မန်ယူ၊ စပါး၊ အာဆင်နယ်တို့ကို လမ်းဖွင့်ပေးထားဆဲ ဒီဘာလာ

ဒီဘာလာကတော့ ယခုလာမယ့် အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာတော့မှာ ဖြစ်ပြီး ပရီးမီးယားလိဂ် သို့မဟုတ် လာလီဂါမှာ ကစားရလည်း အဆင်ပြေတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ သတင်းအချို့ထွက်လာခဲ့ပေမယ့် အခုအချိန်ထိတော့ အာဂျင်တီးနားသားဟာ ဘယ်ကိုသွားမယ် မသိသေးပါဘူး။

“ ပရီးမီးယားလိဂ်အကြောင်းကို သိချင်ပါသေးတယ် “ ဆိုလာတဲ့ ကစားသမားဟာ အသက် ၂၈နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဂျူဗင်တပ်စ်မှာ ၂ဝ၁၅ခုနှစ်ကတည်းက ကစားခဲ့သူဖြစ်ကာ ၁၁၅ဂိုးသွင်း၊ ၄၈ကြိမ် ဖန်တီးပေးခဲ့သူပါ။ ဒါ့အပြင် ဒီဘာလာက အီတလီမှာလည်း အရမ်းအဆင်ပြေနေတာကြောင့် ဒီနိုင်ငံကနေတောင် မထွက်ခွာလိုဘူး “ လို့လည်း ESPNသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားတာမို့ သူ့ကို အင်တာမီလန်ကလည်း ကြားဝင်ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပါသေးတယ်။

မန်ယူနည်းပြသစ် အဲရစ်တန်ဟက်က ဒိုင်ဘာလာကို ခေါ်ယူပြီး သူ့ရဲ့အသင်းကို အဆင့်မြှင့်တင်ချင်နေသလို အာဆင်နယ်ကလည်း လာကာဇက်ကို ထွက်ခွာစေလိုက်ပြီမို့ ဒိုင်ဘာလာနဲ့ အစားပြန်ထိုးဖို့ မျှော်လင့်နေတာပါ။

အင်တာမီလန်ကလည်း အီတလီမှာပျော်နေပါတယ်ဆိုတဲ့ ဒီဘားလာကို သူတို့အသင်းက တိုက်စစ်မှုး လော်တာရိုမာတီနက်ဇ်နဲ့ တွဲဖက်ပေးချင်နေတယ်လို့လည်း သတင်းရပါတယ်။ တချိန်က မက်ဆီလက်သစ်လို့ချီးကျူးခံခဲ့ရတဲ့ ဒိုင်ဘာလာကို ဂျူဗင်နည်းပြ အယ်လီဂရီက

သူက နည်းစနစ်နဲ့ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ကစားသမားဖြစ်တစ်ယောက်ပါ .. သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးကာ ပိုကောင်းတဲ့အရည်အသွေးတွေ ညှစ်ထုတ်လို့ရနိုင်ပါသေးတယ် လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အပြောင်းအရွှေ့စျေးကွက်မှာ လက်တွေ့ထက် သတင်းပိုများနေတဲ့ အာဆင်နယ်ဟာ ဘယ်ကစားသမားနဲ့အဆုံးသတ်မလဲကတော့ မှန်းရခက်ဆဲဖြစ်ပါတယ်။  ဒီဘားလားဟာ  အာဆင်နယ်နဲ့ ဆက်စပ်မလား ၊  မဆက်စပ်ဘူးလားကတော့ ပြောရခက်ပေမယ့်  သတင်းခေါင်းစဥ်တွေမှာတော့ ပူးတွဲဖော်ပြနေဆဲဖြစ်ပါတယ်။

မန်ယူ၊ စပါး၊ အာဆင်နယ်တို့ကို လမ်းဖွင့်ပေးထားတဲ့ ဒီဘာလာ

Advertisement

Leave a Reply

%d bloggers like this: