အသင်းက သူတို့နဲ့ အကြိုသဘောတူထားပြီးဖြစ်တယ်လို့ စောဒကတက်ခဲ့ပေမယ့် ဆာအိုပေါ်လိုဖက်က ငြင်းဆိုထားခဲ့ပါတယ်။ အာဆင်နယ်တို့ဟာ အလွတ်နဲ့ရနိုင်ခဲ့တဲ့ကစားသမားကို ပေါင် ၃.၅ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အသင်းခေါင်းဆောင်သစ်က ဘန်ဝှိုက်လို့ မာဆင်ခန့်မှန်း
အာဆင်နယ်ဂန္တဝင် ပေါလ်မာဆင်က အာတီတာရဲ့ နောက်ထပ် အသင်းခေါင်းဆောင် ရွေးချယ်မှုဟာ ဘန်ဝှိုက်ဖြစ်နိုင်ကြောင်း SportSkeeda အတွက်ရေးသားတဲ့ဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
“ အာဆင်နယ်အသင်းခေါင်းဆောင်သစ်က ဘန်ဝှိုက်ဖြစ်နိုင်ပါတယ် .. အသင်းအတွက် ကွင်းတွင်း ကွင်းပြင် ဦးဆောင်မှုပေးနိုင်တဲ့ ကစားသမားလိုအပ်နေပါတယ် .. ဘန်ဝှိုက်က အဲ့ဒီလိုအပ်ချက်တွေအတွက် ပြည့်စုံတဲ့သူပါ “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။
ဖီအိုရင်တီးနားလက်နှေးနေချိန်မှာ တော်ရဲရားကိ လိုချင်သူတွေများလာ
ဖီအိုရင်တီးနားနဲ့ အပြောင်းအရွေ့ဖြစ်မြောက်ဖို့ အခက်အခဲဖြစ်နေတဲ့ လူးကပ်စ်တော်ရဲရားကို လာဇီယိုအသင်းကလဲစိတ်ဝင်စားမှု ပြသလာကြောင်း အီတလီဖက်က သတင်းတွေမှာ ဖော်ပြလာကြပါတယ်။ အငှားနဲ့ခြေစွမ်းပြနိုင်ခဲ့တဲ့အသင်းဖက်က ပေါင် ၁၂ သန်းပမာဏကို ပေးချေဖို့ အသင့်မဖြစ်ချိန်မှာ စပိန်ကလပ် ဗလင်စီယာအပါအဝင် ပြည်တွင်းအသင်းတစ်သင်းရဲ့ စိတ်ဝင်စားမှုကို ပါထပ်မံရရှိလာခဲ့တာဖြစ်ပါတယ်။